စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ စုဖွဲ့နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – ရေဦးက သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၄ ရက် မနက် ၁၀ နာရီခွဲခန့်က ရေဦးမြို့အနောက်ဘက်ခြမ်းကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်စုဖွဲ့နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဂါဝီပန်းခြံဂိတ်ကနေ ဒရုန်းဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်စစ်ကြောင်းရှိ စစ်ဗိုလ်အပါအဝင် ၆ ယောက်သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း ၊ အမှတ်(၉)တပ်ရင်း ၊ အမှတ်(၁၂)တပ်ရင်း ၊ အမှတ်(၂၀) တပ်ရင်းနဲ့ ဘုတလင် ပကဖ(ဒရုန်းတပ်ဖွဲ့) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ပြည်သူ့ကာကွယ်ရေးတပ်မတော် – ရေဦး

0 Shares:
You May Also Like
Read More

မင်းတပ်မြို့ ခလရ ၂၇၄ ဗဟိုကင်းမှာ ချိတ်ထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဓာတ်ပုံကို ဖြုတ်ချပြီး ခြေထောက်နဲ့ ချနင်း (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ခလရ ၂၇၄ ဗဟိုကင်းမှာ ချိတ်ထားတဲ့ မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို တော်လှန်ရေးရဲဘော်က ဖြုတ်ချပြီး ခြေ ထောက်နဲ့ နင်းနေတဲ့ ရုပ်သံဖိုင်တစ်ခု ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

ခါချဉ်တောင်ပေါ် တက်လာတဲ့ အကြမ်းဖက်စစ်သားတွေ အယောက် ၄၀ ခန့် သေစေခဲ့တဲ့ မိုင်းဆွဲတိုက်ခိုက်မှု (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်ထဲက ပဲခူးရိုးမအတွင်းကို နိုဝင်ဘာ ၂၇ ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါ ချဉ်တောင်ပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ထံက သိရပါတယ်။
Read More

မင်းဘူးခရိုင်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်အစပ်ရှိ ကျေးရွာတွေကို နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြို့ ဘတ်စ်ကားပေါ်မှာ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်ရေးဆက်လက်ပါဝင်ကြဖို့ လှုံ့ဆော်ဟောပြော (ရုပ်/သံ)

ယနေ့ကျရောက်တဲ့ (၁၃၅) ကြိမ်မြောက် မေဒေးနေ့မှာ ရန်ကုန်မြို့မှာ YBS ဘတ်စကားပေါ်မှာ Youths Union - Center လူငယ်များသမဂ္ဂ- ဗဟို က ဦးဆောင်ပြီး စစ်အာဏာရှင်အမြစ်ပြတ်ချေ မှုန်းရေး ဆက်လက်ပါဝင်တိုက်ပွဲပေးကြဖို့ တိုက်တွန်းလှု့ဆော်ခဲ့တယ်လို့ သိရပါတယ်။
Read More

နံရံကို ခေါင်းနဲ့တိုက်သည့် လူငယ်မျိုးဆက်များ

နွေဦးတော်လှန်ရေးအတွင်း လူငယ်တွေဟာ အာဏာရှင် စစ်ဘီလူးတွေလက်ထဲက သူတို့ရဲ့ တိုင်းပြည်ကို ပြန်ကယ်တင်ဖို့ ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။
Read More

မင်းအောင်လှိုင်က အတွေ့အကြုံ ရှိပြီးသားမို့ တာဝန်ပေးရင် သမ္မတလုပ်နိုင်တယ်လို့ ဇော်မင်းထွန်း ပြော (ရုပ်/သံ)

ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ကျားဖြန့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ မင်းအောင်လှိုင် သမ္မတ လုပ်နိုင်တယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။