မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ Voice Of Mandalay အဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၁၆ ရက် ဒီနေ့လယ် ၂ နာရီကျော်လောက်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးက မတ္တရာအရှေ့မြောက်ခြမ်းရှိ ဋီကာ စာသင်ကျောင်းအနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် စစ်ရှောင် ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

“ဋီကာ ကတော့ အထိအခိုက်ရှိပေမယ့် နည်းတယ်ဗျ။ စစ်ဘေးရှောင် ၂ ဦးလို့ ကြားပေမယ် စိုးရိမ်စရာ မရှိပါဘူး။ အဲ့ကျောင်းက ပိတ်ထားတာ ကြာပြီ။ စစ်ဘေးရှောင်တွေ ထားထားတယ် ကြားတယ်” လို့ Voice Of Mandalay တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တချိန်တည်းမှာပဲ အရှေ့မြောက်ကနေ အနောက်ဘက်ကို တက်လာတဲ့ စစ်ကော်မရှင် ဂျက်ဖိုက်တာတစ်စီးဟာ ဥက္ကံရွာ အနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဝပ်ရှော့ဆိုင်ထဲ ကျရောက်ပေါက်ကွဲပြီး ၃ယောက် သေဆုံးကာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“နေအိမ်တွေကတော့ ထိခိုက်မှု မရှိဘူး။ ဒေသခံတွေကတော့ စစ်ရှောင်ပြည်သူတွေဖြစ်တဲ့အတွက် ကြောက်နေကြပါတယ်။ ဒီထက်ရှောင်ရင်လည်း နေစရာကို မရှိတော့ပါဘူး။ ဥက္ကံနားကရွာကတော့ အရင်တစ်ခါ လယ်ကွင်းထဲ ပစ်ခံရဖူးတယ်ဗျ။ ဒါပါပဲ” လို့ Voice Of Mandalay တာဝန်ရှိသူက ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာ ၁၅ ရက် ည ၁၁ နာရီကျော်လောက်ကလည်း Y12 ထောက်ပို့လေယာဥ်နဲ့ ဆည်တော်အနီးတဝိုက်ကို ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

(ဓာတ်ပုံ VOM)

0 Shares:
You May Also Like
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ မုံရွာခရိုင် အမှတ် ၃ တပ်ရင်းက ရဲဘော် ၇ ယောက် ကျဆုံးခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင် အမှတ်(၃)တပ်ရင်းက ရဲဘော်(၇) ယောက်က ဖက်ဒရယ်ဒီမိုကစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကလေးမှာ စစ်မှုထမ်းဖို့ လူငယ် ၁၈၀ ကျော် ဖမ်းဆီးခံရ

ကလေးမြို့နယ်မှာ စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်းဆီးခံရသူ လူငယ် ၁၈၅ ဦးရှိပြီး တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခံနေရတယ်လို့  ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။
Read More

နမ့်ခမ်းနဲ့ လောက်ကိုင်ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

MNDAA နဲ့ TNLA တို့ထိန်းချုပ်ထားတဲ့ နမ့်ခမ်းနဲ့ လောက်ကိုင်မြို့တို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နတ်မောက်မြို့နယ်ထဲ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အထိနာခဲ့တယ်လို့ နတ်မောက်ဂဠုန် PDF ထံက သိရပါတယ်။
Read More

၂၀၂၅ ခုနှစ် Right Livelihood ဆုရှင်အဖြစ် Justice For Myanmar ရွေးချယ်ခံရ

Justice For Myanmar (JFM) အဖွဲ့က ၂၀၂၅ ခုနှစ်အတွက် Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) ရရှိသူအဖြစ် ရွေးချယ်ခံခဲ့ရပြီး အဆိုပါဆုဟာ စစ်ရာဇဝတ်ဂိုဏ်း ဖျက်သိမ်းရေး မြန်မာလူထုရဲ့ ကြိုးစားရုန်းကန်နေမှုကို ဖော်ကျူးလိုက်တာဖြစ်တယ်လို့ JFM က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျဆုံးရဲဘော်များ၏ မိသားစုကို စောင့်ရှောက်နိုင်ရေး၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရသည့် ရဲဘော်များကို တစ်သက်စာ တာဝန်ယူနိုင်ရေးအတွက် ဥပဒေပြဌာန်းနိုင်ရန် လုပ်ဆောင်နေကြောင်း NUG ပြော

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရင်း အသက်နဲ့ ခန္ဓာ ပေးဆပ်စွန့်လွှတ်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေအတွက်၊ ရဲဘော်တွေရဲ့ မိသားစုဝင်တွေအတွက် ဥပဒေတစ်ခု ပြဌန်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောပါတယ်။ ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် NUG လက်ထက်မှာသာမက နောင်အနာဂတ်မှာပါ တာဝန်ယူပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောခဲ့ပါတယ်။