တနင်္သာရီတိုင်း၊ ကော့သောင်းနဲ့ ခမောက်ကြီးမြို့နယ်မှာ ရေကြောင်းလမ်းအတိုင်း စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်တပ်ကို ၂ ရက်ဆက်တိုက်ခိုက်ရာ စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကိုပြောပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ခမောက်ကြီးမြို့နယ်၊ ယုဇနကုမ္ပဏီ ဆီအုန်းပျိုးခင်းကနေ ခမောက်ငယ်ကျေးရွာဘက်ဆီ အင်အား ၃၀ ခန့်ပါ စက်လှေငယ် ၂ စင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် လှေ ၁ စင်း နစ်မြုပ်ကာ လိုက်ပါလာတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့သလို ကျန်တဲ့ လှေ ၁ စင်းကလည်း ကမ်းနားပြန်ကပ်သွားပြီး တော်လှန်ရေးတပ်တွေကို ပြန်လည်ပစ်ခတ်ရာ နှစ်ဖက်ထိတွေ့မှု အချိန် ၁ နာရီနီးပါး ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယုဇနကုမ္ပဏီ ဆီအုန်းပျိုးခင်းအတွင်း ကျန်နေခဲ့တဲ့ စစ်အုပ်စုတွေကလည်း တိုက်ပွဲဖြစ်ရာဆီ လက်နက်ကြီး ၁၂၀၊ ၈၁ မမတွေ ပစ်ခတ်တာမျိုးရှိခဲ့တယ်လို့ သိရပါတယ်။

ကော့သောင်းပကဖ ထုတ်ပြန်ထားသည့် စစ်အုပ်စု၏ သေဆုံးအလောင်းများ

“ယုဇနဆီအုန်းပျိုးခင်းဆိုတာ သူတို့ (စခ) က အမြဲထိုင်တာတော့မဟုတ်ဘူး။ စစ်ကြောင်းထိုးဖို့ စုရပ်နေရာမျိုးပေါ့။ ကော့သောင်း ခမရ ၂၆၂ က ကောင်တွေ အဓိကပေါ့။ ပွဲဖြစ်တဲ့အချိန်မှာ လှေတစ်စင်းပဲမြုပ်ပြီး ကျန်၁စင်းက ကမ်းကိုထိုးကပ်တယ်။ ကမ်းပေါ်ကနေ ပစ်အားကောင်းကောင်းနဲ့ ပြန်ပစ်တယ်ပေါ့။ လက်နက်ကြီးပစ်ကူတွေလည်းရှိတော့ ကျနော်တို့ လက်နက်ကောက်ဖို့လည်း အခွင့်မသာခဲ့ဘူး” လို့ ကော့သောင်းခရိုင် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကိုပြောပါတယ်။

နောက်တစ်နေ့ စက်တင်ဘာလ ၁၀ ရက် မနက်ပိုင်းမှာလည်း ကော့သောင်းမြို့ကနေ ရေကြောင်းလမ်းအတိုင်း စစ်ကူလာတဲ့ အင်အား ၅၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ မလိဝမ်းကျေးရွာ၊ ဆယ်အိမ်စုနားမှာ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဆက် ဖြစ်ပွားခဲ့ပါတယ်။

ထိတွေ့တိုက်ပွဲတွေဟာ အချိန် ၃ နာရီနီးပါး ကြာမြင့်ခဲ့ပြီး စစ်အုပ်စုဘက်က သေဆုံးဒဏ်ရာရရှိသူတွေ များပြားခဲ့တာကြောင့် ကော့သောင်းမြို့ရှိ ဆေးရုံတွေနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ သွားရောက်ကုသနေရကြောင်း သိရပါတယ်။

“တိုက်ပွဲက ၂ ရက်၊ ၃ ကြိမ် ဖြစ်တယ်။ သူတို့အသေအပျောက်ကို အတိအကျမသိရဘူး။ အလောင်းတွေတော့တွေ့ရတယ်။ သေချာတာတော့ ထိခိုက်ဒဏ်ရာရတာများတယ်။ နောက်ပိုင်းသတင်းတွေအရဆို ထိုင်းဘက်မှာ ၇ ကောင် ဆေးသွားကုနေရတယ်။ ခမောက်ကြီးနဲ့ ကော့သောင်းဆေးရုံတွေမှာ ကုသနေရတာတွေ၊ မြိတ်ဆေးရုံကို ပို့လိုက်တာတွေလည်း ရှိတယ်ပေါ့နော်။ လက်ရှိ ကော့သောင်း ခမောက်ကြီးစစ်တပ်ထဲမှာလည်း နာရေးတွေဆက်တိုက်ရှိနေတာ ဘုန်းကြီးတွေလည်း မနားရဘူးပေါ့” လို့ ရဲဘော် ကျားကြီးက မောင်းကိုပြောပါတယ်။

ကော့သောင်းပကဖ ထုတ်ပြန်ထားသည့် စစ်အုပ်စု၏ သေဆုံးအလောင်းများ

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲလုပ်ဆောင်ဖို့ အချိန်နီးကပ်လာတာနဲ့အမျှ ကော့သောင်းခရိုင်အတွင်း ကော့သောင်းနဲ့ ခမောက်ကြီးမြို့နယ်တွေမှာလည်း စစ်အုပ်စုက မြို့အဝင်အထွက် လုံခြုံရေးတင်းကြပ်တာ၊ လမ်းပိုင်းကင်းပုန်းဝပ်တာတွေအပြင် နယ်မြေအတွင်း စစ်ကြောင်းထိုးလှုပ်ရှားတာတွေ ရှိနေတာဖြစ်ပါတယ်။

ကော့သောင်းခရိုင် ပကဖ အပါအဝင် ဒေသတွင်းလှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ခေါင်းဆောင်ရဲ့ အတုယောင်ရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ ကန့်ကွက်တိုက်ဖျက်သွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြမယ့် အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကိုလည်း ပကဖ လုပ်ထုံးလုပ်နည်းအတိုင်း ထိထိရောက်ရောက် အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။

ကော့သောင်းပကဖ ထုတ်ပြန်ထားသည့် စစ်အုပ်စု၏ သေဆုံးအလောင်းများ
0 Shares:
You May Also Like
Read More

ပြည်မှာ လူနာစောင့် အမျိုးသား၂ ယောက်ကို စစ်တပ်က စစ်မှုထမ်းဖို့ လာရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်မြို့၊ ကုတင် ၅၀၀ ဆေးရုံမှာ လူနာစောင့်နေတဲ့ အမျိုးသား ၂ ယောက်ကို စစ်တပ်က စစ်မှုထမ်းဖို့အတွက် လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀…
Read More

မြောင်းမြထောင်တွင် အာဏာပိုင်များ ငွေကြေးတောင်းခံခြင်းနှင့် အကြမ်းဖက် ရိုက်နှက်မှုများ လုပ်ဆောင်နေ

ဧရာဝတီတိုင်း၊ မြောင်းမြအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို အိပ်ဆောင်အတွင်း အကြောင်းပြချက်မရှိ ငွေကြေးတောင်းယူကာ အခန်းလူကြီးတွေကို ခွဲခြမ်းပေးခြင်းဖြင့် အနိုင်ကျင့်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ်အပါ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ နတ်မှော်ဦးရွာကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်အရွယ် ကလေး ၁ ယောက် အပါအဝင် ၅ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

နမခကနေ စစ်ကိုင်းဘက်လာတဲ့ သံချပ်ကာ စစ်ယာဥ်တန်းမိုင်းဆွဲခံရပြီး ၇ ယောက် သေ

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာ နမခကနေ စစ်ကိုင်းဘက်ကို ထွက်ခွာလာတဲ့ စစ်​ကောင်စီသံချပ်ကာယာဥ်တန်းကို ချောင်းဦး- မြင်းမူလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ရာ ကား၂ စီး ထိခိုက်ပြီး အကြမ်းဖက်စစ်သား ၇ ယောက် သေဆုံးကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ ၊ လျှပ်စီးတပ်ခွဲတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

TNLA စိုးမိုးနယ်မြေများတွင် ဧပြီ တစ်လတာအတွင်း စစ်ကျန်လက်နက်ပစ္စည်းများကြောင့် အရပ်သား (၁)ဦး သေဆုံးပြီး ကလေးငယ်အပါ (၄)ဦး ထိခိုက်ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးထားတဲ့ မြို့နယ်တွေမှာ ဧပြီလတစ်လအတွင်း မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကြောင့် အရပ်သား (၁) ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စက်တင်ဘာလ ပထမပတ်အတွင်းမှာပင် ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးထား

စက်တင်ဘာလ ပထမပတ်အတွင်း စစ်ကောင်စီ တောင်ပိုင်းတိုင်းဒေသအတွင်း ပြည်သူ ၃ဦးကို ရှင်းလင်းခဲ့ပြီး ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးထားကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။