ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ၊ ထောင်ဖာဖုမ်မှာ မြန်မာပြည်ကနေ တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၁၁၀ ကျော်ကို အာဏာပိုင်တွေက စက်တင်ဘာလ ၁၆ ရက်မှာ ထပ်မံ ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံကို  မြန်မာလုပ်သားတွေ ကားတွေနဲ့ တရားမဝင် ဝင်ရောက်မှာကို စက်တင်ဘာလ ၁၅ ရက် ည ၁၀ နာရီခန့်မှာ ထောင်ဖာဖုမ်ခရိုင်အုပ်ချုပ်ရေးအရာရှိက သတင်းရရှိခဲ့ပြီး အထူးအဖွဲ့ဖွဲ့စည်းကာ ကင်းလှည့်စစ်ဆေးခဲ့ကြောင်း၊ စက်တင်ဘာလ ၁၆ ရက် မနက် ၁ နာရီခန့်မှာ အာဏာပိုင်တွေက မီးပိတ်ထားတဲ့ ကား ၃ စီးနဲ့ လူတစုကို တွေ့ရှိခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

ထိုင်းအာဏာပိုင်တွေ ချဉ်းကပ်ချိန်မှာတော့ ကားမောင်းသမားတွေက ထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါ ဆလွန်းကား ၂ စီး၊ တွဲကား ၁ စီးနဲ့ ရွှေ့ပြောင်းမြန်မာ အမျိုးသား ၃၁ ယောက်၊ အမျိုးသမီး ၂၁ ယောက်နဲ့ အသက် ၂ နှစ်အရွယ် ကလေးငယ်တယောက်ပါဝင်တဲ့ လူအုပ်စုကို ဖမ်းဆီးခဲ့ကြကြောင်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

အဲဒီဖမ်းဆီးမှုကတဆင့် အာဏာပိုင်တွေဟာ နောက်ထပ် ဗန်ကား ၃ စီးနဲ့ လူတွေ ဦးတည်လာရောက်မယ့်အကြောင်း ထပ်မံသတင်းရရှိခဲ့တာကြောင့် အနီးကပ် လိုက်လံစောင့်ကြည့် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေအတွင်း အာဏာပိုင်တွေဟာ တရားမဝင်ရွှေ့ပြောင်း အမျိုးသား ၇၃ ယောက်၊ အမျိုးသမီး ၃၈ ယောက်နဲ့ ကလေးငယ် ၂ ယောက် အပါအဝင် စုစုပေါင်း ၁၁၃ ယောက် ဖမ်းဆီးခဲ့ကြောင်း သတင်းမှာဖော်ပြထားပါတယ်။

စကားပြန်ကတဆင့် သူတို့ကို စစ်ဆေးရာမှာ ဘုရားသုံးဆူ တောလမ်းကတဆင့် လာရောက်ကြောင်း၊ အဲဒီနောက် လှေစီးပြီး စံခလဘူရီကို ရောက်ရှိလာကြောင်း၊ အယုဒ္ဓယနဲ့ ဆူရတ်ဌာနီကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ဖြစ်ကြောင်းနဲ့ ခရီးအကွာအဝေးပေါ် မူတည်ပြီး တယောက်ကို ပွဲစားခ ၁၅၀၀၀-၂၀၀၀၀ ဘတ်အထိ ပေးဆောင်ရကြောင်း ထွက်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အာဏာပိုင်တွေဟာ သူတို့အားလုံးကို တရားမဝင် ဝင်ရောက်မှု၊ နေထိုင်မှုတို့အတွက် အမှုဖွင့်ဖို့ လုပ်ဆောင်ခဲ့ကြောင်း၊ သူတို့ကိုခေါ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား ၂ ယောက်ကိုလည်း တရားမဝင် ဝင်ရောက်သူတွေကို ဖမ်းဆီးမှုမှ ရှောင်တိမ်းနိုင်အောင် ကူညီခြင်းနဲ့ ဖုံးကွယ်ခြင်းတို့အတွက် အမှုဖွင့်ဖို့ လုပ်ဆောင်နေကြောင်း သိရပါတယ်။ 

အလားတူ အာဏာပိုင်တွေရဲ့ စစ်ဆေးရေးအတွင်း စံခလဘူရီ၊ ရန်သီတံတား စစ်ဆေးရေးဂိတ်မှာ တရားမဝင်ရွှေ့ပြောင်း နောက်ထပ် ၁၄ ယောက် ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေ ယိုယွင်းလာတာကြောင့် မြန်မာပြည်သူတွေဟာ ထိုင်းနိုင်ငံကို တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှု ပိုမိုတိုးပွားလာနေတာလည်း ဖြစ်ပါတယ်။ 

အခုသီတင်းပတ်အတွင်း မြန်မာကနေ ဘုရားသုံးဆူ-ကန်ချနဘူရီနယ်စပ်ကတဆင့် ထိုင်းနိုင်ငံထဲ ဝင်ရောက်ဖို့ကြိုးစားခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်း ၂၀၀ ကျော် ရှိနေပြီလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ ထိုင်းဘက်မှ စတင်ခြင်းမဟုတ် ဟု ထိုင်းသံရုံးထုတ်ပြန်

လက်ရှိဖြစ်ပွားနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ပြဿနာနဲ့ ပစ်ခတ်မှုတွေမှာ ထိုင်းနိုင်ငံဘက်က စတင်ခြင်းမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက မနေ့က ထုတ်ပြန်ပါတယ်။
Read More

တရားမဝင် မြန်မာလုပ်သားများကို မြန်မာစစ်တပ်ထံ ပြန်လည်မပို့ဆောင်ရန် ထိုင်းအစိုးရကို CRPH တောင်းဆို 

ထိုင်းအစိုးရအနေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်တပ်ထံ ပြန်မပို့ဘဲ NUG ၊ CRPH နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေထံ လွှဲပြောင်းပေးဖို့ CRPH နဲ့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာစစ်တပ် ဆုံးရှုံးနယ်မြေတချို့ ပြန်ရယူခဲ့ကြောင်း အစိရင်ခံစာပြော၊ နယ်မြေအများစုကို တော်လှန်ရေးတပ်များက ဆက်လက်ထိန်းချုပ််ထားဆဲဟု သုတေသီဆို

မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ငါးနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအဖွဲ့များထံ ဆုံးရှုံးခဲ့ရတဲ့ နယ်မြေအချို့ကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း အစီရင်ခံစာတရပ်မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ နယ်မြေအများစုကတော့ တော်လှန်ရေးအင်အားစုတွေရဲ့ လက်ထဲမှာ ဆက်ရှိနေဆဲဖြစ်တယ်လို့ သုတေသီက ဆိုပါတယ်။
Read More

မြန်မာပြည်သူတွေဟာ ကုလအပေါ် မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ လျော့ပါးသွားပြီဟု ဦးကျော်မိုးထွန်း ပြော

မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂအပေါ် မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ လျော့ပါးလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ်ဟောင်း ပေထုန်တန်ရှင်နာဝပ် ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်

ရာထူး ရပ်ဆိုင်းခံခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ပေထုန်တန်ရှင်နာဝပ်က မိခင်ပါတီဖြစ်တဲ့ ဖွေထိုင်းပါတီ ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်လိုက်ပြီဖြစ်တယ်လို့ ထိုင်း သတင်းဌာနတွေမှာ ဒီနေ့ သတင်း ဖော်ပြထားပါတယ်။
Read More

မြန်မာပြည်က လိမ်လည်လုပ်ငန်းတစ်ခုမှာ ပိတ်မိနေတဲ့ ဟောင်ကောင်နိုင်ငံသားတစ်ဦးကို ဒေါ်လာ ၃၀,၀၀၀ ဖြင့် ပြန်ရွေးခဲ့ရ

မြန်မာနိုင်ငံက လိမ်လည်လုပ်ငန်းတစ်ခုကနေ ဟောင်ကောင်နိုင်ငံသားတစ်ယောက် ဘေးကင်းစွာ အိမ်ပြန်နိုင်ခဲ့ပြီး အသက်ပြန်လျက် ပြန်လာနိုင်စေရေးအတွက် မိသားစုက ပြန်ပေးငွေများစွာ ပေးခဲ့ရကြောင်း သူတို့ကို ကူညီခဲ့တဲ့ ခရိုင်ကောင်စီဝင်ဟောင်းတစ်ယောက်က ပြောဆိုခဲ့တယ်လို့ South China Morning Post က ရေးထားပါတယ်။