ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်ရှိ မြို့နယ်ထွေအုပ်ရုံးနဲ့ ယာဥ်ထိန်းရဲတပ်ဖွဲ့ရုံးကို လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Operation Flame တပ်ဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၁၄ရက် မနေ့က မနက် ၁နာရီခွဲဝန်းကျင်မှာ မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံအနီး၊ ပင်လုံလမ်း (စုပေါင်းရုံးလမ်း) မှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ အမှတ် (၆) ယာဥ်ထိန်းရဲတပ်ဖွဲ့ရုံးတို့ကို တချိန်တည်းမှာပဲ လက်ပစ်ဗုံးတွေ ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“၂ရုံးကို တပြိုင်တည်း၊ ၁ရုံးကို လက်ပစ်ဗုံး ၂လုံးသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ၊ အဲ့မှာ စုပေါင်းရုံးနေရာဖြစ်တော့ အဲ့မှာ ထွေအုပ်၊ ဘဲဥ အကုန်ပါတယ်။ ရွေးကောက်ပွဲအတုအတွက် ခွေးပတ်ကင်းတွေရှောင်ရင်းနဲ့ သူတို့လစ်တဲ့အချိန်ချောင်းရင်း အဲ့အချိန် လစ်မှ လုပ်ဖြစ်လိုက်တာပါ” လို့ Operation Flame တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။

အဆိုပါ ရုံးတွေကို သွားရောက်တိုက်ခိုက်ဖို့ ၁လခွဲလောက် အချိန်ယူခဲ့ရပြီး Operation Flame ရဲ့ “Fire Power” အထူးစစ်ဆင်ရေး စစ်ရေးပစ်မှတ်တွေအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဦးစီးဦးဆောင်ပြုလုပ်နေတဲ့ မြောက်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပြည်သူများအား မတရားဖမ်းဆီး ဆက်ကြေးကောက်နေကြတဲ့ အမှတ်(၆) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးကို စစ်ရေးပစ်မှတ်များအဖြစ် တိုက်ခိုက်ခဲ့တာပါ” လို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။

“Fire Power” အထူးစစ်ဆင်ရေး စစ်ရေးပစ်မှတ်တွေအဖြစ် တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိနိုင်သလို ထွေအုပ်ရုံးလည်း ထိမှန်ပျက်စီးသွားတယ်လို့ သိရပြီး ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Operation Flame အနေနဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝ လက်မခံဘဲ ရန်ကုန်တော်လှန်ရေးမဟာမိတ် အားလုံးနဲ့ လက်တွဲကာ အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မိုးကုတ်မြို့တွင် အကြမ်းဖက်စစ်တပ် ကြက်ခြံကိုပါ လေကြောင်းမှ ဗုံးများ ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ဘုရားသုံးဆူကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်ပသွားရောက် အလုပ်လုပ်ကိုင်မှုကို အရေအတွက်ဖြင့် ကန့်သတ်ကာ ပြည်တွင်းမှာလည်း ကြီးပွါးတိုးတက်နိုင်သည်ဟု မင်းအောင်လှိုင် ပြော

ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်လိုသူ များပြားနေချိန် အကြမ်းဖက်စစ်ကောင်စီက လစဥ် အရေအတွက် အကန့်အသတ်နဲ့သာ ခွင့်ပြုပြီးတဲ့နောက် ပြည်တွင်းမှာသာ အလုပ်လုပ်ကြဖို့ အကြမ်းဖက် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုထားပါတယ်။
Read More

ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အပတ်စဥ် (၃) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ရဲ့ အပတ်စဥ် (၃) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဘေး ကြုံတွေ့နေရစဉ် လေကြောင်းတိုက်ခိုက်နေသည့် စစ်ကောင်စီကို နိုင်ငံတကာ အရေးယူပေးဖို့ NUCC တောင်းဆို

နိုင်ငံတစ်ဝန်း ငလျင်ဘေးနဲ့ ကြုံတွေ့နေရစဉ် အာဏာသိမ်းစစ်ကောင်စီက လေကြောင်းတိုက်ခိုက် မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာကြောင့် နိုင်ငံတကာကနေ လက်တွေ့ အရေးယူဆောင်ရွက်ပေးဖို့  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
Read More

ရှမ်းတောင်မှ PDF တပ်ရင်း ၂ ခု NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နုတ်ထွက်ပြီး စုဖွဲ့မှုပုံစံအသစ် လုပ်မည်

ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခြေစိုက်လှုပ်ရှားတဲ့ အမှတ် (၁၀၀၅) တပ်ရင်း (SSPDF) နဲ့ အမှတ် (၁၀၀၈) တပ်ရင်း (SSRY) တို့ဟာ  အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း တပ်ရင်းနှစ်ခုလုံးက အသိပေးထုတ်ပြန်ပါတယ်။
Read More

နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးမှုများ ရှိနေသည့် မန္တ​လေးတွင် “အကြောက်တရားကို ဖိနပ်နဲ့နင်း၊ အာဏာရှင်ကို ဂန်းနဲ့ဗျင်း” စာသားချိတ်ဆွဲ ဆန္ဒပြ

စစ်မှုထမ်းဥပဒေအတွက် ပေါ်တာဆွဲ မဲနှိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ မန္တလေးမြို့မှာ "အကြောက်တရားကို ဖိနပ်နဲ့နင်း၊ အာဏာရှင်ကို ဂန်းနဲ့ဗျင်း" ဆိုတဲ့ စာတန်းကို ချိတ်ဆွဲရင်း ပြည်သူတွေအကြောက်တရားမရှိစေဖို့ နှိုးဆော်သတိပေးခဲ့တယ်လို့ Voice Of Mandalay အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။