မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာမှာ ငွေတုထုတ်စက်တွေနဲ့ ပိုက်ဆံထုတ်ယူ သုံးစွဲနေတဲ့ အမျိုးသမီးကို စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ မမြူလင်းလင်း ဆိုသူက ကားဝယ်ယူချိန် ပိုက်ဆံအတုတွေနဲ့ ပေးချေတာကို ဖမ်းဆီးရမိပြီးတဲ့နောက် သူမရဲ့ နေအိမ်ကို စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးရာမှာ ငွေတုထုတ်စက်တွေကို ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

“သူက ငွေအတုတွေနဲ့ ကားသွားဝယ်တာ.. အဲ့မှာမိတာပဲ။ ရဲစခန်း အကြောင်းကြားတယ်။ နောက် သူ့အိမ်လိုက်စစ်တော့ စက်တွေပါ တွေ့တယ်ပေါ့။ ဖြစ်စဉ်ကတော့ အဲ့လိုပါပဲ” လို့ ဖြစ်စဉ်ကို သိတဲ့ ဒေသခံက မောင်းကို ပြောပါတယ်။

လက်ရှိမှာ အဆိုပါအမျိုးသမီးကို ရေးမြို့မရဲစခန်းကနေ (ပ)အမှတ် ၃၁ /၂၀၂၅ နိုင်ငံတော်ဗဟိုဘဏ်ဥပဒေနဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ကနဦး သိရပါတယ်။

နောက်ထပ်ဒေသခံတယောက်ကလည်း “သူက နှစ်ကရင်ရွာခံလည်း မဟုတ်ဘူး။ ပြောင်းလာတာ ၆ လ ဝန်းကျင်လောက်ပဲ ရှိသေးတယ်။ အိမ်ငှားနေပြီး အထည်ဆိုင်လေး ဖွင့်ထားတာ… အဲ့လိုပေါ့လေ။ အရပ်ထဲမှာတော့ သူက ရခိုင်ကနေ စစ်ရှောင်လာတာလို့တော့ သိထားကြတာ …ဟုတ်မဟုတ်ကတော့ ကျနော်တို့လည်း မသိဘူးပေါ့နော်” လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေးကျဆင်းမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်လာနေပြီး ငွေအတု သုံးစွဲမှုတွေလည်း တနေ့တခြား များပြားလာနေပါတယ်။ facebook၊ Telegram၊ Tik Tok စတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း “ငွေတုဖြန့်ဖြူးရေး၊ ငွေတုရောင်းဝယ်ရေး” စတဲ့ တရားမဝင် လုပ်ငန်းတွေကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေကြပေမယ့် အာဏာသိမ်းစစ်ကော်မရှင်က ထိထိရောက်ရောက် နှိမ်နင်းနိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။

(ဓာတ်ပုံ စစ်ကော်မရှင် ဝါဒဖြန့်ချန်နယ်များ)

0 Shares:
You May Also Like
Read More

စလင်းတွင် လှည့်ကင်းထွက်လာသည့် စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်၊ စစ်တပ်က ထိခိုက်သေဆုံးမှုများရှိ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့မှုဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကနီမြို့နယ် သမင်ခြံကျေးရွာတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကနီမြို့နယ် သမင်ခြံစံပြကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်လေယာဥ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မအူပင်မှာ တော်လှန်ရေးတပ်ဖွဲ့များနဲ့ ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသူများထဲက ၇ ယောက် စစ်မှုထမ်းပို့ဆောင်ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရသူတွေထဲကနေ လူငယ် ၇ယောက်ကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းကျောင်းကိုပို့ဆောင်လိုက်ကြောင်း စစ်တပ်နဲ့နီးစပ်တဲ့သူတွေထံက သိရပါတယ်။
Read More

သရက်ကန်ပျူရွာကို ဝင်ရောက်တိုက်ခိုက်မှုမှာ အရပ်သား ၄၀ ကျော် တော်လှန်ရေးတပ်တွေဆီ ခိုလှုံလာခဲ့ပြီး စစ်အုပ်စုတွေ တချို့ထွက်ပြေး၊ တချို့သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ သရက်ကန်ပျူရွာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က အသေအပျောက်ရှိသလို တချို့တစ်ဝက်ကတော့ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။
Read More

မြိုင်မှာ ရဲ ၁ ယောက်ကို ရှင်းလင်းခဲ့သူတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် လက်နက်နဲ့တကွ ပကဖထံ ထွက်ပြေးခိုလှုံ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရဲ၁ယောက်ကို ပစ်ခတ်ရှင်းလင်းပြီး အလင်းဝင်လာသူတွေအပါအဝင် စစ်​ကောင်စီတပ်သား၄ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ခိုလှုံလာကြောင်း မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့ကို ရှမ်းနီတပ် SNA ပြောက်ကျားတိုက်ခိုက်သည့်အပြင် ဒရုန်းဖြင့် ထပ်မံဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အပေါင်းအပါ ရှမ်းနီတပ် SNA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ကသာခရိုင် အမှတ် ၄ တပ်ရင်းထံက သိရပါတယ်။