ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသူကျောင်းသားတွေ သေဆုံးခဲ့တဲ့ဖြစ်စဥ်အတွက် လက်သည်တရားခံ စစ်ကော်မရှင်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှာ တရားစွဲဖို့လိုအပ်ကြောင်း အာဆီယံလွှတ်တော်ကိုယ်စားလှယ်များ လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့ (APHR) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ရက် မနက် ၁နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာရှိ ပညာပန်းခင်းနဲ့ အမြင်သစ် ကိုယ်ပိုင်စာသင်ကျောင်းတို့က ကျောင်းသားကျောင်းသူ အနည်းဆုံး အယောက် ၂၀ သေဆုံးခဲ့ပြီး အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါ ရာဇဝတ်မှုအတွက် မြန်မာစစ်တပ်ကို ICC မှာ တရားစွဲဆိုဖို့ APHR က စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ စစ်တပ်ဟာ ကျောင်းသားကျောင်းသူတွေ အိပ်ပျော်နေတဲ့ ညသန်းခေါင်အချိန်မှာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ အခုလို အရပ်သားတွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ရေးတိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုကြောင်း၊ ပြစ်မှုကျူးလွန်သူတွေကိုလည်း ICC အပါအဝင် နိုင်ငံတကာ ယန္တရားတွေကနေတဆင့် တရားမျှတမှုရအောင် ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနှံ့ အရပ်သားပြည်သူတွေကို သေဆုံးစေတဲ့ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို APHR အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။ APHR ရဲ့ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့က လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် အာဆီယံနိုင်ငံတွေအနေနဲ့ သရက်တပင်ကျေးရွာ ဖြစ်ရပ်ကို ပေါ့ပေါ့တန်တန် မတွေးကြဘဲ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့လည်း APHR က တောင်းဆိုထားပါတယ်။

(ဓာတ်ပုံ ဝေဟင်အောင်)

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်က ကျွန်းလှမြို့နယ်၊ ဘအင်းသရက်တောရွာကို မီးဝင်ရှို့ပြီး အရပ်သား ၂ယောက်ကို သတ်ကာ၊ ၃ယောက်ကို ဖမ်းခေါ်သွား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက ဘအင်းသရက်တောရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အရပ်သား၂ယောက်ကို ပစ်ခတ်သတ်ဖြတ်ကာ ၃ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကပြောပါတယ်။
Read More

အခွန်နဲ့ ဆက်ကြေးကောက်ခံတာတွေ လုပ်ဆောင်နေခြင်း မရှိဘူးလို့ ဒေါနတပ်ရင်း အသိပေး

ပြည်သူတွေကို ဝန်ထုတ်ဝန်ပိုးဖြစ်စေမယ့် အခွန်နဲ့ ဆက်ကြေးကောက်ခံတာတွေ လုံး၀လုပ်ဆောင်နေခြင်း မရှိဘူးလို့ တောင်ပိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲအမှတ်(၃)၊ ဒေါနတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ကလေးငယ်များအပါအဝင် အရပ်သား ၂၂ ဦး သေဆုံးခဲ့သည့် ဒီပဲယင်းမြို့နယ် စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု စစ်ကောင်စီက ဆင့်ပွားပေါက်ကွဲသည့် ဗုံးများ အသုံးပြုခဲ့…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာရှိ စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၂၂ ဦး သေဆုံးပြီး စစ်ကောင်စီက ဆင့်ပွားပေါက်ကွဲတဲ့ ဗုံးတွေ အသုံးပြုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရဲတပ်ဖွဲ့နေ့တွင် မြဝတီ မြို့နယ်ရဲမှူး ရုတ်တရက် သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်နိုင်ဦးဟာ အောက်တိုဘာ ၁ရက်မှာ ရုတ်တရက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဝက်လက်တွင် အကြမ်းဖက်စစ်ကြောင်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက် စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၂ ရက်ဆက် ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိကာ စစ်ကြောင်းတွေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပေါက်မြို့နယ်တွင် လယ်ရိတ်ဖို့သွားသည့် အမျိုးသား ၃ ဦး စစ်အုပ်စုထောင်ထားသည့်မိုင်း ထိမှန်ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ လယ်ရိတ်ဖို့သွားတဲ့ အမျိုးသား ၃ ယောက်ဟာ အကြမ်း ဖက်စစ်ကော်မရှင် ထောင်ထားတဲ့ မိုင်းထိမှန်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ပေါက်မြို့နယ်ထံက သိရပါတယ်။