Chinland Defense Force, Kalay – Kabaw – Gangaw (CDF – KKG) တပ်ရင်း (၄) ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။

CDF – KKG တပ်ရင်း (၄) က လေ့ကျင့်သင်ကြားပေးတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာ ၁၃ရက်မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲကို CDF – KKG ဥက္ကဌနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ တက်ရောက်ခဲ့ပြီး သင်တန်းသားတွေအတွက် စံပြဆု၊ လက်ဖြောင့်ဆု၊ ဇွဲဆုနဲ့ စစ်ရေးပြ အလှဆုံးဆု အစရှိတဲ့ တစ်ဦးချင်း ထူးချွန်ဆုတွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်သား ၁ ယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ထီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်သား ၁ ယောက်ဟာ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

ကုလစင်မြင့်မှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ဆက်လက်ကိုယ်စားပြုခွင့်ရရေးတောင်းဆို (ဓာတ်ပုံသတင်း)

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ဒီနေ့ စက်တင်ဘာ ၂၂ရက်၊ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၊ Dag Hammarskjold plaza မှာ ပြည်ပရောက်မြန်မာတွေ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
Read More

တောင်ကြီးတွင် ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေကြောင့် အမျိုးသား ၁ ဦး ထောင် ၇ နှစ် ချမှတ်ခံရ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ကာကွယ်ပေးရေး ဥပဒေကြောင့် ဖမ်းဆီးစစ်ဆေးခံရတဲ့ အမျိုးသားကို အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ 
Read More

ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို PDF နှင့် KNLA တိုက်ခိုက်သိမ်းပိုက် ၊ စစ်ကောင်စီတပ်မှ ၁၆ ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းအပြား သိမ်းဆည်းရရှိ…

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ KNLA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီစခန်း​တွေကို တစ်နေ့တည်းမှာ တိုက်ခိုက် သိမ်းပိုက်ရာ လက်နက်ခဲယမ်းအများအပြားရရှိခဲ့တယ်လို့ PDF အမှတ် ၂ စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းတွင် စစ်ကြောင်း၂ ခု ခွဲလာသည့် အကြမ်းဖက်စစ်အုပ်စုနှင့် မင်းဘူးခရိုင်တပ်ရင်း ၅ ထိတွေ့မှု ဖြစ်၊ စစ်ကောင်စီဘက်က ၃ ဦး သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ စစ်ကြောင်း ၂ ခု ခွဲပြီး ဝင်ရောက်လာတဲ့အကြမ်းဖက်စ​​စ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီပစ်မှတ် ၄နေရာကို တပြိုင်နက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်တော်သား ၈ ဦး သေဆုံး မြို့သိမ်းတိုက်ပွဲ၏ ခြေလှမ်းအစ ဖြစ်နိုင်သည်ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ ပြော

"အဓိကကတော့ ၉/ အညာမြ စစ်ဆင်ရေးမှာ ကျနော်တို့က မြို့ပြင်စစ်ဆင်ရေးထက်ကို မြို့ပြ စစ်ဆင်ရေးကို ဦးစားပေး လုပ်ခဲ့တာပေါ့နော်။ မြို့ထဲ စစ်ရေးမစ်ရှင်တွေကို တပြိုင်နက် လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူတွေအနေနဲ့ မြို့တွင်းမှာဆို သူတို့ လုံခြုံနေတယ်ဆိုတာ မဟုတ်ဘူးဆိုတာကို သိစေချင်တာပါ။ ပြီးတော့ ပြည်သူတွေကိုပေါ့နော် မြို့ဆိုတာ သိမ်းလို့ရတယ် ထိန်းဖို့က ခက်နေတာဆိုတဲ့ သတင်းကောင်းကိုလည်း ပေးချင်တာပါ။ ဒီဟာက မြို့သိမ်းတိုက်ပွဲရဲ့ ခြေလှမ်းအစလည်း ဖြစ်သွားနိုင်ပါတယ်" လို့ MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။