စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ် ထောင်ထားတဲ့မိုင်းကို နင်းမိပြီး BNRA တပ်ဖွဲ့ဝင် ရဲဘော် ဗျတ္တ ကျဆုံးခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ထံက သိရပါတယ်။

စက်တင်ဘာ ၁၃ရက်၊ မနက် ၉နာရီလောက်မှာ ရဲဘော် ဗျတ္တနဲ့ တပ်ဖွဲ့ဝင်တချို့ဟာ စစ်ကော်မရှင်တပ်သားတွေ နေရာယူထားတဲ့ ကျေးရွာနားကို ချဥ်းကပ်ရင်း အကြမ်းဖက်စစ်တပ် ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ရဲဘော် ဗျတ္တ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

“အဲဒီနေ့က ရန်သူနေရာယူထားတဲ့ ကျေးရွာအနီး တိုးကပ်ရင်း ရဲဘော် ဗျတ္တ မိုင်းထိကျဆုံးခဲ့တာပါ။ ရန်သူ့မိုင်း ဟုတ်မဟုတ် စိစစ်တဲ့အခါမှာ ၆၀ ရာခိုင်နှုန်းလောက် အတည်ပြုလို့ရပေမယ့် သေချာစိစစ်နေဆဲပါ” လို့ BNRA ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မိုင်းနင်းမိကာ ကျဆုံးခဲ့သည့် BNRA ရဲဘော် ဗျတ္တ

မိုင်းထိမှန် ကျဆုံးခဲ့တဲ့ ရဲဘော်ဗျတ္တရဲ့ ရုပ်အလောင်းကို ပြန်လည်သယ်ဆောင်ချိန်မှာလည်း စစ်ကော်မရှင်တပ်သားတွေနဲ့ သိပ်မဝေးတဲ့အတွက် ရုပ်အလောင်းကို ခပ်မြန်မြန် ယူဆောင်ခဲ့ရပြီး အဲဒီနေ့ ညနေမှာပဲ ချက်ချင်းသင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲမှုမဖြစ်ခင် ရက်ပိုင်းလောက်က ပုလဲ-ကန်ဒေါင့် လမ်းပိုင်းတလျှောက် နေရာယူထားတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို မိုင်းခင်း ဖြတ်တောက်ရေးလုပ်ခဲ့တာ ၁၀ ရက်ကျော်လောက် ရှိပြီဖြစ်တဲ့အတွက် အခုပေါက်ကွဲတဲ့မိုင်းက ဘယ်သူ့မိုင်းလဲဆိုတာ သေချာအောင် စိစစ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“ဖြစ်တဲ့နေရာနဲ့ ရန်သူ့စစ်ကြောင်းက သိပ်မဝေးတာကြောင့် ရုပ်အလောင်း ပြန်ယူတဲ့အချိန်မှာ အခက်အခဲတွေ ရှိပေမယ့် ခပ်မြန်မြန်ပဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အလောင်းကိုလည်း အဲဒီနေ့မှာပဲ မီးသင်္ဂြိုဟ်မှု ပြုလုပ်ခဲ့တယ်” လို့ BNRA ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

BNRA တပ်ဖွဲ့အနေနဲ့ ပုလဲမြို့သိမ်းစစ်ဆင်ရေးတုန်းကလည်း စစ်ကော်မရှင်တပ် ထောင်ထားတဲ့ မိုင်းကို နင်းမိလို့ ရဲဘော်တစ်ယောက် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

TNLA ရဲမေတွေရဲ့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အွန်လိုင်းလှုပ်ရှားမှု… (ဓာတ်ပုံသတင်း)

နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ ကျရောက်တဲ့ နိုင်ငံ တကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အွန်လိုင်းလှုပ်ရှားမှုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ရဲမေတွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှု နောက်ပိုင်းမှာ အများကြီးဖြစ်လာနိုင်

စစ်မျက်နှာ အနှံ့အပြားမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အောက်ခြေတပ်သားတွေကို စစ်တပ်ကနေ ထွက်ခွင့်မပေးဘဲ ရှေ့တန်းပို့တာတွေကြောင့် နောင်မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ စစ်သားတွေ အများကြီး ရှိလာနိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။
Read More

NUG ဝန်ကြီးနှင့် ဒုဝန်ကြီးနေရာအချို့ ပြောင်းလဲဖွဲ့စည်း၊ ဝန်ကြီးဌာနအချို့ကို ဖျက်သိမ်း

အခုနှစ်မကုန်ခင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့ အပြောင်းအလဲတွေရှိမယ်လို့ ထုတ်ဖော်ပြောဆိုထားတဲ့အတိုင်း ဒီကနေ့မှာ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းပုံကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ပါတယ်။
Read More

မိုင်းငေါ့မြို့နယ်၊ ကွမ်းစလန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ကလေး ၁ ဦးသေဆုံးပြီး ကျောင်းအဆောင်အားလုံးနီးပါး ပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်၊ ကွမ်းစလန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေး ၁ ယောက် သေဆုံးပြီး ကျောင်းအဆောင်အားလုံးနီးပါး ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မဲဇလီ-ဆည်တော် စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၊ ဘန်ကာ ၃ လုံး ပြိုကျပြီး စစ်ကောင်စီတပ်သား ၅ ယောက် သေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီ-ဆည်တော် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၅) ယောက်သေဆုံးပြီး (၁) ယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ မကွေးတိုင်း ပ.က.ဖ ရဲ့ ရွေ့လျားစစ်ကြောင်း Yenanthar Column က ထုတ်ပြန်ထားပါတယ်။
Read More

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) က ဦးစီးကျင်းပသည့် (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) က မတ်လ ၁၃ ရက်မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ဦးစီးကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။