အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို မတရား လုယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သမ္မတ ဦးဝင်းမြင့်ကို စစ်အရာရှိ ၂ ယောက်က ကျန်းမာရေးအကြောင်းပြ နှုတ်ထွက်ခိုင်းပေမယ့် ဦးဝင်းမြင့်က သူ့အနေနဲ့ ကျန်းမာရေးကောင်းမွန်တာကြောင့် နှုတ်မထွက်နိုင်ကြောင်း၊ နှုတ်ထွက်မယ့်အစား အသေခံမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၂ရက်နေ့က အာဏာသိမ်းစစ်တပ် စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ဦးဝင်းမြင့်ကို စစ်ဆေးရာမှာ အာဏာသိမ်းတဲ့နေ့က ဖြစ်စဥ်အကြောင်း ဦးဝင်းမြင့်က အထက်ပါအတိုင်း ပြောဆိုခဲ့တယ်လို့ ထွက်ပေါ်လာတဲ့ အမှုစစ်ချက် မှတ်တမ်းမိတ္တူမှာ ဖော်ပြထားပါတယ်။

“ဗိုလ်ချုပ်ကြီးလား ဒုဗိုလ်ချုပ်ကြီးလား မသိ နှစ်ဦး ဝင်လာပြီး ကျွန်တော့အား ကျန်းမာရေးအကြောင်းပြကာ နှုတ်ထွက်ပေးရန် ပြောဆိုခဲ့ကြပါသည်။ ကျွန်တော်ကလည်း ကျန်းမာရေးကောင်းမွန်သူတစ်ဦး ဖြစ်၍ နှုတ်ထွက်မပေးနိုင်ကြောင်း ပြန်ပြောခဲ့ပါသည်။ ထိုသို့ပြန်ပြောချိန်တွင် ၎င်းတို့က ပြန်စဥ်းစားရန်နှင့် ပုဂ္ဂိုလ်ရေးထိခိုက်မှု ရှိနိုင်ကြောင်း ပြောခဲ့ကြပါသည်။ ကျွန်တော်က နှုတ်ထွက်မပေးနိုင်ကြောင်း၊ အသေခံမည်ဖြစ်ကြောင်း ပြောလိုက်ပါသည်” လို့ ဦးဝင်းမြင့်ရဲ့ ထွက်ဆိုချက်မှတ်တမ်းမှာ ပါရှိပါတယ်။
(ဓာတ်ပုံ ရဲအောင်သူ/AFP)


အာဏာသိမ်းစစ်တပ်က သမ္မတ ဦးဝင်းမြင့်ကို သမ္မတအိမ်တော်ကနေ သူတို့ ထိန်းသိမ်းချုပ်နှောင်ရာ နေအိမ်ရောက်ချိန်အထိ စစ်သားတွေ၊ ရဲတွေနဲ့ မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ပြီး ထားရှိရာ နေအိမ်မှာလည်း အတွင်းအပြင် ဘာမှမမြင်ရအောင် ကာရန်ထားကြောင်း၊ သတင်းစာနဲ့ ရုပ်မြင်သံကြား မကြည့်ရှုရဘဲ ပြင်ပလောကနဲ့ အဆက်အသွယ်ဖြတ်ထားကြောင်း ဦးဝင်းမြင့်က ထွက်ဆိုခဲ့ပါတယ်။

အခုလို အာဏာသိမ်းတဲ့နေ့မှာ သမ္မတအိမ်တော်ကို လာရောက်ဖမ်းဆီးထိန်းသိမ်းတဲ့ စစ်တပ်ကို သမ္မတ ဦးဝင်းမြင့်က “အကြမ်းဖက်စစ်သည်တော်များ” လို့ သုံးနှုန်းထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလအတွင်း ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဦးဝင်းမြင့်က သူ့အနေနဲ့ အာဏာသိမ်းဖြစ်စဥ် အစပိုင်းကတည်းက ဖမ်းဆီးခံထားရကာ ပြင်ပလောကနဲ့ အဆက်အသွယ် ဖြတ်ခံထားရတာကြောင့် ဘာမှမသိကြောင်း ထွက်ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ထွေအုပ်ရုံးမှ လက်နက်ကြီးရမ်းပစ်လို့ ၈နှစ် ကလေးငယ် သေဆုံး၊ ၁၄ နှစ် သမီး လက်မောင်း ထိခိုက်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ငါန်းမြာနှင့် သရက်ချိုပင်လမ်းပိုင်းတွင် စစ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရမှု ထပ်တိုးသိရှိချက်အရ သေဆုံးသူ ၁၄ ဦးအထိ ရှိလာ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၄ ယောက်အထိ သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ မန္တလေးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နတ်တလင်းတွင် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးသည့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ရာအိမ်မှူး ၁ ယောက်ကို နေအိမ်အထိ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်-၁ တပ်ရင်း (၃၈၀၁) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မှော်ဘီမှာ စစ်ကောင်စီတပ်ဂိတ်စခန်းကို မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်ကောင်စီတပ်ဂိတ်စခန်းကို မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့နယ်တွင် စစ်သား ၄ ဦး အလင်းဝင်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အကြမ်းဖက်စစ်တပ်က စစ်သား ၄ ယောက် အလင်းဝင်လာခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာ - LL.S.B.F တပ်ဖွဲ့ထံက သိရပါတယ်။
Read More

နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လောင်းလုံးလူထု ချီတက်ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလမ်းလျှောက်ချီတက်ပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။