စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့လာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အယောက် ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ရက်မှာ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ အင်အား ၃၀၀ ဝန်းကျင်နဲ့ နယ်မြေရှင်းလင်းရေးလုပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကံသာရွာနားအရောက်မှာ ဒရုန်းနဲ့ ဗုံးသီး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာလည်း စစ်ကော်မရှင်တပ်သားတွေကို ကုန်းသာရွာအနီး ထပ်မံ မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုနဲ့ ထိတွေ့ပစ်ခတ်မှုတွေအတွင်း စစ်ကော်မရှင်တပ်ဘက်က အယောက် ၄၀ ထက်မနည်း သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ ကျောင်းသားလက်ရုံးတပ်တော် (SAF)နဲ့ အတူ ဘုတလင်မိုဘိုင်းအဖွဲ့ (Budalin Mobile Team)၊ Anonymous Hero၊ ရတနာပုံတော်လှန်ရေးအဖွဲ့ (YRF)၊ ဗမာ့တပ်တော် အမှတ် (၂) စစ်ဦးစီးရုံးကွပ်ကဲမှုအောက် အမှတ် (၅၀၅) တပ်ရင်း၊ ရွာဇော်ကြီးတော်လှန်အသံ (သတင်းနှင့်တိုက်ခိုက်ရေးအဖွဲ့)၊ မုံရွာခရိုင်တပ်ရင်း (၁၈)၊ ဘုတလင်မြို့နယ် ပကဖနဲ့ မုံရွာမြို့နယ် ပလဖတို့ ပူးပေါင်းပါ၀င်ခဲ့ကြတယ်လို့ ဆိုပါတယ် ။

ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် စစ်ကော်မရှင်တပ်သားတွေဟာ အနောက်ဇီးတောရွာ၊ ရွှေတောင်ရွာ၊ ကံသာရွာနဲ့ ထူးကြီးရွာ (ပရဟိတဆေးရုံ) တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စက်တင်ဘာလ (၈) ရက်နေ့မှာတော့ နမခထဲကို ပြန်လည်ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

Sample Blogမူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ (၃) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်းက ရေဘေးသင့် ပြည်သူတွေအတွက် NUG အစိုးရက အရေးပေါ်စားနပ်ရိက္ခာ အကူအညီတွေ ဆက်လက်ဆောင်ရွက်ပေးနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသတွေက ဒေသခံပြည်သူများအတွက် “တိုက်ရိုက်ကူညီ ပြည်သူဆီ၊ လူသားစာနာနှင့်အတူ ဆောင်ရွက်မည်" အစီအစဉ်ကတဆင့် ပေးပို့လှူဒါန်းကြတဲ့ အလှူငွေတွေကို ရေဘေးသင့် ပြည်သူတွေဆီ မြေပြင်တာဝန်ခံတွေနဲ့ ပူးပေါင်းချိတ်ဆက် ထောက်ပံ့နေတယ်လို့ သိရပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းတလျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

အထူးစီးပွားရေးဇုန်တွေ ဖော်ဆောင်ရာမှာ နိုင်ငံရေးအရလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း မှာကြား

အထူးစီးပွားရေးဇုန်တွေ နိုင်ငံတစ်၀န်းဖော်ဆောင်ရာမှာ နိုင်ငံရေးရှုထောင့်အရလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောပါတယ်။ 
Read More

ရန်ကုန်က ကန်တော်ကြီး ပြည်သူ့ဥယျာဥ်မှာ သံအမတ်ကြီး ဦး‌ကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော် (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ကန်တော်ကြီး ပြည်သူ့ ဥယျာဥ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးဖြစ်တယ်လို့ ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်မှု တစ်ရပ်ကို ပြုလုပ်ခဲ့တယ်လို့ Sanchaung New Generation ဆီက သိရပါတယ်။
Read More

နိုင်ငံတစ်ဝန်း မတ်လ ဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်က ၂၈ ဦး အလင်းဝင်၊ စစ်သုံ့ပန်းအဖြစ် ၄၈ ဦး ဖမ်းဆီးရမိ…

နိုင်ငံတစ်ဝန်း မတ်လဒုတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၂၈ ယောက် အလင်းဝင်လာပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။