ပေါ်တာဆွဲခံရပြီး ပြည်သူကို ဖိနှိပ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားအဖြစ်မခံဘဲ ပြည်သူလူထုကို ကာကွယ်ပြီး မတရားမှုကို တွန်းလှန်တိုက်ခိုက်ကြမယ့် PDF ရဲဘော်အဖြစ် အာဠာဝကစစ်ကြောင်းက ရဲဘော်သစ်တွေ ဖိတ်ခေါ်လျက်ရှိပါတယ်။ 

”မတရားမှုကိုမဆိုင်သလိုကြည့်နေရင်း ကိုယ်တိုင်သားကောင်ဖြစ်သွားတဲ့အခါ ဘာလုပ်မှာလဲ။ ပေါ်တာဆွဲခံရပြီး ပြည်သူကိုဖိနှိပ်သည့် အာဏာသိမ်းစစ်ကောင်စီတပ်သားအဖြစ် အသေခံမလား။ ဖိနှိပ်ခံ ပြည်သူလူထုကို ကာကွယ်ဖို့ ရဲရင့်သူတစ်ယောက်အဖြစ် ပြောင်းလဲမလား။ ပြည်သူလူထုကိုကာကွယ်ဖို့ စစ်‌ကောင်စီကို လက်နက်ကိုင်တော်လှန်နိုင်သည့် အခွင့်ရေးသင့်မှာ ရှိနေပါပြီ”လို့ အာဠာဝကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ရဲဘော်သစ်လျှောက်ထားလိုသူတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၅နှစ်အတွင်းရှိသူ၊ ကျန်းမာရေးကောင်းမွန်ပြီး ရာဇဝတ်ပြစ်မှု ကင်းရှင်းသူ၊ တပ်ဖွဲ့က ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေအတိုင်း လိုက်နာနေထိုင်နိုင်သူ၊ တော်လှန်ရေးအတွက် တပ်ဖွဲ့က ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူ၊ စည်းကမ်းဖောက်ဖျက်မှုရှိရင် တပ်ဖွဲ့က ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ကျေနပ်စွာ ခံယူနိုင်သူ၊ စစ်ကြောင်းမှာ သတ်မှတ်ကာလအတိုင်း တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ ဆိုထားပါတယ်။

အသေးစိတ်သိရှိလိုတဲ့ အချက်အလက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၃၊ အာဠာဝကစစ်ကြောင်း Facebook စာမျက်နှာမှာ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

Video – ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၃၊ အာဠာဝကစစ်ကြောင်း

0 Shares:
You May Also Like
Read More

SSRY Eagle Force မှာ တာဝန်ထမ်းနေတဲ့ တိုင်းရင်းသားလူမျိုးရဲဘော်များက ပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုစကားပြောကြား (ရုပ်/သံ)

ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ပြည်‌ထောင်စုနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ SSRY Eagle Force မှာ တာဝန်ထမ်းဆောင်နေတဲ့ တိုင်းရင်းသားလူမျိုးရဲဘော်တွေက ကြိုဆိုဂုဏ်ပြုစကားတွေ အခုလိုပြောကြားခဲ့ကြပါတယ်။
Read More

ကနီမြို့နယ် မုဋောအရှေ့ရွာဆိပ်ကမ်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာ ၁ ပါးနဲ့ ပြည်သူ ၁ ယောက်ဒဏ်ရာရပြီး ဆီကားနဲ့ ဆိုင်ကယ်များ မီးလောင်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် မုဋောအရှေ့ရွာ ဆိပ်ကမ်းကို ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာ ၁ ပါးနဲ့ ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

ခမရ ၅၉၈ ကို စစ်ကူပေးနေသည့် စစ်ကော်မရှင်တပ်သားများ ခိုအောင်းရာနေရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းသို့ စစ်ကူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေ ခို အောင်းရာနေရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ပြီး အကြမ်းဖက်စစ်သား အများအပြားသေ၊ ပြည်သူ့ရဲဘော် ၂ ယောက် ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးရွာနဲ့ မဒဲရွာကြား စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဖေဖော်ဝါရီ ၁ ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ နဂါးစစ်သည်တော် တပ်ခွဲထံက သိရပါတယ်။
Read More

စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းကို အုပ်ကြီးက ပြစ်မှုကင်းကြောင်းထောက်ခံစာ ဘီယာဆိုင်မှာ လာယူခိုင်းလို့ အချင်းများ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်းကို အမှတ် (၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ ဘီယာဆိုင်မှာ လာယူခိုင်းတဲ့အတွက် နှစ်ဖက်အချင်းများခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မုန်းမြို့တွင် အရပ်သား ၁ ဦး ထင်းခွေးရင်း မိုင်းနင်းမိ သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှာ အရပ်သား ၁ ယောက် တောထဲ ထင်းခွေရင်း မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်သူတွေထံက သိရပါတယ်။