လက်ရှိ နွေဦးတော်လှန်ရေးရဲ့ အလှည့်အပြောင်းကို ဖန်တီးနိုင်ဖို့အတွက် ဟန်ချက်ညီတဲ့ အထွေထွေထိုးစစ်ကြီး ဆင်နွှဲဖို့ လိုအပ်ပြီး ဒီအတွက်လည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပြီပြီလို့ ဝန်ကြီး ဦးရည်မွန်က ပြောကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

“အထွေထွေထိုးစစ်ဆိုတာကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒေသတိုင်းမှာ ဟန်ချက်ညီ စစ်ဆင်ဖို့ဖြစ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးအလှည့်အပြောင်းကို ဖန်တီးနိုင်ဖို့ဆိုရင် ဒီအလုပ်က မဖြစ်မနေ လုပ်ရမယ့်အလုပ်လို့ ကျနော် နားလည်တယ်။ ဒီအလုပ်ကိုလုပ်နိုင်ဖို့လဲ အခြေအနေပေးမှုတွေ၊ အခင်းအကျင်းတွေ ရှိထားပြီး ဖြစ်ပါတယ်။ အခုဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်းမှာ တည်ဆောက်၊ တပ်ဖြန့်ထားပြီးလည်း ဖြစ်တယ်” လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

၂၀၂၅ ခုနှစ် သြဂုတ်လအထိ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ အပြည့်အဝ စိုးမိုးအုပ်ချုပ်ထားနိုင်တဲ့ နယ်မြေတွေဟာ တနိုင်ငံလုံးမှာရှိတဲ့ မြို့နယ်စုစုပေါင်းရဲ့ ၁၆ ရာခိုင်နှုန်း ဖြစ်ပြီး ဝိုင်းဝန်းပိတ်ဆို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေက မြို့နယ်စုစုပေါင်းရဲ့ ၂၄ ရာခိုင်နှုန်းရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံအနှံ့ မြို့နယ်စုစုပေါင်းရဲ့ ၂၁ ရာခိုင်နှုန်းမှာ တော်လှန်စစ်တွေ ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်အုပ်စုဟာ နိုင်ငံရဲ့ ၃၉ ရာခိုင်နှုန်းခန့်ကိုသာ လက်နက်နဲ့ စိုးမိုးဖိနှိပ် အုပ်ချုပ်ထားနိုင်တော့တယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မော်တော်ယာဉ်များကို ပိုက်ဆံကောက်နေသည့် စစ်ကောင်စီတပ်သား ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အထက (၁) ကျောင်းနားမှာ ပြည်သူတွေရဲ့ကားတွေထံက ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ The Phoenix Army - TPA တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ဦး လက်နက်နှင့်တကွ တောင်သူကြီးများအဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

PDF အမည်ခံပြီး ငွေညှစ်နေသူများကို NUG/MOD အရေးမယူရင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အရေးယူမည်ဖြစ်ကြောင်း Unicorn ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသအတွင်းမှာ PDF အမည်ခံပြီး ပြန်ပေးဆွဲ၊ ငွေညှစ်နေသူတွေကို NUG/MOD အနေနဲ့ အရေးယူခြင်းမလုပ်ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အရေးယူသွားမယ့်အကြောင်း Unicorn ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

ကန်နီပျူစောထီးရွာ စစ်ဆင်ရေးအတွင်း ခမရ ၂၅၂ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်

မကွေးတိုင်း ၊ မြိုင်မြို့နယ် ၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကန်နီ ပျူစောထီးကျေးရွာ စစ်ဆင်ရေးအတွင်း ခမရ ၂၅၂ က စစ်ကောင်စီတပ်သား ၁ ယောက် ‌ လက်နက်နဲ့ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

အောက်တိုဘာလအတွင်း လူသားချင်းစာနာမှုနှင့် သဘာဝဘေး ခံစားရသူများအတွက် ငွေကျပ် (၂၁၃.၁၂) သန်း ပံ့ပိုးနိုင်ခဲ့ကြောင်း NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အမှန်တကယ် လိုအပ်နေသူတွေအတွက် ငွေကျပ် (၂၁၃.၁၂) သန်းကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

မော်လမြိုင်ကမ်းနားတွင် ရပ်နားထားသည့် အပျော်စီးသင်္ဘာ ရုတ်တရက် နစ်မြုပ်ခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ထားဝယ်တံတားဆိပ်ကမ်းမှာ ရပ်နားထားတဲ့ Harmony River Cruise (ထီးလှိုင်) အပျော်စီးသင်္ဘောဟာ မနေ့က ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းမှာ နစ်မြုပ်သွားခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေထံက သိရပါတယ်။