စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဘုတလင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းဖို့ အင်အား ၃၀၀ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းများနဲ့ တော်လှန်ရေးမဟာမိတ် ပူးပေါင်းစစ်ကြောင်းတို့ သြဂုတ်လမှ စက်တင်ဘာလထိ ၂ လတာကာအတွင်း  ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ၊ စစ်သား အယောက် ၄၀ ခန့် ထိခိုက်သေဆုံးသွားကြောင်း ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်၊ ပြန်ကြားရေးနှင့် မဟာမိတ်ဆက်ဆံရေးဌာနက ဒီကနေ့ညမှာ ထုတ်ပြန်ပါတယ်။

သြဂုတ်လ (၃၁)ရက်နေ့မှာဘုတလင်မြို့နယ်၊ ကံသာရွာအနီး ရန်သူ့စစ်ကြောင်းကို တော်လှန်ရေးမဟာမိတ် ပူပေါင်းစစ်ကြောင်းက ဒရုန်းဗုံးသီး (၂) ကြိမ်ချ စတင်တိုက်ခိုက်ခဲ့သလို၊ ကုန်းသာရွာအနီးမှာလည်း (၂)ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  အဆိုပါတိုက်ပွဲများအတွင်း စစ်ကော်မရှင်စစ်ကြောင်းမှ ခန့်မှန်း (၄၀)ဦး ထိခိုက်သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ အနောက်ဇီးတောရွာ၊ ရွှေတောင်ရွာ၊ ကံသာရွာ နဲ့ ထူးကြီးရွာ (ပရဟိတဆေးရုံ) တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စက်တင်ဘာလ (၈)ရက်နေ့မှာ ဘုတလင်မြို့ကနေ နမခထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့လည်း ဆိုပါတယ်။

အဆိုပါတိုက်ပွဲများကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့်အတူ ဘုတလင်မိုဘိုင်းအဖွဲ့ (Budalin Mobile Team)၊ Anonymous Hero၊ ရတနာပုံတော်လှန်ရေးအဖွဲ့ (YRF)၊ ဗမာ့တပ်တော် အမှတ် (၂) စစ်ဦးစီးရုံးကွပ်ကဲမှုအောက် အမှတ် (၅၀၅) တပ်ရင်း၊ ရွာဇော်ကြီးတော်လှန်အသံ (သတင်းနှင့်တိုက်ခိုက်ရေးအဖွဲ့ )၊ မုံရွာခရိုင်တပ်ရင်း (၁၈)၊ ဘုတလင်မြိူ့နယ် ပကဖနဲ့ မုံရွာမြို့နယ် ပလဖတို့ ပူးပေါင်းပါ၀င်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၄) ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၄) ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်းမှာ Fixed Wings ဒရုန်း ၆ စီး အသုံးပြုပြီး ၆၀ မမ ဗုံးသီး ၆ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း ဆက်ကြေးကောက်ဖို့ ထွက်လာသည့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၈ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဝက်တိုးရွာကနေ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာ ၈ ယောက် သေဆုံးခဲ့တယ်လို့ စိန်ဗေဒါတပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

ဖားကန်မြို့ ဆိုင်းတောင်တွင် ခိုင်ကြည်ဇင် စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန်မြို့၊ ဆိုင်းတောင် ရပ်ကွက် ၃ မှာရှိတဲ့ ခိုင်ကြည်ဇင် စက်သုံးဆီဆိုင်မီးလောင်မှုဖြစ် ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဘုံတိုရွာ ဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူ တစ်ဦး၏ နာရေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ သေဆုံးသူ အရေအတွက် ၄၀ ကျော် အထိရှိလာပြီဖြစ်ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါ အရပ်သားတွေ၊ သပိတ်ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပါဝင်ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မိုးဗြဲမြို့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက် ပြန်လည်မရောက်စေဖို့ ထောက်ပို့ပြည်သူများ ဝိုင်းဝန်းကူညီကြဖို့ အကူအညီတောင်းခံ (ရုပ်/သံ)

''မိုးဗြဲမှာ စစ်ကောင်စီရဲ့ထိုးစစ်ကို ကြံ့ကြံ့ခံရင်း နေ့စဉ်နီးပါးတိုက်ပွဲပြင်းထန်နေတာ အားလုံး အသိဘဲဖြစ်ပါတယ်။ ဒေသတွင်း အရေးပါတဲ့မိုးဗြဲမြို့ကို စစ်ကောင်စီ၏ပြန်လည်မထိန်းချုပ်နိုင်ရေးအတွက် အားလုံး ပါဝင်ပေးကြဖို့လိုအပ်ပါတယ်''လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ဆိုပါ တယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေသည့် ကျောင်းသားတပ်မတော် ရဲဘော်များ

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ ကျောင်းသားတပ်မတော် ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ABSDF Column - 2 က နိုဝင်ဘာ ၁၂ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။