မကွေးတိုင်းထဲမှာ စစ်မှုထမ်းစုဆောင်းခံရပြီး စစ်ကြောင်းနဲ့ပါလာသူ ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ကရင်နီပြည်တပ်မတော် အမှတ် (၅) တပ်ရင်းထံ အလင်းဝင်ခိုလှုံလာတယ်လို့ အဆိုပါ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့ကနေ ဖရူဆိုမြို့ကိုလာနေတဲ့ အကြမ်းဖက်စစ်ကြောင်းထဲက စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ယောက်ဟာ စက်တင်ဘာလ ၂ရက်နေ့ မနက်ပိုင်းမှာ သေနတ်၂ လက်နဲ့ ကျည်ဆံတွေယူဆောင်ကာ ကရင်နီပြည်တပ်မတော် အမှတ် (၅) တပ်ရင်းထံ ဆက်သွယ်အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

“သင်တန်းဆင်းပြီးတော့ သူ့တပ်ရင်းကိုတောင် မရောက်သေးဘူး။ တပ်ရင်းက ဖရူဆိုမှာ။ အဲ့ဒါ စစ်ကြောင်းကနေ ပြေးလာရင်း ကျနော်တို့နဲ့ တိုးတာပါ။ ကြိုတင်ချိတ်ဆက်ထားတာမျိုးတော့ မရှိဘူး။ ဆုကြေးလည်း ပေးသွားမှာပါ။ သူကတော့ အိမ်ပြန်ချင်တယ်ပြောပါတယ်။ အဲ့အတွက် ကျနော်တို့ အခြေအနေကိုကြည့်ပြီး လုပ်ပေးမှာပါ” လို့ ကရင်နီပြည်တပ်မတော် အမှတ် (၅) တပ်ရင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အလင်းဝင်ရောက်လာသူဟာ မကွေးတိုင်း၊ စလင်းမြို့နယ်ကဖြစ်ပြီး ချောက်မြို့ကနေ ရန်ကုန်ကိုအသွား လမ်းမှာ စစ်မှုထမ်းအဖြစ်စုဆောင်းခံခဲ့ရကြောင်း၊ အပတ်စဥ် (၁၃) စစ်သင်တန်းကို ရှမ်းပြည်နယ်၊ ကျိုင်းတောင်းမြို့မှာ တက်ရောက်ခဲ့ရကြောင်း သိရပါတယ်။

“တပ်ထဲမှာ ထပ်ပြီးအလင်း၀င်လာချင်တဲ့လူတွေ အများကြီးရှိတယ်လို့ ကြားပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်ကို သိပ်မယုံရဲကြဘူးလည်း ပြောတယ်။ ဆိုတော့ ရဲရဲသာထွက်လာကြပါ ကျနော်တို့ အာမခံပါတယ်လို့ ပြောချင်တယ်။ ကျနော်တို့လို အမှန်အကန် လုပ်နေတဲ့အဖွဲ့တွေကိုလည်း ပြည်သူတွေအနေနဲ့ ဆက်လက်ပြီး ဝန်းရံပေးကြဖို့ တောင်းဆိုချင်ပါတယ်” လို့ မောင်းကို ပြောခဲ့ပါတယ်။

အဆိုပါ စစ်မှုထမ်းတပ်သားဟာ အလင်းဝင်ရောက်လာချိန် MA-1 သေနတ် ၁လက်၊ MA-3 သေနတ် ၁လက်၊ ကျည်ဘောက် ၅ ခု၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ကျည်အတောင့် ၂၅၀ တို့ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပွန်ချောင်းတံတား ပြန်လည်တည်ဆောက်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်ကို ဆက်သွယ်ထားတဲ ပွန်ချောင်းတံတား ပြန်လည်တည်ဆောက်နေတဲ့ ပုံရိပ်တွေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

သင်တန်းသား၊ သင်တန်းသူ ၈၂၂ ဦး တက်ရောက်ခဲ့သည့် TNLA ၏ အပတ်စဉ် (၆၇) စစ်ရေးသင်တန်း၏ သင်တန်းဆင်းပွဲ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ အပတ်စဉ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းဒေသတစ်နေရာမှာ ပြီးခဲ့တဲ့ ဇွန်လ (၆) ရက်က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စနေ၊ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်ရဲ့ ကြားရက်တွေကို တဆက်တည်းပိတ်ပေးမယ်လို့ Non-CDM ဝန်ထမ်းတွေကို စစ်ကောင်စီ စည်းရုံး

စစ်ကောင်စီက အများပြည်သူရုံးပိတ်ရက်တွေဖြစ်တဲ့ စနေ၊တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်ရဲ့ ကြားက ရက်တွေကိုပါ ဆက်တိုက်ပိတ်ပေးမယ်ဆိုပြီး Non-CDM ဝန်ထမ်းတွေကို ပြန်လည်စည်းရုံးနေမှုတွေကို ဒီနေ့ ဒီဇင်ဘာလ ၂၂ ရက်ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

လောင်းလုံး ပကဖ က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် အလေးပြုအခမ်းအနား ပြုလုပ်…

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်ဝန်ကြီးချုပ်၏ သမီးဖြစ်သူ NLD ပါတီ ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်ကို အလွှတ်ပြပြီး ထောင်ဗူးဝတင် စစ်အုပ်စု က ပြန်လည်ဖမ်းဆီး၊ ထောင်ဗူးဝတင် ပြန်လည်အမှုဆင် ဖမ်းခံရသည့် နိုင်ကျဥ်း ၇၄ ဦးအထိ ရှိ

ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်ကို စစ်အုပ်စုက ထောင်ဗူးဝတင် ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးမောက်နဲ့ ဗန်းမော်ကြား KIA သိမ်းပိုက်ထားတဲ့ တပ်စခန်းကို စစ်ကောင်စီ ပြန်လည်ထိုးစစ်ဆင်နေ

စစ်ကောင်စီက မိုးမောက်နဲ့ ဗန်းမော်မြို့ကြားက KIA ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်နေတယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။