ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိသားစုတစ်ခုရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား လူကြီး ၃ယောက် သေဆုံးကာ ကလေးတွေကတော့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၁ရက်နေ့ ည ၁၀ နာရီခွဲအချိန်မှာ ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ နေအိမ်မှာရှိတဲ့ တစ်မိသားစုတည်းက ဖခင်ဖြစ်သူ၊ မိခင်ဖြစ်သူနဲ့ အဘွားဖြစ်သူတို့ ၃ယောက် သေဆုံးခဲ့ပြီး ကလေးတွေကတော့ ဒဏ်ရာတွေနဲ့ ကျန်ရစ်ခဲ့တယ်လို့ ကရင်နီ အရေးပေါ်ကူညီရေးအဖွဲ့ CTER က ထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နေ့စဥ်နဲ့အမျှ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့များ ဖမ်းဆီးထိန်းသိမ်းထားသည့် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်သွား…

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သားတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ Gan Gaw New Media မှ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

သဲကုန်းက ပျူစောထီး ၄ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သစ်နီတောအုပ်စု အောင်စီသာရွာမှာ နေထိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၄ ယောက်ကို ပစ်ခတ်ရှင်းလင်းရာ ၃ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန် ဒဏ်ရာရသွားတယ်လို့ သဲကုန်း (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းအနီး နွားထိုးကြီး၊ ပြင်စည်ရွာမှာ တိုက်ပွဲဖြစ်ပြီး စစ်​ကောင်စီတပ်သား ၇ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်မှာ စစ်အုပ်စုအထိုင်ချတပ်စွဲထားတဲ့ ပြင်စည်ရွာ လျှပ်စစ်ခွဲရုံးအပါအဝင် ရဲစခန်းနဲ့ စာသင်ကျောင်းတို့ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ရော အနီးကပ်ပါ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ ရဲဘော် ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

မြိုင် နဲ့ ပေါက်မြို့နယ်အစပ်မှာ စစ်ကော်မရှင်တပ်ရဲ့ စက်တပ်လေထီးတစ်စင်း ပစ်ချခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင် နဲ့ ပေါက်မြို့နယ်အစပ်မှာ စစ်ကော်မရှင်ရဲ့ စက်တပ်လေထီးတစ်စင်းကို ပစ်ချခဲ့တယ်လို့ မြိုင် ပကဖ က ဒီညမှာ ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၂၂ ရက် ဒီနေ့ ညနေ ၅ နာရီကျော်လောက်မှာ ပခုက္ကူမြို့ တပ်မ ၁၀၁ ကနေတက်လာပြီး ပေါက်နယ်ထဲကို ဗုံးကြဲကာ ပြန်လာတဲ့ စက်တပ်လေထီး ၂ စင်းထဲက တစ်စင်းကို မြိုင် နဲ့ ပေါက်မြို့နယ်အစပ်မှာ တော်လှန်ရေးတပ်ဖွဲံဝင်များက ပစ်ချခဲ့တာဖြစ်တယ်လို့ သိရတာပါ။
Read More

မင်္ဂလာဒုံက စစ်ကောင်စီ အိမ်ထောင်သည် ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ ၄ ယောက် ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမဘေး၊ နိုင်ငံရေးမှတ်တိုင်အနီးက စစ်ကောင်စီ အိမ်ထောင်သည်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မနေ့က နိုဝင်ဘာ ၇ရက် ညပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တပ် နိုင်ငံရေးက ထွက်မယ်ဆိုတဲ့ ကတိရမှ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ CNF ပြော

စစ်ကောင်စီ နိုင်ငံရေးကထွက်မယ်ဆိုတဲ့ ကတိအပါအ၀င် အချက် ငါးချက်နဲ့ စဉ်းစားပြီးမှသာ တွေ့ဆုံရေးလမ်းကြောင်းကို ဦးတည်မယ်လို့  ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ ၂ ဒေါက်တာ ရွှေခါး က ပြောပါတယ်။