ထိုင်း-မြန်မာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်း‌ကျေးရွာအနီးဝန်းကျင်မှာ စစ်ကော်မရှင်တပ် နဲ့ KNLA ပူးပေါင်းတပ်တို့ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့မှာ အဆိုပါလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် နဲ့ အပြန်အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ စစ်ကော်မရှင်တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးခဲ့သလို၊ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ KNLA ပူးပေါင်းတပ်များက ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း MA1-(2)လက်၊ MA3-(1)လက်၊ လက်ပစ်ဗုံး(၂)လုံး၊ ကျည်ဆံ(၆၅၉)လုံး၊ ခွဲဗုံး(၂)လုံး၊ ကျည်ဘောင်(၂၁)ခုတို့ သိမ်းဆည်းရမိတယ်လို့သိရပြီး၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှု အနည်းငယ်ရှိတယ်လို့လည်း သိရပါတယ်။

“အရှင်ဖမ်းမိတဲ့ရန်သူ မရှိဘူး ၊ ကျနော်တို့ဘက်ကတော့ ထိခိုက်မှု နည်းနည်းရှိတယ်၊ အသေးစိတ်တော့ ပြောလို့မရဘူး၊ အခုတိုက်နေတဲ့အတောအတွင်း ရန်သူရဲ့ ထိခိုက်သေ‌ဆုံးတဲ့ဦးရေကိုတော့ အတိအကျမသိဘူး၊ သေဆုံးမှုများတယ်” လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှုး ဗဒိုစောအယ်နားက မောင်းကို ပြောပါတယ်။

စစ်တပ်က KNU ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မော်တောင်ကုန်သွယ်ရေးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်လိုတဲ့အတွက် ထိုးစစ်ဆင်လာပေမဲ့လည်း ရှေ့တိုးလို့မရတာကြောင့်၊ အခုလို KNU ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး၊ ဒီလိုထိတွေ့တိုက်ပွဲတွေဖြစ်နေတာ ၉ လကျော်ခန့်ရှိပြီလို့လည်း သိရပါတယ်။

“အခုလမ်းပိုင်းကတော့ မြိတ်ခရိုင်၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင် နဲ့ ထိုင်းနယ်စပ်၊ မော်တောင်မှာ ကုန်သွယ်ရေးလမ်းဖြစ်တယ်၊ အရေးပါတဲ့လမ်းကြောင်းတစ်ခုဖြစ်တယ်၊ စစ်တပ်က အဲဒါကိုပြန်လိုချင်ပေမဲ့ သူတို့က ဆက်တိုးလို့လည်း မရဘူး” လို့ ပဒိုစောအယ်နားက ဆက်ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့ကလည်း အဆိုပါလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေ နဲ့ KNU ပူးပေါင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားနေချိန် စစ်တပ်ဖက်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဖက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့လို့ စစ်လေယာဉ်တစ်စင်းကို ထိမှန်သွားတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

နတ်တလင်းတွင် ဆိုင်ကယ်နှင့် ကင်းပတ်သည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၂ ဦး သေ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ နတ်ပွဲကနေ ကင်းပတ်ပြီးပြန်လာတဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက် သေကာ အများအပြားထိခိုက်ခဲ့ကြောင်း တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၄၊ Bamar Revolution Army (B.R.A) ထံက သိရပါတယ်။
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်းကို စစ်ကော်မရှင်တပ် ဗုံးကြဲ၊ ဒေသခံ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ငတရော်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မူဆယ်-မန္တလေး မီးရထားလမ်းတစ်လျှောက်က မြို့တွေမှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂ လအတွင်း အရပ်သား ၆၈ ယောက် သေဆုံး

တရုတ်စီမံကိန်း ဖြစ်တဲ့ မူဆယ်- မန္တလေးမီးရထားလမ်းတစ်လျှောက်က ရှမ်းမြောက်မြို့ ၉ခုအပါအဝင် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၂လအတွင်း အရပ်သား၂၀၀ ကျော် ထိခိုက်သေဆုံးထားတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ဆီက သိရပါတယ်။
Read More

ထီးလင်းတွင် နှစ်ခြမ်းကွဲနေသည့် ပကဖ ပြန်လည်ပေါင်းစည်းပြီးနောက် ပအဖလည်း ပေါင်းစည်းနိုင်ဖို့ မျှော်လင့်နေကြ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ နှစ်ခြမ်းကွဲနေခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ကို တစ်ဖွဲ့တည်းဖြစ်အောင် ပြန်လည်ပေါင်းစည်းနိုင်ပြီးတဲ့နောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)လည်း မကြာခင်ပေါင်းစည်းနိုင်ဖို့ မျှော်လင့်ကြောင်း ယောဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေက မောင်းကိုပြောပါတယ်။
Read More

“ဗိုလ်ချုပ်မျှော်မှန်း ဖက်ဒရယ်လမ်းသို့ “ မြေပြင်လူထုသပိတ်တိုက်ပွဲ (ဓာတ်ပုံသတင်း)

“ဗိုလ်ချုပ်မျှော်မှန်း ဖက်ဒရယ်လမ်းသို့”ခေါင်းစဉ်နဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အပါအဝင် မြေပြင်လူထုသပိတ်တိုက်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

ဘောလခဲ မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးနဲ့ ရဲတပ်ကြပ်တို့ လက်နက်ခဲယမ်းတွေနဲ့အတူ ဘောလခဲ PDF ထံ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက်နဲ့ ရဲတပ်ကြပ် ၁ ယောက်ဟာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဆီ ဒီဇင်ဘာလအတွင်း အလင်းဝင်ရောက် ခိုလှုံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။