တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ‌မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်းကျေးရွာအနီး ဗုံးလာကြဲတဲ့ ဂျက်တိုက်လေယာဉ်ကို တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့တယ်လို့ KNU -မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၂ ရက် မနေ့ည မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ သိန်းခွန်းကျေးရွာအနီး ဗုံးလာကြဲတဲ့ စစ်ကော်မရှင်ရဲ့ ဂျက်တိုက်လေယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက် ခဲ့ရာ ထိခိုက်မှုရှိခဲ့ပြီး မြိတ်မြို့ဘက်သို့ ပြန်လှည့်သွားကြောင်း သိရပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၄ လက် အောက်ခံ တပ်ရင်း ၁၁ နှင့် တော်လှန်ရေးပူး‌ပေါင်းတပ်တွေက ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-KNU MTD

0 Shares:
You May Also Like
Read More

မြင်းမူမြို့နယ် မြောင်လမ်းခွဲရှိ အကြမ်းဖက် စစ်တပ်အထိုင်စခန်းအား ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲရှိ အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force MDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံကို လွှင့်ထူနိုင်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ်၊ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံ CDFကို လွှင့်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF Kanpetlet က ရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

မန်ကျည်းကုန်းရွာအနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီဇင်ဘာ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၁၁ ယောက်သေခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ် လိုင်ဇာမှာ ရေကြီးရေလျှံမှုကြောင့် နေအိမ်နှင့် မော်တော်ယာဉ်များ မျောပါ (ရုပ်/သံ)

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေကြီးလာပြီး ရေကြီးရေလျှံလျက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရုရှားနိုင်ငံအရှေ့ပိုင်း ပင်လယ်ပြင်မှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အမေရိကန်နှင့် ဂျပန်မှာ ဆူနာမီသတိပေးချက်များ ထုတ်ပြန် (ရုပ်/သံ)

ဇူလိုင် ၃၀ ရက် ဒီနေ့မနက်ပိုင်းမှာ ရုရှားနိုင်ငံအရှေ့ပိုင်းက ကမ်ချက်ကျွန်းဆွယ်အနီး ပင်လယ်ပြင်ကို ဗဟိုပြုပြီး ပြင်းအား ၈ ဒသမ ၈ မဂ္ဂနီကျုုရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်‌ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ယောက် သေကာ ၈ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNLA၊  ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)၊ ကျေးနယ်ကာကွယ်ရေးတပ်ဖွဲ့၊ တော်လှန်ရေးအင်အားစုတွေကြား နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းက တိုက် ပွဲဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်‌ရေး (၁) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်းထံက သိရပါတယ်။