ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖုမ်မှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၉ ဦးနဲ့ ၎င်းတို့ကို ပို့ဆောင်ပေးသူ ၂ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

စက်တင်ဘာလ ၁၂ ရက် နံနက်ပိုင်းအချိန်မှာ ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖုမ်က စစ်တပ်၊ ရဲနဲ့ လူဝင်မှုကြီးကြပ်ရေး အဖွဲ့စုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ လမ်းပေါ်စစ်ဆေးရေးဂိတ်မှာ သံသယဖြစ်ဖွယ် တိုယိုတာကား ၂ စီးကို ဖမ်းဆီးခဲ့တယ်လို့ သတင်းများမှာ ဖော်ပြထားတာပါ။

ယာဉ်မောင်းနှစ်ဦးဟာ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ ဖမ်းဆီးခံခဲ့ရကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသူ အသက် ၃၂ နှစ်အရွယ် Mr. Wan Chiang နဲ့ အသက် ၄၂ နှစ်အရွယ် Mr.Wan တို့မှာ ထိုင်းနိုင်ငံသားများ မဟုတ်ကြောင်းလည်း သိရပါတယ်။

ဖမ်းဆီးရမိတဲ့ မော်တော်ယာဉ်နှစ်စီးအတွင်းကနေ မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၁၉ ဦးကို တွေ့ရှိခဲ့ပြီး၊ တရားဝင် ခရီးသွားလာခွင့် စာရွက်စာတမ်း အပြည့်အစုံရှိသူ တဦးတည်းသာပါရှိကြောင်း၊ ကျန်ရှိသူများမှာ ဘာစာရွက်စာတမ်းမှ မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းများမှာ ဖော်ပြပါတယ်။
အဆိုပါ မြန်မာရွှေ့ပြောင်း ၁၉ ဦးကို ဘာသာပြန်ကတဆင့် စစ်ဆေးမေးမြန်းခဲ့ရာမှာ ၎င်းတို့ဟာ ရန်ကုန်ကနေလာရောက်ခဲ့ကြတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ တောလမ်းကြောင်းအတိုင်း ဝင်ရောက်လာခဲ့ကြောင်း၊ ပွဲစားခအဖြစ် တဦးကို ဘတ် ၁၄,၀၀၀ (ကျပ် ၁၈ သိန်းဝန်းကျင်) ပေးဆောင်ခဲ့ရကြောင်း ထွက်ဆိုခဲ့ကြပါတယ်။

ဖမ်းဆီးခံရတဲ့ ယာဉ်မောင်းနှစ်ဦးကတော့ အဆိုပါရွှေ့ပြောင်းတွေကို ကန်ချနဘူရီမြို့က စုရပ်တခုဆီ ပို့ဆောင်ပေးဖို့ လုပ်ငန်းရှင်တဦးက ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနေနဲ့ ဘတ် ၈,၀၀၀ ဆီရရှိခဲ့ကြောင်း ထွက်ဆိုခဲ့ကြပါတယ်။

အာဏာပိုင်တွေအနေနဲ့ ဖမ်းဆီးရမိသူတွေကို တရားမဝင် ဝင်ရောက်မှုနှင့် တရားမဝင်နေထိုင်မှုတို့နဲ့ ထောင်ဖာဖုမ်ရဲစခန်းကို ပို့ဆောင်ပြီး တရားစွဲဆို အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ ဟန်ပြရွေးကောက်ပွဲကို တရားမျှတဖို့မျှော်လင့်ကြောင်း မိုဒီပြော

မြန်မာအာဏာသိမ်းစစ်အုပ်စုက လာမယ့်နှစ်ကုန်မှာ စတင်ပြုလုပ်ဖို့ စီစဉ်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို တရားမျှပြီး သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်လာဖို့‌ မျှော်လင့်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီက ဩဂုတ်လ ၃၁ ရက်မှာ ပြောဆိုပါတယ်။
Read More

လွှတ်တော်အမတ် အီဂန်းအီလ်နဲ့ တောင်ကိုရီးယား NUG ကိုယ်စားလှယ်ရုံးတို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့

တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော် အမျိုးသားမူဝါဒကော်မတီအဖွဲ့ဝင် အမတ် အီဂန်းအီလ် (Lee Kang-il) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးတို့ဟာ ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ မြန်မာ့တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အချိန် ၁ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

နိုင်ငံတကာက ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် မြန်မာ့အရေးကို အာဆီယံ ဦးဆောင်ဖြေရှင်းပေးဖို့ NUG တိုက်တွန်းတောင်းဆို

နိုင်ငံတကာဟာ မြန်မာ့အရေးထက် ယူကရိန်းအရေးမှာသာ အာရုံစိုက်နေတာကြောင့် အာဆီယံအနေနဲ့ ပိုမိုဆိုးရွားလာတဲ့ မြန်မာ့အရေးကို ဦးဆောင်ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ကလေးငယ် ၅ သိန်းလောက် အာဟာရချို့တဲ့နေ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကကလေးငယ် ၅ သိန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။
Read More

မြန်မာကို ကာလဝမ်းရောဂါဆေးတွေ ထိုင်း အကူအညီပေး

မြန်မာပြည်မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ ကာကွယ်တိုက်ဖျက်ရေး အကူအညီဖြစ်စေဖို့ ကာလဝမ်းရောဂါဆေးတွေကို ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပေးထားကြောင်း Bangkok Post က ဒီဇင်ဘာ ၂၄ ရက်မှာ ဖော်ပြထားပါတယ်။  
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို လက်မခံကြောင်း နယူးဇီလန်လွှတ်တော် တညီတညွတ်တည်း အတည်ပြု

နယူးဇီလန်ပါလီမန်က မြန်မာစစ်အုပ်စု ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ကြောင်း ကန့်ကွက်သူမရှိဘဲ တညီတညွတ်တည်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။