ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ စာသင်ကျောင်း ၂ ခုကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲမှု ကျောင်းသားကျောင်းသူ ၁၉ ယောက် သေဆုံးခဲ့တဲ့အပေါ် အကြမ်းဖက်စစ်တပ်ကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ကြေညာထားပါတယ်။

စက်တင်ဘာလ ၁၂ ရက် ညသန်းခေါင်ယံ ၁ နာရီ ၅ မိနစ်အချိန် ကျောက်တော်မြို့၊ သရက်တပင်ကျေးရွာရှီ ပညာပန်းခင်းနဲ့ အမြင်သစ် စာသင်ကျောင်းတို့ကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံး ၂ လုံးဟာ ပညာပန်းခင်း ကိုယ်ပိုင် အထက်တန်းစာသင်ကျောင်းရှေ့တည့်တည့် ကျရောက်ပေါက်ကွဲပြီး ကျောင်းသားကျောင်းသူ ၁၉ ယောက် ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူ ၂၂ ယောက်ရှိတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က စစ်ရှုံးမှုနဲ့ နယ်မြေဆုံးရှုံးမှုတွေကို သူရဲဘောကြောင်ပြီး ဂုဏ်သိက္ခာမဲ့စွာ လက်တုံ့ပြန်တဲ့အနေနဲ့ စစ်ဘက်ပစ်မှတ်တွေထက် အရပ်ဘက်ပစ်မှတ်တွေကိုသာ အငြိုးကြီးစွာ လူမျိုးရေးအမုန်းတရားကို အခြေခံကာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ တောက်လျှောက်ပြုလုပ်လာတယ်လို့ AA က ဆိုပါတယ်။
စစ်တပ်က ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ရာ ဇန်နဝါရီလ ၈ ရက်ကလည်း ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၆ ဦးသေဆုံးခဲ့သလို ဇန်နဝါရီ ၁၈ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းရွာအနီးတ၀ိုက်ကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးနဲ့အမျိုးသမီး စုစုပေါင်း ၂၈ ယောက် သေဆုံးခဲ့ပါသေးတယ်။

ဒါ့အပြင် မေလ ၁၃ ရက်ကလည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲရာ ပြည်သူ ၁၂ ယောက် သေဆုံးခဲ့ပြီး မေလ ၁၄ ရက်နဲ့ ၁၅ ရက်က ကျောက်တော်မြို့၊ ရွာမရပ်ကွက်ကို လေယာဉ်နဲ့ ဗုံးကြဲရာမှာလည်း ပြည်သူ ၈ ယောက် သေဆုံးခဲ့ကာ ဩဂုတ်လ ၂၅ ရက် မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို လေကြောင်းတိုက်ခိုက်မှုမှာလည်း ပြည်သူ ၁၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီက အရပ်သားတွေကို ဦးတည်တိုက်ခိုက်နေတာကြောင့် လေကြောင်းရန်ကာကွယ်ရေးပညာပေး ဟောပြောသရုပ်ပြပွဲနဲ့ ကျန်းမာရေးနဲ့ ပညာရေးကိစ္စရပ်တွေအကြောင်း ဆွေးနွေးပွဲ ပြုလုပ်…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ TRI ဗျူဟာ - အမှတ် ၁၂၂၂ တပ်ရင်းက လေကြောင်းရန်ကာကွယ်ရေးပညာပေး ဟောပြောပွဲ၊ သရုပ်ပြပွဲနဲ့ ကျန်းမာရေးနဲ့ ပညာရေးကိစ္စရပ်တွေအကြောင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြားက ပြုလုပ်ခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှု ဌာန၏ ကော်သူးလေ အစိုးရစစ် စာမေးပွဲ…

ကရင်အမျိူးသားအစည်းအရုံး-KNU ရဲ့ အုပ်ချုပ်နယ်မြေတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပေမယ့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရဲ့ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ပြုလုပ်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

စစ်သင်္ဘောများ သွားလာဖို့ ချင်းတွင်းမြစ်ကမ်းနံဘေး ကျေးရွာများအား စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာမယ့်  စစ်သင်္ဘောတွေအတွက် စစ်ကောင်စီက ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတွေကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြည်သူ ၁၀၀ ဦး သေဆုံးခဲ့

နိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အယောက် ၁၀၀ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်​-ပြည်လမ်းပိုင်းအတွင်း လူကြီးလမ်းကြောင်းစောင့်နေသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၈ဦးသေ ပစ်ခတ်မှုဖြစ်ရာ မင်းလှမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ရန်ကုန်-ပြည်လမ်းပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့ လူကြီးလမ်းကြောင်းစောင့်နေတဲ့ စစ်အုပ်စုတွေ ထိတွေ့မှုဖြစ်ပြီး အထိနာသွားတဲ့ စစ်ကောင်စီက မင်းလှမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။