တနင်္သာရီတိုင်း ၊ တနင်္သာရီမြို့နယ်ရှိ သိန်းခွန်းကျေးရွာအနီးနားမှာ အကြမ်းဖက်စစ်ကော်မရှင်တပ် နဲ့ KNU ပူးပေါင်းတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်တပ်ရဲ့ လေယာဥ်ကို ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန် စက်တင်ဘာ ၁၂ ရက်မှာ မြိတ်လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ချိန် KNU ပူးပေါင်းတပ်က ပစ်ခတ်လိုက်တဲ့အတွက် အဆိုပါလေယာဉ်ကို ထိမှန်သွားတယ်လို့ ဆိုပါတယ်။

” တိုက်ပွဲထဲမှာဖြစ်တာ သူပစ်ကိုယ်ပစ်နေတဲ့အချိန်ပစ်လိုက်တာ ၊ လေယာဉ်ထိသွားတာကို ဘယ်လိုအတည်ပြုလဲဆိုတော့ လေယာဉ်က မီးခိုးထွက်သွားတယ်၊ ဆက်ပြီးမပစ်တော့ပဲ ပြန်လှည့်သွားတယ်” လို့ KNU တပ်မဟာ (၄) မြိတ် – ထားဝယ်ခရိုင် အတွင်းရေးမှူး ဗဒိုစောအယ်နားက မောင်းသတင်းဌာနကို ပြောပါတယ်။

ပစ်ခတ်လိုက်လို့ ထိမှန်သွားတဲ့ လေယာဉ်အခြေအနေကိုတော့ အသေးစိတ်မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ဒီနေ့မနက်မှာလည်း အဆိုပါလမ်းပိုင်းမှာ စစ်ကော်မရှင်တပ် နဲ့ KNU ပူးပေါင်းတပ်တို့ ထပ်မံထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲသလို လေကြောင်းပစ်ကူတွေလည်း အဆက်မပြတ်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့လမ်းပိုင်းကို KNU ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတာကြောင့် အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ ပြန်လည်ရယူလိုတဲ့အတွက် အခုလို ထိုးစစ်ဆင် ပြန်လည်တိုက်ခိုက်နေတာ ၁၀ လဝန်းကျင်လောက် ရှိပြီဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

တနင်္သာရီမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ရိက္ခာကားတန်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ယောက်ခန့် သေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ရိက္ခာပို့ကားတန်းကို  ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ  စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် (ပကဖ) ဆီက သိရပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနက ကလလတ စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ပေးအပ်ခဲ့တယ်လို့ Karenni People’s Voice က သတင်းဖော်ပြထားပါတယ်။
Read More

၂၀၂၆ ခုနှစ်အစတွင် အဆင့်မြင့်ပညာကျောင်းနှင့် ဆေးတက္ကသိုလ်များကို ဖွင့်လှစ်ရန် စီစဉ်နေဟု ဒေါက်တာဇော်ဝေစိုးပြော

“အခုဆိုရင် မြေပြင်ပညာရေးဝန်ကြီးရုံး ၊ မြေပြင်ကျန်းမာရေးဝန်ကြီးရုံး ရှိပါတယ်။ တည်ဆောက်မှုတွေ ပြုလုပ်နေပါတယ်။ ပညာရေးနဲ့ ကျန်းမာရေး အကောင်အထည်ဖော်မှုတွေကို မြေပြင်မှာရှိတဲ့ဆရာ၊ ဆရာမတွေ၊ မြေပြင်မှာရှိတဲ့ ပညာရေးဝန်ဆောင်မှုတွေကို ပေးနေတဲ့ တော်လှန်ရေးအစကတည်းက အခုချိန်ထိပေးနေတဲ့ CDM ဆရာ ၊ဆရာမတွေ အင်အားစုတွေ့နဲ့ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ဆိုရင် CDM ကျန်းမာရေးစောင့်ရှောက်တဲ့သူတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ တွေ့ဖြစ်တယ်.. တိုင်ပင်တယ်၊ ကျနော်တို့ရဲ့ လွတ်မြောက်ဒေသမှာရှိနေတဲ့ ပြည်သူတွေအတွက် အကောင်းဆုံးကျန်းမာရေး ၊ ပညာရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် တိုင်ပင်ဆွေးနွေးပြီး တည်ဆောက်မှုတွေ ပြုလုပ်နေပါတယ် ” လို့ ဒေါက်တာဇော်ဝေစိုးက ဆက်ပြောပါတယ်။
Read More

ယခုနှစ်အတွင်း KIO/ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို စစ်အုပ်စု အသေခံဒရုန်းနဲ့ တိုက်ခိုက်မှု ၆ ကြိမ်အထိ ရှိလာပြီဟု KIA ထုတ်ပြန်

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/ KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို အကြမ်းဖက်စစ်အုပ်စုက အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ တရုတ် အကြင်လင်မယား နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ KIO/ KIA သတင်းပြန်ကြားရေးဌာနတစ်ခုဖြစ်တဲ့ Laiza TV က အောက်တိုဘာ ၁၈ ရက် မနေ့က ညပိုင်းမှာ သတင်းဖော်ပြပါတယ်။
Read More

မန္တလေးတိုင်းထဲက တံတားဦးနဲ့ ငါန်းဇွန်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်တွေမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း သိရပါတယ်။ အောက်တိုဘာ ၃ရက်၊ မနေ့ကမနက်ပိုင်းမှာ တံတားဦးမြို့နယ်၊ ညောင်ပင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကုလားဆိုသူကို လက်နက်ကိုင်အဖွဲ့ ၁ခုက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ပြီး…
Read More

မင်းတုန်း၊ ရွာသစ်ရွာကို မီးဝင်ရှို့တဲ့ စစ်တပ်နဲ့ PDF တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က ၃ယောက်သေ၊ ၂ ယောက် ဒဏ်ရာရ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ စစ်ကြောင်းဝင်လာတဲ့ အကြမ်းဖက်စ စ်သားတွေက ရွာသစ်ကျေးရွာကို မီးရှို့ဖျက်ဆီးရင်း ဆုတ်ခွာရာလမ်းပိုင်းတွေပေါ်  မိုင်းတွေထောင်သွားခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။