စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းက ကလေး-တမူးလမ်းပိုင်းကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ထိတွေ့တိုက်ပွဲတွေရှိနေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မူးယစ်ဆေးသုံးစွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေအပြင် ကသည်းလက်နက်ကိုင် (ULFA) ၊ SNA ရှမ်းနီနဲ့ နာဂ (NSAC) တွေကိုပါ အသုံးပြုပြီး စစ်ကြောင်းထိုးနေတာလို့ စစ်ရေးသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်က ကလေးမြို့နယ် မြောက်ပိုင်းရှိ စခန်းကြီးရွာကနေ အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို နန်းစောင်းပုရွာသစ်နားမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀က ဗိုလ်မှူး ရဲမျိုးမင်းနဲ့ ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီးနိုင်ဝင်းစိုးတို့ ဦးဆောင်ပြီး ခမရ -၃၆၁၊ ၃၆၂၊ ၃၆၃ နဲ့ ဆသရ-ဆသရ၆၊ ခလရ-၈၇၊ ခလရ-၂၂၉နဲ့ SNAတပ်တွေအပြင် သြဂုတ်လ အတွင်းက ခန္တီးခရိုင်ဘက်ကန သဘော်တွေနဲ့စုန်ဆင်းလာတဲ့ အိန္ဒိယနိုင်ငံသား ကသည်း (ULFA) သူပုန်တွေ နဲ့ နာဂ(NSAC) တပ်တွေပါတဲ့ စစ်ကြောင်းဟာ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ တွေ့ပြီးအထိနာခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း ကသည်းသူပုန်အပါ စစ်သုံ့ပန်း ၇ ယောက် ဖမ်းဆီးရမိခဲ့ပြီး အလောင်း ၄ လောင်းနဲ့ လက်နက် ၅ဘလက်အပြင် ခဲယမ်းတွေ မူးယစ်ဆေးတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၆ရက်နေ့တည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး သြဂုတ်လ ၁၅ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း အကြမ်းဖက်စစ်သား ၃ ယောက်သေဆုံးပြီး စစ်သုံ့ပန်း ၁ ယောက်နဲ့ လက်နက်မျိုးစုံံ ၁၀ လက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ကလေး-တမူးလမ်းပိုင်းခေါ် အာရှလမ်းပိုင်းကနေ တမူးနဲ့ ခမ်းပတ်ဘက် သွားနိုင်အောင် စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာလို့လည်း သိရပါတယ်။
လက်ရှိိမှာလည်း စစ်​ကြောင်းတွေ ထိုးနေဆဲဖြစ်သလို ကလေးအခြေစိုက် အမတတပ်အတွင်းကနေ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေအပြင် တော်လှန်ရေးတပ်တွေနဲ့လည်း ထိတွေ့မှုတစ်ချို့ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုအနေနဲ့ ကလေးနယ်အတွင်းက တိုက်ပွဲတွေမှာ ပထမဆုံးအကြိမ်အဖြစ် ကသည်းနဲ့ နာဂတပ်ဖွဲ့တွေကို အသုံးပြုလာတယ်လို့လည်း စစ်ရေးအရင်းမြစ်က ပြောပါတယ်။

“ထိ​တွေမှု​နေ့စဥ်ရှိ​နေပါတယ်။ သူတို့တိုး​တော့မတိုးနိင်​သေးပါဘူး။ သူတို့က စခန်းကြီးက​နေ နန်း​စောင်းပု ကို​ကျော်ပြီး အာရှလမ်းအတိုင်း သွားမှ ရမှာဆိုတော့ထိုးနေတာပေါ့။ ဒါပေမယ့် နန်​သောင်းပု နဲ့ ကန်သာယာကို​သူတို့မ​ကျော်နိင်​သေးပါဘူး။ အရင်က အိန္ဒိယနဲ့ထိစပ်နေတဲ့ တမူးခရိုင်ထဲမှာပဲ ကသည်းတွေကိုသုံးတာရှိတယ်။ က​​လေးခရိုင်ထဲကတိုက်ပွဲ​တွေမှာတော့မရှိပါဘူး ခုက ပထမဆုံးပါ။ နာဂ​တွေကိုလည်း ဟုမ္မလင်းနဲ့ခန္တီးဘက်ကနေ ​ခေါ်လာတာပါ။” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာ ကလေးမြို့နယ်​​​မြောက်ပိုင်းအပြင် တောင်ပိုင်းက ကလေး-ဂန့်ဂေါလမ်းပိုင်းဘက်မှာလည်း စစ်ကြောင်းတွေ ထိုးနေတာကြောင့် နှစ်ဖက် ထိတွေ့မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ပုံအဟောင်းတွေကို အသုံးပြုထားပါတယ်။
0 Shares:
You May Also Like
Read More

သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ဗုံး ၄ လုံး ကြဲချမှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၁၃ လုံး ပျက်စီး

ရှမ်းပြည်နယ်အတွင်း တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားရာ သီပေါမြို့ကို အကြမ်းဖက်စစ်တပ်က ထပ်မံလေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၃ လုံး ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဒေါနတပ်ရင်းကို အလင်းဝင်ရောက်ခဲ့သူ ၁၈ ဦး PDF အဖြစ် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေ…

" သူတို့စုဆောင်းခံရပုံက အတော်တူကြပါတယ်။ စစ်မှုထမ်းစာရင်းမပါပဲ၊ မဲမနိူက်ရပဲနဲ့ ပုံမှန်အလုပ်သွား၊ အလုပ်ပြန်လုပ်နေရင်း ညနေဘက်မှာ ဖမ်းခံရတာပါ။အဲ့လိုကနေမှရဲစခန်း၊ သင်တန်းစုဆောင်းရေးတွေကိုပို့ခံရတယ်ပေါ့။ နေရာတွေကတော့ အစုံပဲ။ တနင်္သာရီပါတယ်။ ဧရာဝတီတိုင်း၊ ပဲခူး၊ မွန် စသဖြင့်ပေါ့နော်။ "
Read More

OWIC ကတ် ပြန်ထုတ်ပေးမည်ဟု စစ်ကောင်စီ ကြေညာ

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကို လာမယ့် မတ်လ ၂၀ ရက်ကစပြီး ထုတ်ပေးသွားမယ်လို့  စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကနေ မတ်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလာပါတယ်။
Read More

စစ်အုပ်စုကို K.N.D.O ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ရာ သေနတ် ၆ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် K.N.D.O တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာရှင်တိုက်ဖျက်ရေး တိုက်ပွဲများအတွင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် KIA ရဲဘော်များ၏ မင်္ဂလာဆောင်အခမ်းအနား

ကချင်ပြည်နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ရဲဘော်တွေရဲ့ မင်္ဂလာပွဲအခမ်းအနားကို မေ ၇ ရက် မနေ့က KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

DMO PDF အမှတ် (၁၁၀၆) တပ်ရင်း ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ DMO PDF အမှတ် (၁၁၀၆) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။