ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်းကာကင်းစခန်းမှာ တာဝန်ကျနေတဲ့ ပြည်သူ့စစ်မှုထမ်းတစ်ယောက် လက်နက်ခဲယမ်းတွေယူဆောင်ကာ အလင်းဝင်ရောက်လာပြီးတဲ့နောက် နှစ်ဝက်ကျော်အတွင်း ဘက်ပြောင်းခိုလှုံလာသူ ၃၅ ယောက်အထိ ရှိပြီဖြစ်ကြောင်း ပဲခူးခရိုင် အမှတ် (၂) တပ်ရင်း၊ P2-3702 တာဝန်ရှိသူ ၁ယောက်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်တပ်ထံ စစ်မှုထမ်းအဖြစ်ရောင်းစားခံခဲ့ရသူ ၁ယောက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ သေနတ် ၁ လက် ကျည်ဆံတွေနဲ့အတူ ပဲခူးခရိုင် အမှတ် (၂) တပ်ရင်းထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူဟာ ကရင်ပြည်နယ် မြဝတီမြို့မှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ ကြိုးစားရာက အလိမ်ခံရပြီး စစ်မှုထမ်း (ပစ) အဖြစ် ရောင်းစားခံခဲ့ရသူဖြစ်တယ်လို့လည်း ပဲခူးခရိုင် အမှတ် (၂) တပ်ရင်း၊ P2-3702 တာဝန်ရှိသူ ၁ ယောက်က ပြောပါတယ်။

အလင်းဝင်ရောက်လာသည့် စစ်မှုထမ်းတပ်သား လက်နက်လွှဲပြောင်းပေးအပ်နေစဥ်

“ဒီအလင်းဝင်လာတဲ့တစ်ယောက်က မြဝတီကို အလုပ်သွားလုပ်မလို့ အေးဂျင့်နဲ့ချိတ်ရင်း ရောင်းစားခံရတယ်..အဲ့သဘောပေါ့။ အပတ်စဥ်(၁၃) သင်တန်းဆင်းပါ။ စစ်တပ်ထဲရောက်တာ ၄လလောက်ရှိပါပြီ။ ကျနော်တို့စစ်ကွက်ကို သူ့ဘာသာရောက်လာရင်း အလင်းဝင်တာပါ။” လို့ ပဲခူးခရိုင် အမှတ် (၂) တပ်ရင်း၊ P2-3702 တာဝန်ရှိသူ၁ယောက်က မောင်းကို ပြောပါတယ်။

အလင်းဝင်ရောက်လာသူဟာ သူနဲ့အတူ MA 1 သေနတ်၁လက်၊ ကျည်ဘောက် ၅ ခု နဲ့ ကျည် ၁၅ဝတောင့် ယူဆောင်လာခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိ ၂၀၂၅ နှစ်အတွင်း ပဲခူးခရိုင် အမှတ် (၂) တပ်ရင်း၊ P2-3702 ထံ ဘက်ပြောင်းခိုလှုံလာသူ  ၃၅ယောက်ရှိနေပြီဖြစ်ကြောင်းနဲ့ အများစုဟာ စစ်မှုထမ်းတပ်သားတွေဖြစ်တယ်လို့လည်း ပဲခူးခရိုင် အမှတ် (၂) တပ်ရင်း၊ P2-3702 တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အလိုမတူဘဲ စစ်မှုထမ်းစုဆောင်းခံရသူတွေအနေနဲ့ တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့တွေကို အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ကြဖို့နဲ့ ဝမ်းမြောက်ဝမ်းသာကြိုဆိုနေမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

ခလရ ၂၇၃ နှင့် ခမရ ၁၀၁ မှ စစ်ကောင်စီတပ်သား ၂ ဦး ဒေါနစစ်ကြောင်းဆီ လက်နက်နှင့် အလင်းဝင်…

တနင်္သာရီတိုင်းအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ်(၂၇၃) ခြေလျင်တပ်ရင်းနဲ့ အမှတ်(၁၀၁) ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက်ဟာ ဒေါနစစ်ကြောင်းဆီ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ ချေမှုန်းရေးတပ်ခွဲ(၇) - Launglone Peninsula Force က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နွေဦးဖွံ့ဖြိုးရေးဘဏ် အသုံးပြုသူတွေက ရေဘေးသင့် ပြည်သူတွေအတွက် ထပ်မံရရှိတဲ့ လှူဒါန်းငွေ ကျပ်သိန်း ၈၀၀ အထိ ရှိလာ

လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရံပုံငွေအဖြစ် နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) အသုံးပြုသူတွေက ကျပ်သိန်း ၈၀၀ အထိ ထပ်မံလှူဒါန်းထားတယ်လို့ SDB က ထုတ်ပြန်ထားပါတယ်။
Read More

ဟားခါးတွင် အရပ်သားဟန်ဆောင် သတင်းထောက်လှမ်းနေသည့် ရဲ ၂ ဦးကို ဖမ်းဆီးရမိ…

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အရပ်သားပြည်သူ ဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေတဲ့ ရဲ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force - Hakha က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးရဲဘော်သစ်တွေကို MBT တပ်ဖွဲ့ ဖိတ်ခေါ်နေ

မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) ကနေ တော်လှန်ရေးရဲဘော်အသစ်တွေကို ဖိတ်ခေါ်နေကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရပါတယ်။ 
Read More

မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေထံမှ ငြိမ်းချမ်းရေးယူလိုကြောင်း သက်သေပြနိုင်မှာသာ တွေ့ဆုံနွေးနွေးမယ်လို့ မင်းအောင်လှိုင်ပြော

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထံကနေ ငြိမ်းချမ်းရေးလိုလာကြောင်းပြသမှသာ နိုင်ငံရေးအရ ဆွေးနွေးမှု လုပ်ဆောင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်
Read More

ပြည်သူများအပေါ် အနိုင်ကျင့်နေသည့် ပျူစောထီးခေါင်းဆောင်ကို MBT အဖွဲ့ ဖမ်းဆီး

“အဓိကကတော့ မြို့ပေါ်မှာ တခြားစစ်ဆင်ရေးလုပ်ဖို့အတွက် အသွင်ယူပြီးသွားတဲ့အချိန်မှာ သူနဲ့ တွေ့တာပေါ့နော်။ သူ့ကိုတွေ့တဲ့ အချိန်မှာ ဖမ်းဆီးလာတယ်။ သွားလုပ်တဲ့ မစ်ရှင်ကို ဖျက်ခဲ့လိုက်တယ်ပေါ့နော်။ သူ့ကိုပဲ အဓိက ဖမ်းဆီးလာခဲ့လိုက်တယ်။ ပျူခေါင်းဆောင်ဆိုတော့လေ။ သူနဲ့ကလည်း ရုန်းရင်းဆန်ခတ်တော့ မဖြစ်လိုက်ဘူး…. တသာတကြည်ပဲ လိုက်လာတာပေါ့နော်။ အဲ့လို အနေအထားပါ” လို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။