စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာက တပ်မ (၃၃) လက်အောက်ခံ၊ ခမရ (၁၆) ဗိုလ်မှူးသူရိန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်က ၃ယောက်သေဆုံးပြီး စစ်သုံ့ပန်း ၄ ယောက်နဲ့ လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။

ကနီမြို့နယ်၊ ချောင်းမကျေးရွာက အင်အား (၁၀၀) ပါ အကြမ်းဖက်စစ်ကြောင်းကို စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ PDF တပ်ရင်းတွေ၊ ပကဖတွေနဲ့ မဟာမိတ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

သိမ်းဆည်းရရှိသည့်လက်နက်များနှင့် ဖမ်းဆီးရမိသော သုံ့ပန်းများအား တွေ့ရစဥ်

အဲ့ဒီတိုက်ခိုက်မှု​အတွင်း စစ်အုပ်စုဘက်က အထိနာပြီး ဘန့်ဘွေးပျူစောထီးရွာဆီ ပြန်ပြီးဆုတ်ခွာသွားချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက လမ်းကနေ ထပ်မံ ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စု အလောင်း ၃ လောင်းနဲ့အတူ သုံ့ပန်း၄ယောက်၊ MA-1 သေနတ် (၄) လက်၊ MA-3 သေနတ် (၁) လက်၊ MG-3 သေနတ် (၁) လက်၊ MAS စနိုက်ပါ (၁) လက်၊ ဂျမ်ပါ (၁) လုံးအပါအဝင် တခြားစစ်အသုံးအဆောင် ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးပစ်ခတ်တာတွေပါ လုပ်ဆောင်ခဲ့လို့ တော်လှန်ရေးတပ်တွေဘက်မှာလည်း ထိခိုက်မှုတွေရှိခဲ့ပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်တပ်က ယင်းမာပင်ခရိုင်အတွင်းက ကနီအပါအဝင် ပုလဲမြို့နယ်မှာလည်း စစ်ကြောင်းထိုးဝင်​ရောက်နေတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

မင်းလှမှာ USDP ရုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်..

“ကျွန်တော်တို့ အချိန်ယူ ပြင်ဆင်တိုက်ခိုက်ခဲ့တာပါ။ မြို့တွင်းနေရာဖြစ်နေတော့ ပြည်သူ မထိခိုက်ရေး အဓိကထား လုပ်ဆောင်ခဲ့ပါတယ်” လို့ မြေအောက်ပျောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နောင်ချိုရှိ ရှဲဆန်သတ္တုကုမ္ပဏီကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်အတွင်းက ရှဲဆန်သတ္တုကုမ္ပဏီကို ဟန်ပြအပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

စစ်တိုင်းမှူး အပြောင်းအလဲလုပ်အပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ဒု-စစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိလာ… ဧရာဝတီကို AA ဝင်လာရင် အစွမ်းကုန်တုံ့ပြန်ဖို့အတွက် ပြင်ဆင်ထားရန် ညွှန်ကြားဟုဆို

အကြမ်းဖက်စစ်ခေါင်းဆောင် မင်အောင်လှိုင်က စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အပြောင်းအလဲ ပြုလုပ်ခဲ့အပြီး၊ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ နတခ တိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၇ ရက် မနေ့က ရောက်ရှိလာခဲ့တယ်လို့ နတခ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ငါန်းဇွန်မှာ စစ်တပ်ယာဥ်တန်း ပြောက်ကျားတိုက်ခိုက်ခံရပြီး ၃ယောက်သေ၊ အရာရှိ၁ယောက်အပါအဝင် အများပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ မြို့သာမြို့ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်ယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက်သေဆုံးပြီး၊ အရာရှိအပါအဝင် အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ ( မြင်းခြံ) ခေါင်းဆောင် ကိုသက်ကြီးက မောင်းကိုပြောပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းတွင် ထွေအုပ်ရုံးက အိမ်စီးကား တိုက်ခိုက်ခံရ၊ ၃ ပွင့်ဗိုလ်အပါ ၃ ဦး သေပြီး လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးထွေရုံးကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီအိမ်စီးကားကို စောင့်ကြိုတိုက်ခိုက်ရာ ၃ ပွင့် ဗိုလ်အပါ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း Brave Heart Army အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပြည်သူတွေ သီတင်းကျွတ်ကို တော်လှန်သီတင်းကျွတ်အဖြစ် ဆင်နွှဲဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

မကြာခင်ရောက်ရှိလာတော့မယ့် သီတင်းကျွတ်ကာလမှာ ပြည်သူတွေအနေနဲ့ ဆီမီးသပိတ်ဆင်နွှဲပြီး တော်လှန်သီတင်းကျွတ်အဖြစ်ဆင်နွှဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်ဖို့ သပိတ်အင်အားစုတွေက နှိုးဆော်လိုက်ပါတယ်။