ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်မှာ ငါးခိုးဖမ်းတဲ့ လှေ ၅ စီးကို ဖမ်းဆီးရမိရာ လှေ ၁ စီးက အကြမ်းဖက်သမားတွေဟာ အရာရှိ ၁ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ (၁၀) ရက် မနေ့က နေ့လယ်ပိုင်းမှာ ရသေ့တောင်မြို့နယ်အတွင်းရှိ ကိုးတန်ကောက်ကျေးရွာရဲ့ အနောက်ဘက် (၆.၇၅) ကီလိုမီတာခန့် အကွာနဲ့ ချိန်ခါလီရွာအနောက်ဘက် (၆.၇၂) ကီလိုမီတာ ခန့်အကွာမှာ ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းဘုတ် အစီး (၈၀) ခန့်ဟာ အာရက္ခ ရေပိုင်နက်အတွင်း အစုလိုက်အပြုံလိုက် တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါလှေတွေကို AA ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးရာ ငါးခိုးဖမ်းဘုတ် (၅) စီးကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနဲ့အညီ စိစစ်ဆောင်ရွက်ဖို့ ညပိုင်းမှာ ကမ်းစပ်ကို ခေါ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ AA ရေပိုင်နက်အတွင်း ခိုးဝင်လာသည့် တည်နေရာပြမြေပုံ (ဓာတ်ပုံ AA Info Desk)

အဆိုပါ ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းဘုတ် (၅) စီးထဲက ငါးဖမ်းသမားတွေအဖြစ် ဟန်ဆောင်လိုက်ပါလာတဲ့ ငါးခိုးဖမ်းဘုတ် (၁) စီးက အကြမ်းဖက်သမားတွေဟာ ကမ်းခြေလုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ AA ရဲ့ လုံခြုံရေးအရာရှိ တစ်ယောက်နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တစ်ယောက်ကို သတ်ဖြတ်ကာ လက်နက်တွေ လုယူပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲကို ထွက်ပြေးသွားခဲ့တယ်လို့ AA က ဆိုပါတယ်။

အာရက္ခရေပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းသူတွေကို AA က ဖမ်းဆီးစစ်ဆေးခဲ့တာ အကြိမ်ပေါင်းမြောက်မြားစွာရှိခဲ့ပြီဖြစ်ပြီး နှစ်ဖက်အပြန်အလှန်လေးစားမှုနဲ့ အကြိမ်ကြိမ် ပြန်လည်လွှဲပြောင်းပေးအပ်ကာ အကြိမ်ကြိမ် သတိပေးခဲ့ပြီးဖြစ်တယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုတစ်ကြိမ်ကတော့ အာရက္ခရေပိုင်နက်အတွင်း အစုလိုက်အပြုံလိုက် ဗြောင်ကျကျ ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းရုံသာမက ကမ်းခြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသူတွေကိုပါ သတ်ဖြတ်ပြီး လက်နက်လုယူတဲ့ အကြမ်းဖက်လုပ်ရပ်မျိုးဖြစ်တာကြောင့် ထိထိရောက်ရောက် ကိုင်တွယ်လုပ်ဆောင်သွားမယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

ပွင့်ဖြူ PDF ၊ ပွင့်ဖြူ ပကဖ နဲ့ Yenanthar Youth Force တို့ရဲ့ စုပေါင်းကထိန် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း (ပွင့်ဖြူ PDF) ၊ Yenanthar Youth Force နဲ့ ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စုပေါင်းကထိန်ပြုလုပ်ခဲ့တယ်လို့ ပွင့်ဖြူ PDF က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မြင်းခြံတွင် ၂ ရက်အတွင်း အယောက် ၃၀ နီးပါး ပေါ်တာဆွဲခံရဟု ဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ၂ ရင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံရသူ အယောက် ၃၀ နီးပါး ရှိနေပြီလို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံက သိရပါတယ်။
Read More

၂၀၂၅ တော်လှန်ရေးခရီး ‘ဆက်လျှောက်’ ကြဖို့ တိုက်တွန်းလှုပ်ရှားမှု

၂၀၂၄ ခုနှစ် ကုန်ဆုံးလို့ ၂၀၂၅ ကို ရောက်လာချိန်မှာလည်း အကြမ်းဖက် စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကို ခေါင်းငုံ့မခံဘဲ အာဏာရှင်တွေကို ဆန့်ကျင်ကြဖို့ Keep Moving On - ဆက်လျှောက် ဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို နှစ်သစ်ရဲ့အစ ဒီနေ့ ဇန်နဝါရီ ၁ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးအပါ စစ်ရေးအရှိန်မြှင့်သွားမည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့က အထူးစစ်ဆင်ရေး အပတ်စဥ် (၈) သင်တန်းသားများ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) က သင်တန်းလေ့ကျင့်ရေးအပတ်စဥ် (၈) အတွက် သင်တန်းသား၊ သင်တန်းသူတွေ စတင် စိစစ်လက်ခံနေပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပြည်ပသာမက ပြည်တွင်း delivery လုပ်ငန်းအချို့ပါ ခတ္တရပ်နားထားရ

အာဏာသိမ်း စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းထဲမှာပါ delivery service (အမြန်ချောပို့) လုပ်ငန်းတွေကိုလည်း သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထားတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။
Read More

စစ်မှုထမ်းကိစ္စကို အောက်ခြေမှာ ဥပဒေကျော်လွန် လုပ်ဆောင်မှုများ ရှိနေသည်ဟု အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဝန်ခံ

အောက်ခြေမှာ ဥပဒေကို ကျော်လွန်ပြီး စစ်မှုထမ်းဆင့်ခေါ်မှုတွေရှိနေလို့  ပြဿနာအမြောက်အမြားကို ဖြေရှင်းနေရတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။