မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Voice Of Mandalay ထံက သိရပါတယ်။

စက်တင်ဘာ ၁၀ ရက် မနေ့ နေ့လယ် ၁နာရီကျော်မှာ မတ္တရာအရှေ့ခြမ်းရှိ ရှားစေးချက်လေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရွာထဲမှာရှိတဲ့ ဦးစိုး (၆၃ နှစ်)၊ ဦးကြည်ဝင်း (၅၉ နှစ်)၊ ဒေါ်အင်း (၅၅ နှစ်)၊ သဲစုမွန် (၂၄ နှစ်) နဲ့ ပြည့်ဖြိုးအောင် (၂၉ နှစ်) တို့ ထိမှန်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေဟာ လက်ရှိမှာ ဆေးကုသမှုခံယူနေပြီး သူတို့ထဲက ဦးခေါင်းနဲ့ နောက်ကျောကို ထိမှန်ခဲ့တဲ့ ဒေါ်အင်းကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နွား ၇ကောင်၊ ဝက် ၁ကောင်နဲ့ ကြောင် ၁ကောင်တို့ သေဆုံးခဲ့ပြီး နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

“ဒဏ်ရာရတဲ့လူတွေက ဆေးကုသမှု ခံယူနေရတုန်းပါပဲ။ ဘာထိတွေ့မှုမရှ မရှိဘဲ ဒီအတိုင်း လေကြောင်းနဲ့ လာကြဲသွားတာ၊ ဒေသခံတွေကတော့ ရှောင်တိမ်းကြရတယ်” လို့ Voice Of Mandalay က မောင်းကို ပြောပါတယ်။

အဲဒီနေ့မှာပဲ မတ္တရာအရှေ့ခြမ်းက ဆိပ်သာရွာကို အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ကာ စက်လက်နက်တွေလည်း ထပ်မံပစ်ခတ်ခဲ့တာကြောင့် နေအိမ်အများအပြား ထိမှန်ပျက်စီးသွားခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၄ရက်နဲ့ ၅ရက်နေ့တွေမှာလည်း မတ္တရာမြို့နယ် ရေနံသာ အနီးတဝိုက်နဲ့ ဆည်တော်လမ်းခွဲအနီးကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံ ၆ယောက် ဒဏ်ရာရပြီး ၁ယောက် သေဆုံးခဲ့ပါသေးတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၀ ရက်နေ့အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် မိန်းကလေး (၂၇) ယောက်နဲ့ ယောက်ျားလေး (၂၉) ယောက်၊ စုစုပေါင်း (၅၆) ယောက် သေဆုံးခဲ့တာကို နာမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ အရေအတွက်ထဲမှာ (၃၉) ယောက်ဟာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

ရှားစေးချက်လေးရွာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်ခဲ့ပုံ (ဓာတ်ပုံ Voice Of Mandalay)

0 Shares:
You May Also Like
Read More

ဟာခါး-ထန်တလန် အနီးက စစ်ကောင်စီစခန်း ၄ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက် စစ်ကောင်စီ အရာရှိတွေအပါ အများအပြား သေ၊ လက်နက်ခဲယမ်းများစွာ ရရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့အနီးက သီမြစ်လွင်ပြင်ဒေသမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၄ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကျောက်တံခါးရှိ သူဌေးကုန်းရွာ စစ်တပ်ကာကင်းစခန်းကို PDF နှင့် KNLA တို့ ဝင်ရောက်တိုက်ခိုက်၊ လက်နက်မချဘဲ ပြန်ခုခံသည့် စစ်သားအလောင်း ၅ လောင်းနှင့် လက်နက်တချို့ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်က သူဌေးကုန်းရွာ စစ်ကောင်စီကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ချေမှုန်းရာမှာ စစ်ကောင်စီအလောင်း ၅ လောင်းနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Spring Warriors Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ နိုင်ပြီ…

ဒီကနေ့ညမှာ ကျင်းပတဲ့ One Championship မွေထိုင်းပွဲစဥ်မှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ က ထိုင်းဖိုက်တာ ဂျူနီယာဖဲတက်စ်ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူသွားပါတယ်။
Read More

ထီးလင်းမြို့နယ်မှာ လူထုအသိပညာပေး လူ့အခွင့်အရေးဟောပြောပွဲ ပြုလုပ်…

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ ကျေးရွာတစ်ခုမှာ ပြီးခဲ့တဲ့ ဩဂုတ်လက လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အသိပညာပေးဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း CDM ဝန်ထမ်း ၁၂၀၀ ကျော်အတွက် သိန်း ၇၀၀ ကျော် ထောက်ပံ့ခဲ့တယ်လို့ CRPH ထုတ်ပြန်

ပြည်သူ့ဘက်ကိုရပ်တည်နေတဲ့ အလွှာစုံက CDM ဝန်ထမ်းပေါင်း ၁၂၀၀ ကျော်အတွက် ငွေကျပ် သိန်း ၇၀၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းတွင် အကြမ်းဖက်စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သစ်ရောင်းပြင်ရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၂ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။