စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကုက္ကိုကုန်းရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Chindwin Toe Na Yar PDF က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၉ ရက်က ပုလဲမြို့နယ် ကုက္ကိုကုန်းရွာက ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ရှေ့ထွက်မိုင်း ၆ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်အုပ်စုကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်အမှတ် (၂၉)တပ်ရင်းက တပ်ခွဲ ၂ မြေပြန့်ကျားနဲ့ တပ်ခွဲ ၄ ချင်းတွင်းတိုးနယား PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Chindwin Toe Na Yar PDF

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် တပ်မ ၁၀၁ မှ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ယောက်သေခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လင်းကတောရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းကနေ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဧပြီ ၁ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေ ခုခံတိုက်ခိုက်ခဲ့ တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၅ ထံက သိရပါတယ်။
Read More

မြဝတီ KK Park အတွင်းရှိ အဆောက်အအုံများကို စစ်ကော်မရှင် ဖောက်ခွဲဖျက်ဆီးထားမှု မြင်ကွင်း (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ တည်ရှိရာ KK Park အတွင်း အဆောက်အအုံ ၁၄၈ လုံးရှိတဲ့အနက် ၁၀၁ လုံးကို ဖျက်ဆီးပြီးသွားပြီလို့ စစ်တပ်လက်အောက်ခံ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောများအား ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်များ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်ဖြူရှင်တံတားဘက်ကနေ မုံရွာဘက်ဆီ ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေကို ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်တွေက ချင်းတွင်းမြစ်ကမ်းနံဘေးကနေ ရှေ့ထွက်မိုင်းနဲ့ လက်နက်ငယ်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
Read More

ရေစကြိုမြို့မရဲစခန်းကနေ လမ်းကင်းယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်မှု ၅ ဘောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်းရေစကြိုမြို့နယ် မြို့မရဲစခန်းကနေ လမ်းကင်းယူဖို့ ထွက်လာတဲ့ အင်အား ၁၅ ယောက် ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို ဒီဇင်ဘာ ၂၈ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ ၅ ယောက် အပြင်းအ ထန်ဒဏ်ရာရရှိသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်ထံက သိရပါတယ်။
Read More

မုံရွာမြို့နယ် ပေါ်တာဆွဲဖို့ အိမ်စီးကားနဲ့ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု ၄ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ ဇန်နဝါရိ ၁၆ ရက် ညပိုင်းက ပေါ်တာဆွဲဖို့ အိမ်စီးကားနဲ့ ကင်းပတ်လာ တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၂၂ နတ်ဆိုးတပ်ရင်းထံက သိရပါတယ်။