စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်ကို ထိုးစစ်စင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း (၇) ယောက် ဖမ်းဆီးရမိပြီး အလောင်း (၄) လောင်းနဲ့ လက်နက် (၅) လက် သိမ်းဆည်းရမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂) ရက်က စစ်ကော်မရှင်ရဲ့ ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀ က ဗိုလ်မှူး ရဲမျိုးမင်းနဲ့ ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး နိုင်းဝင်းစိုးတို့ ဦးစီးတဲ့ ခမရ (၃၆၁၊ ၃၆၂၊ ၃၆၃)၊ ဆသရ-၆၊ ခလရ (၈၇၊ ၂၂၉)၊ SNA တို့အပြင် အိန္ဒိယနိုင်ငံသားတွေဖြစ်တဲ့ ကသည်း (ULFA)နဲ့ နာဂ (NSCN) သူပုန်တပ်ဖွဲ့ အင်အား (၁၃၀) ခန့် ထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင် ပူးပေါင်းစစ်ကြောင်းကို ကလေးခရိုင် ကွပ်ကဲရေးမှူး ဦးစီးတဲ့ ကလေးခရိုင် အမှတ် (၁၊ ၃၊ ၄) တပ်ရင်း၊ အထူးလှုပ်ရှား (၅၊ ၆) တပ်ရင်း၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ ကလေးခရိုင် အထူးစစ်ကြောင်း၊ ကလေးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နဲ့ Zoland PDF ပူးပေါင်းအဖွဲ့တို့က တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအပြီး စစ်ကော်မရှင်တပ်ဆီက MA-1 (၃) လက်၊ MA-3 (၁) လက်၊ MA-11 (၁) လက်၊ 7.62 ကျည် (၂၇၇) တောင့်၊ 5.56 ကျည် (၈၉) တောင့်၊ RPG ဗုံးသီး (၁) လုံး၊ RPG ပို့ယမ်း (၃) ခု၊ နင်းမိုင်း (၁၂) ခု၊ မိုင်းရှင်းစက် (၁) ခု၊ ကျည်အိမ်မျိုးစုံ (၁၉) ခုနဲ့ မူးယစ်ဆေး အမျိုးအစား (၃) မျိုး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ ဗုံးချတိုက်ခိုက်တာတွေ နေ့စဉ်ပြုလုပ်ခဲ့တဲ့အပြင် လေကြောင်း တိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကော်မရှင်အနေနဲ့ ကလေးခရိုင်အတွင်း အိန္ဒိယနိုင်ငံသားတွေဖြစ်တဲ့ ကသည်း (ULFA)နဲ့ နာဂ (NSCN) သူပုန်တပ်ဖွဲ့တွေကို အခုနှစ် ဩဂုတ်လမှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး အဆိုပါအဖွဲ့တွေက ဩဂုတ်လအတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း ခန္တီးခရိုင်ထဲကနေ စုန်ဆင်းလာတဲ့ သင်္ဘောတွေနဲ့ ပါလာခဲ့တာဖြစ်တယ်လို့ အမှတ် ၁ စစ်ဒေသရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်အနေနဲ့ ဩဂုတ် (၆) ရက်ကစလို့ ထိုးစစ်ဆင် တိုက်ခိုက်လာတာဖြစ်ပြီး ဩဂုတ်လ (၁၅) ရက်မှာလည်း တော်လှန်ရေးတပ်တွေက စစ်ကော်မရှင်တပ်ကနေ သုံ့ပန်း (၁) ယောက်၊ အလောင်း (၃) လောင်းနဲ့ လက်နက်မျိုးစုံ (၁၀) လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ဒုကြပ်တပ်အပါအဝင် စစ်သား ၃ ဦး BNRA တပ်ဖွဲ့ထံ လက်နက်နှင့် အလင်းဝင်

စစ်ကိုင်း တပ်မ (၃၃) က ဒုတပ်ကြပ် (၁) ယောက်နဲ့  ပုလဲမြို့ခံတပ်က တပ်သား (၂) ယောက် လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (B.N.R.A) တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

စစ်ဒေသတွေတိုးချဲ့နေတဲ့ BPLA က အညာဒေသအတွက် တပ်သားသစ်တွေ ခေါ်ယူ

စစ်ဒေသတွေတိုးချဲ့နေပြီး အညာဒေသမှာအခြေစိုက်မယ့် BPLA ကတပ်သားသစ်များ ခေါ်ယူ နေတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ်မှ ဦးကျော်ဇော် အနားယူ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူနဲ့ မြိုင်အစပ်က ကျေးရွာတွေကို အထိနာနေတဲ့ စစ်အုပ်စု စစ်​ကြောင်းဝင်နေလို့ ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းဝင်မီးရှို့ပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
Read More

မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်နှင့် တိုက်ခိုက်ရင်း Loikaw Local PDF မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်ရင်း လွိုင်ကော်မြို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) က ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်- မုံရွာလမ်းပိုင်းမှာ PDF တွေ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ် (ဓာတ်ပုံသတင်း)

အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ၄ နာရီကျော်ကြာ လုံခြုံရေး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။