တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ထမင်းမစားကျေးရွာ စစ်တပ်စခန်း ပြန်လည်ရရှိရေး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ရာ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်က သူတို့ လက်လွှတ်ခဲ့ရတဲ့ ထမင်းမစားရွာရှိ တပ်စခန်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာလ (၉) ရက်ကစပြီး ပြန်လည်စစ်ကြောင်းထိုးလာတယ်လို့ ဆိုပါတယ်။

အဆိုပါအကြမ်းဖက်စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A), (KNDO)ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ KNU က ဆိုပါတယ်။

ခုခံတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က ပြည်သူ့စစ်တွေ အပါအဝင် (၁၅) ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး စက်တင်ဘာလ (၁၀) ရက်မှာတော့ စစ်ကြောင်း နောက်ပြန်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။

ထမင်းမစားရွာက အကြမ်းဖက်စစ်တပ်စခန်းကို စက်တင်ဘာလ (၈)ရက် မနက်ပိုင်းမှာ K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ(၄) လက်အောက်ခံ KNDOတပ်ရင်း(၇)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၅)၊ KNLA အထူးတပ်ဖွဲ့၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါတပ်စခန်းဟာ စစ်ကော်မရှင်တပ်ရဲ့ ခလရ (၂၈၀) တပ်ရင်း၊ အမတ(၃၀၉) တပ်ရင်း၊ အမှတ်(၁၂) တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ အင်အား (၄၀) ကျော် တပ်စွဲထားတဲ့ တပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။

KNDOတပ်ရင်း(၇)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၅)၊ KNLA အထူးတပ်ဖွဲ့၊ ပလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ရှေ့တန်းတိုက်ပွဲပုံရိပ်များ (ဓာတ်ပုံ KNU – Mergui-Tavoy District)

0 Shares:
You May Also Like
Read More

အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ STUM အဖွဲ့ဝင် ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

မြန်မာနိုင်ငံက အလုပ်သမားတွေ အခွင့်အရေးအပြည့်အဝရရှိရေး ဆောင်ရွက်နေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) အဖွဲ့ရဲ့ ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၁ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီးနောက် အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးထားတယ်လို့ STUM ရဲ့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်၊ ၃ ယောက် သေပြီး ၁၀ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းက ဆေးရုံ ၂ ရုံကို စစ်တပ် ၂ ရက်အတွင်း ဗုံးကြဲတိုက်ခိုက်၊ ကျန်းမာရေးစေတနာ့ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ဆေးရုံ ၂ ရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ နှစ်ရက်အတွင်း ဗုံးကြဲတိုက်ခိုက်ရာ ကျန်းမာရေးစေတနာ့ ဝန်ထမ်း ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ People's Healthcare Network (Kalay) က ထုတ်ပြန်ထားပါတယ်။
Read More

သုံးနှစ်နီးပါး အချိန်ယူပြင်ဆင်ကာ စစ်တပ်၏ ကေတုမတီလေဆိပ်ကို အသေခံဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်

ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေဆိပ်အတွင်းရှိ လေ ကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer ကို အသေခံဒရုန်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၄ ရက် မနေ့မနက်ပိုင်းက ဝရဇိန်တပ်ဖွဲ့က "Operation Thunderbolt" စစ်ဆင်ရေးအဖြစ် အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေဆိပ်အတွင်းကို အဆင့်မြင့် FPV အသေခံဒရုန်း ၄ စီးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ စီးဟာ လေကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer ထားရာနေရာတွေကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်ကောင်စီကြောင့် တစ်ပတ်အတွင်း ကလေးငယ်အပါ ပြည်သူနှစ်ယောက် သေဆုံးခဲ့ရ

တောင်ပိုင်း စစ်ဒေသနယ်မြေအတွင်း စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် တစ်ပတ်အတွင်း ပြည်သူ ၂ ယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့တောင်ပိုင်းစစ်ဒေသက အသိပေး ထုတ်ပြန်ပါတယ်။
Read More

စေတုတ္တရာတွင် ပြည်သူ့စစ်ဖွဲ့သည့် စစ်တပ်ဒေါက်တိုင်များအား ပကဖ ရှင်းလင်းနေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ကမြို့နဲ့ အနီးဆုံး ကျေးရွာတွေမှာ စစ်ကောင်စီအလိုကျ ပြည်သူ့စစ် ဖွဲ့စည်းပေးနေသူတွေနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေကို မြို့နယ်ပကဖက  လိုက်လံ သုတ်သင် ရှင်းလင်းနေတာကြောင့် စစ်တပ်ယန္တရားအောက်ကနေ အမြန်ဆုံးထွက်ခွာကြဖို့ စေတုတ္ထရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက​ မောင်းကို ပြောပါတယ်။