ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သစ်ရောင်းပြင်ရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၂ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ သစ်ရောင်းပြင်ရွာကို စစ်အုပ်စုက အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“တိုက်ပွဲက ဖြစ်နေတာ မရှိဘူး။ စစ်ရေးတင်းမာမှုတောင်မရှိတဲ့ ဒေသပါ။ ပြည်သူတွေပဲရှိတာကို သိသိကြီးနဲ့ ကြဲချသွားတာ” လို့ ‌ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆၀ အရွယ် ဒေါ်ခင်လှိုင်နဲ့ အသက် ၅၀ အရွယ် ဒေါ်စန်းဌေးတို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး မညိုမီလှိုင် (၄၅ နှစ်) နဲ့ မယွန်းဝတီ (၉ နှစ်) တို့မှာလည်း ပြင်းထန် ဒဏ်ရာရရှိသွားကာ နေအိမ် ၂ လုံးလည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

“သစ်ရောင်းပြင်ရွာဆိုတာ လက်ပံတန်းနဲ့ ၂ မိုင်ပဲ ဝေးတာ၊ ရိုးမနဲ့ ဆိုတာ အဝေးကြီး.. တိုက်ပွဲက တခါမှလည်း မရှိခဲ့ဘူး။ မြို့နဲ့လည်းနီးတော့ အကုန်လုံးက ဒီလိုပဲ နေနေကြတာ။ ရုတ်တရက် ဗုံးကြဲတော့ အကုန်လုံး သတိလက်လွတ်ပါပဲ… ဒဏ်ရာရတဲ့ ၂ ယောက်ကလည်း တော်တော်ပြင်းထန်တယ်ကြားတယ်” လို့ ဒေသခံ ၁ ယောက်ကလည်း မောင်းကို ပြောပါတယ်။

ရန်ကုန်-ပြည်ကားလမ်းမဘေးမှာရှိတဲ့ လက်ပံတန်းအဝင် ကွမ်းခြံဂိတ်က အကြမ်းဖက်စစ်သားတွေ ဒရုန်းလေ့ကျင့်ရင်း အခုလို သစ်ရောင်းပြင်ကျေးရွာကို ဗုံးသီးချမိတာလည်း ဖြစ်နိုင်ကြောင်း သူက ဆက်ပြောခဲ့ပါတယ်။

လက်ရှိ အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းပစ်ကူတွေ သုံးပြီး ပြည်သူတွေကိုပါမချန် ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို သတိထားကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်မှာ စစ်ကောင်စီတပ်၏ ဒရုန်းတက်လာသည့် နေရာများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဒရုန်းတက်လာတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း - မီးနဂါးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သာယာဝတီခရိုင်အတွင်း ဆိုင်ကယ်နောက်မှာ အမျိုးသား လိုက်ပါစီးနင်းခွင့် စစ်ကောင်စီ ပိတ်ပင်ထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား၂ယောက် စီးနင်းတာနဲ့ အမျိုးသမီးတွေနောက် အမျိုးသားတွေလိုက်ပါ စီးနင်းတာမျိုးမလုပ်ဆောင်ကြဖို့ စစ်ကောင်စီ တားမြစ်လိုက်တာဟာ အရပ်သား​​​တွေ အခက်တွေ့အောင်လုပ်ဆောင်တာလို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရေဖြူတွင် လမ်းပိုင်းထိန်းချုပ်လိုသည့် တပ်ရင်း ၅ရင်း စစ်အုပ်စုများနှင့် တော်လှန်ရေးတပ်များ ရက်ရှည်တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုများပြား

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ်မှာ ရက်ရှည်ကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ် တပ်ရင်း ၅ ရင်းက အကြမ်းဖက်စစ်အုပ်စုတွေ အထိနာနေကြောင်း YE GUERRILLA FORCE က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီတူး တို့ တက်ရောက်ခဲ့သည့် BPLA အမှတ်စဉ်(၉) သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာမှာ ၂၀၂၅ခုနှစ်၊ ဇွန်လ(၇)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မော်လမြိုင်မှာ စစ်ကောင်စီခန့် အုပ်ကြီးတွေ ဦးဆောင်ပြီး အာဝါဒေးပွဲတွေ ကျင်းပကာ ပေါ်ပေါ်တင်တင် လောင်းကစားလုပ်နေကြ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီး အာဝါဒေးပွဲ (လောင်းကစားပွဲ) တွေကို ကျင်းပပြုလုပ်နေတယ်လို့ဒေသခံတွေကမောင်းကိုပြောပါတယ်။
Read More

မော်လမြိုင်ကျွန်းမှာ အုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာမ မောင်နှမနှစ်ယောက် ဖွင့်ထားတဲ့ KTV ကို စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီး

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုတ်ပိကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာမ မောင်နှစ်မနှစ်ယောက် ဖွင့်လှစ်ထားတဲ့ ရွှေတောင်တန်း KTV ဆိုင်ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။