ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မှာ စစ်အုပ်စုလက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေက လူငယ်တွေကို စစ်မှုထမ်းအဖြစ် စစ်တပ်ဆီ ရောင်းစားငွေညှစ်နေသလို စိုက်ပျိုးရေးဘဏ်မန်နေဂျာဆိုသူကလည်း မိုးစပါးချေးငွေမပေးနိုင်သေးတဲ့ လယ်သမားတွေအပေါ် အတင်းအကြပ် ခြိမ်းခြောက်နေကြောင်း ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။

ရွှေတောင်မြို့နယ်အတွင်း ရပ်ကျေးအာဏာပိုင်တွေနဲ့ ပျူစောထီးတွေက လူငယ်တွေကို အတင်းအကြပ်ဖမ်းဆီးကာ အကြမ်းဖက်စစ်တပ်ထံ စစ်မှုထမ်းတပ်သား အဖြစ် ရောင်းစားနေတာဖြစ်ပြီး ရရှိလာတဲ့ ငွေကြေးတွေကို ခွဲဝေယူနေကြတယ်လို့ သိရပါတယ်။

“လူတစ်ယောက်ဖမ်းလာပြီဆိုရင် သူတို့တွေ (အုပ်ကြီးနှင့်ပျူစောထီး) တစ်ယောက်ကို သိန်းနှစ်ဆယ်စီရတယ်။ ဘယ်ကနေဘယ်လိုခေါ်လာလဲတော့ မသိဘူး။ ဒီနေ့ရလာလို့ နောက်နေ့ စစ်တပ်ထဲကို သွားပို့တယ်။ တစ်ယောက်ကို သိန်းနှစ်ဆယ်စီ ဝေစုရတယ်။” လို့ ရွှေတောင်မြို့နေ ပျူစောထီးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူ ၁ယောက်က ပြောပါတယ်။

ဒီလိုမျိုး ဖမ်းဆီးရာမှာ အလုပ်သမား၊ ကျောင်းသားနဲ့ အသက်အရွယ်မခွဲခြားဘဲ ဖမ်းဆီးနေတာဖြစ်ကြောင်းနဲ့ မိသားစုဝင်တွေဆီ ငွေညှစ်တောင်းခံတာ၊ စစ်တပ်ဆီရောင်းစားတာတွေအပြင် ရပ်ရွာအလိုက် လစဥ်ကြေး တောင်းခံတာမျိုးတွေလည်းရှိကြောင်း ရွှေတောင်ပကဖတာဝန်ခံက ပြောပါတယ်။

“အုပ်ကြီးတွေ ပျူတွေက သူတို့ မသင့်မြတ်ရင် ဖမ်းတယ် ပြီးရင်ငွေညှစ်တယ်။ အသက်အရွယ်အပိုင်းခြားမရွေးဘူး။ လူရပြီဆို စစ်တပ်ထဲသွားပို့တယ်။ ပြီးရင်ရလာတဲ့ငွေကို သူတို့ခွဲယူကြတယ်။ စစ်တပ်ကို ပို့ခံရပြီဆို ငွေပေးနိုင်မှ အကပ်ကောင်းမှ ပြန်လွှတ်ပါတယ်။ စစ်တပ်က သူတို့တောင်းသလောက် ငွေရလို့ လူကို ပြန်လွှတ်ရပြီဆိုရင် အုပ်ကြီးနဲ့ လူဖမ်းပို့တဲ့သူတွေက နောက်ထပ် အစားရှာပေးရပါတယ်။ ဖမ်းထားတဲ့လူငယ်တွေကို ရွှေတောင်ရဲစခန်းရယ် ထွေအုပ်ရုံးရယ်ပို့ပြီး စစ်တပ်က ခေါ်သွားတာပါပဲ။”လို့ ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက မောင်းကိုပြောပါတယ်။

ဒါ့အပြင် အလုပ်လက်မဲ့ လူငယ်တွေကို လစာနဲ့ မက်လုံးပေးစည်းရုံးတာမျိုးတွေလည်းရှိကြောင်းနဲ့ မရရင် အတင်းအဓမ္မ ခြိမ်းခြောက်ပြီး အကြမ်းဖက်စစ်တပ်လက် အပ်လေ့ရှိကြောင်း သိရပါတယ်။

“ရွှေတောင်မှာ ရွာအုပ်စု ၅၁ စု ရှိတယ်။ ရွာတိုင်းလိုလိုမှာ ဆိုးနေတာပါ။ တချို့ရွာတွေဆို စစ်မှုမထမ်းရအောင် လို့ လစဉ်ကြေး ၃သောင်းကစပြီး ပေးနေရတယ်။ လူငယ်တွေ အခုဆို ဘယ်မှထွက်လို့မရတော့ နေ့ရောညရော မလုံခြုံတော့ဘူး။ နီးရာဓားကြောက်နေရတဲ့ အခြေအနေပါ” လို့ ရွှေတောင်မြို့ခံ ပြည်သူ၁ယောက်က မောင်းကိုပြောပါတယ်။

ဒါ့အပြင် ရွှေတောင်မြို့စိုက်ပျိုးရေးဘဏ်မန်နေဂျာဆိုသူကလည်း အကြမ်းဖက်စစ်တပ် အာဏာမသိမ်းခင် ၂၀၂၀ မိုးစပါးစိုက်ပျိုးငွေချေးယူထားတဲ့ တောင်သူတွေကို ချေးငွေပြန်မဆပ်ရင် ၂၀၂၅ မိုးစပါးချေးငွေထုတ်မပေးဘဲ လယ်ကိုသိမ်းပြီး စစ်တပ်ခေါ်ဖမ်းခိုင်းမယ်ဆိုကာ ရပ်ကျေးအာဏာပိုင်တွေကတဆင့် ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။

“အာဏာသိမ်းစစ်တပ်ကို မနှစ်မြို့လို့ပဲဖြစ်ဖြစ်၊ ကျည်ဖိုးအဖြစ်မခံနိုင်လို့ပဲဖြစ်ဖြစ် အဆင်မပြေလို့ပဲဖြစ်ဖြစ် မဆပ်ရသေးတဲ့သူတွေရှိတယ်။ ဒီလူတွေကို စစ်တပ်ခေါ်ဖမ်းခိုင်းမယ်။ လယ်ကိုသိမ်းမယ်ဆိုပြီး အုပ်ကြီးတွေကတဆင့် စိုက်ဘဏ်မန်နေဂျာကပြောပါတယ်။” လို့ ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ဆိုပါတယ်။

ရွှေတောင်ပကဖအနေနဲ့ကတော့ အခုလိုမျိုး မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ပေါင်းပြီး ပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျရင်း စစ်မှုထမ်းစျေးကွက် လုပ်စားကြတဲ့အာဏာပိုင်တွေနဲ့ စိုက်ပျိုးရေးဘဏ်မန်နေဂျာတို့ကို ပထမဆုံးအကြိမ် သတိပေးထားကြောင်းနဲ့ မလိုက်နာရင် ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ လက်အောက်ကနေ အမာခံသတင်းပေးလိုတဲ့ ဖရဲသီးများကို ပြည်သူ့ရင်ခွင်က ဖိတ်ခေါ်နေ

စစ်တပ်အတွင်း အခြေအနေအမျိုးမျိုးကြောင့် CDM လုပ်ဖို့ ခက်ခဲနေသူတွေကိုလည်း PreCDM (ဖရဲသီး)များ အဖြစ် ကြိုတင်စာရင်းပေးထားနိုင်သလို အသက်အန္တရာယ် စိုးရိမ်ရသူများကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးမှုများလည်း ပြုလုပ်ပေးနေကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ဥကရစ်ထစခန်း ကာကင်းကုန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အရာရှိ အပါအဝင် စစ်သားတွေ လက်နက်ချအညံ့ခံ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ အထိုင်ချ ဥကရစ်ထစခန်းအတွက် ကာကင်းလုပ်ထားတဲ့ ရွှေအေးမြိုင်ဘုရားကုန်းက အကြမ်းဖက်စစ်သားတွေ လက်နက်ချအညံ့ခံခဲ့တယ်လို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ ဦး အပါအဝင် မိသားစုဝင် ၁၉၈ ဦးကို AA ထပ်မံလွှတ်ပေး

ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲက ဒုတိယရဲမှူးကြီး ၁ ယောက်အပါအဝင် စစ်သုံ့ပန်း မိသားစုဝင် ၁၉၈ ယောက်ကို ထပ်မံလွှတ်ပေးခဲ့တယ်လို့ AA ရဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ရေး​အခြေအနေတင်းမာမှုတွေကြောင့် လမ်းပိုင်းများ အသုံးမပြုဖို့ ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်တွန်းအသိပေး…

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ရေးအခြေအနေတင်းမာမှုတွေ ရှိနေတဲ့ လမ်းပိုင်းတစ်ချို့ကို အရပ်သားပြည်သူတွေ အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်တွန်းပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၃၀၀ ကျော်အတွင်း အရပ်သားပြည်သူ ၂၀၀ ကျော်သေဆုံးခဲ့ရ

၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ (Blood Money Campaign) အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုဂုဏ်ပြု…

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ မဟာမိတ်တပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုနေတဲ့ မှတ်တမ်းပုံရိပ်တွေကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။