စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်ကို ထိုးစစ်စင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း (၇) ယောက် ဖမ်းဆီးရမိပြီး အလောင်း (၄) လောင်းနဲ့ လက်နက် (၅) လက် သိမ်းဆည်းရမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂) ရက်က စစ်ကော်မရှင်ရဲ့ ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀ က ဗိုလ်မှူး ရဲမျိုးမင်းနဲ့ ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး နိုင်းဝင်းစိုးတို့ ဦးစီးတဲ့ ခမရ (၃၆၁၊ ၃၆၂၊ ၃၆၃)၊ ဆသရ-၆၊ ခလရ (၈၇၊ ၂၂၉)၊ SNA တို့အပြင် အိန္ဒိယနိုင်ငံသားတွေဖြစ်တဲ့ ကသည်း (ULFA)နဲ့ နာဂ (NSCN) သူပုန်တပ်ဖွဲ့ အင်အား (၁၃၀) ခန့် ထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင် ပူးပေါင်းစစ်ကြောင်းကို ကလေးခရိုင် ကွပ်ကဲရေးမှူး ဦးစီးတဲ့ ကလေးခရိုင် အမှတ် (၁၊ ၃၊ ၄) တပ်ရင်း၊ အထူးလှုပ်ရှား (၅၊ ၆) တပ်ရင်း၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ ကလေးခရိုင် အထူးစစ်ကြောင်း၊ ကလေးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နဲ့ Zoland PDF ပူးပေါင်းအဖွဲ့တို့က တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအပြီး စစ်ကော်မရှင်တပ်ဆီက MA-1 (၃) လက်၊ MA-3 (၁) လက်၊ MA-11 (၁) လက်၊ 7.62 ကျည် (၂၇၇) တောင့်၊ 5.56 ကျည် (၈၉) တောင့်၊ RPG ဗုံးသီး (၁) လုံး၊ RPG ပို့ယမ်း (၃) ခု၊ နင်းမိုင်း (၁၂) ခု၊ မိုင်းရှင်းစက် (၁) ခု၊ ကျည်အိမ်မျိုးစုံ (၁၉) ခုနဲ့ မူးယစ်ဆေး အမျိုးအစား (၃) မျိုး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ ဗုံးချတိုက်ခိုက်တာတွေ နေ့စဉ်ပြုလုပ်ခဲ့တဲ့အပြင် လေကြောင်း တိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကော်မရှင်အနေနဲ့ ကလေးခရိုင်အတွင်း အိန္ဒိယနိုင်ငံသားတွေဖြစ်တဲ့ ကသည်း (ULFA)နဲ့ နာဂ (NSCN) သူပုန်တပ်ဖွဲ့တွေကို အခုနှစ် ဩဂုတ်လမှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး အဆိုပါအဖွဲ့တွေက ဩဂုတ်လအတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း ခန္တီးခရိုင်ထဲကနေ စုန်ဆင်းလာတဲ့ သင်္ဘောတွေနဲ့ ပါလာခဲ့တာဖြစ်တယ်လို့ အမှတ် ၁ စစ်ဒေသရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်အနေနဲ့ ဩဂုတ် (၆) ရက်ကစလို့ ထိုးစစ်ဆင် တိုက်ခိုက်လာတာဖြစ်ပြီး ဩဂုတ်လ (၁၅) ရက်မှာလည်း တော်လှန်ရေးတပ်တွေက စစ်ကော်မရှင်တပ်ကနေ သုံ့ပန်း (၁) ယောက်၊ အလောင်း (၃) လောင်းနဲ့ လက်နက်မျိုးစုံ (၁၀) လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲ…

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်တဲ့ အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ(၁၁)ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ဦး အပါအဝင် ပြည်သူ (၆)ဦး သေဆုံးခဲ့ကြောင်း KNU ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့သည့် ဗန်းမောက်မြို့မှ စစ်ရှောင်ပြည်သူများကို ဗန်းမောက် ပကဖ ကူညီစောင့်ရှောက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဗန်းမြောက်မြို့အတွင်း စစ်ပွဲကြောင့် စစ်ရှောင်လာတဲ့ ပြည်သူတွေကို ဗန်းမောက်မြို့နယ် ပကဖ တပ်ဖွဲ့က စက်တင်ဘာလ ၂၅ ရက်မှာ ဆေးကုသပေးပြီး ကူညီစောင့်ရှောက်ထားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ဒေါနတပ်ရင်းမှ တပ်သားသစ်များ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဒေါနတပ်ရင်းဟာ စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ ပါဝင်ချင်တဲ့ တပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။
Read More

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် လင်းယောခင်ကျေးရွာအနီး စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက်ရှင်းလင်းခဲ့

ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်ရှိ လင်းယောခင်ကျေးရွာအနီးက စစ်ကောင်စီဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့တဲ့ မှတ်တမ်းဓာတ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​ ရဲ့ ပြန်ကြားရေးဌာန PVTV က ဖော်ပြလာပါတယ်။
Read More

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က စိုးမိုးနယ်မြေအတွင်းရှိ စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။