အင်တာနက်သုံးစွဲသူ တဦးတယောက်ချင်းစီကို ခြေရာခံနိုင်ပြီး သက်ဆိုင်ရာ တာဝါတိုင်အလိုက် ချိတ်ဆက်အသုံးပြုမှုတွေကို အခြေခံကာ မိုဘိုင်းသုံးစွဲသူတွေရဲ့ တည်နေရာကို အချိန်နဲ့တပြေးညီ ဖော်ထုတ်နိုင်တဲ့ နည်းပညာကို တရုတ်ကုမ္ပဏီက စစ်တပ်ထံကို ရောင်းချထားတယ်လို့ Justice for Myanmar က ဖော်ပြလာပါတယ်။

အဆိုပါ ဖော်ပြချက်ကို “ထောက်လှမ်းရေး ပိုးလမ်းမ – စစ်အုပ်စု၏ ဒီဂျစ်တယ်အကြမ်းဖက်စစ်ဆင်ရေးတွင် တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာ့ဆက်သွယ်ရေး နည်းပညာလုပ်ငန်းများ၏ အခန်းကဏ္ဍ” ဆိုတဲ့ Justice for Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Geedge Networks လို့ခေါ်တဲ့ တရုတ်ကုမ္ပဏီဟာ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပြီး စစ်အုပ်စုကနေ အရပ်သားပြည်သူတွေကို ခြေရာခံ၊ ဖမ်းဆီး၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ်တာတွေကို လုပ်ဆောင်ဖို့ အထောက်အပံ့ပေးနေတယ်လို့ သိရပါတယ်။

Justice for Myanmar ကတော့ “Geedge Networks သည် တရုတ်အစိုးရနှင့် ချိတ်ဆက်ထားသည့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည်” လို့ အတိအလင်း ဖော်ပြထားတာ ဖြစ်ပါတယ်။


Geedge Networks ကုမ္ပဏီရဲ့ ခေတ်မီဆန်းပြားတဲ့ စောင့်ကြည့်ထောက်လှမ်းနဲ့ ဆင်ဆာဖြတ်တောက်ရေး နည်းပညာကို ဆက်လက်လည်ပတ်နေမှုမှာ တရားမဝင် စစ်အုပ်စုကိုယ်စား အခရာကျတဲ့ အခန်းကဏ္ဍကနေ ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ ၁၃ ခုပါဝင်နေကြောင်း သိရပါတယ်။

အဲဒီ ကုမ္ပဏီတွေကတော့ ATOM (ယခင်နာမည် Telenor- တယ်လီနောမြန်မာ)၊ မိုင်တဲလ် (Mytel)၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အော်ရီဒူးမြန်မာ (Ooredoo)၊ Frontiir၊ StreamNet၊ Golden TMH Telecom၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana၊ Global Technology Group နဲ့ China Unicom တို့ ဖြစ်တယ်လို့ သိရပါတယ်။

Geedge Networks ကုမ္ပဏီဟာ တရားမဝင် မြန်မာစစ်အုပ်စုထံကို ဟာ့ဝဲလ်နဲ့ ဆော့ဝဲလ်တွေ ရောင်းချပေးအပ်ခဲ့တာဟာ စစ်တပ်ကနေ အရပ်သားပြည်သူတွေအပေါ် စနစ်တကျ ဦးတည်တိုက်ခိုက်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ သတ်ဖြတ်မှုတွေကို အားပေး ကူညီနေတာဖြစ်တယ်လို့ Justice For Myanmar က ဆိုပါတယ်။

ဒါကြောင့် Geedge Networks ကုမ္ပဏီနဲ့ ကုမ္ပဏီရဲ့ ခေါင်းဆောင်မှု တာဝန်ရှိသူတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့၊ နိုင်ငံတကာရာဇဝတ်တွေကို အားပေးကူညီမှုအတွက် Geedge ရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ခေါင်းဆောင်မှုတွေမှာ ပါဝင်သူလူပုဂ္ဂိုလ်တွေကို နိုင်ငံတကာ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ဖို့ကိုလည်း Justice For Myanmar ကနေ တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းရဲ ဖမ်းဆီးမှုကို ထွက်‌ပြေးရင်း ယဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး မြန်မာ ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ နခွန်ပတွမ်ပြည်နယ်၊ ဘန်လမ်ခရိုင်မှာ နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီခွဲကျော်ခန့်က ယာဉ်မတော်တဆမှုကြောင့် မြန်မာနိုင်ငံသားအပါအဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ထုတ်ပယ်ခံရပြီး သူမ၏  အစိုးရအဖွဲ့ပါ ဖျက်သိမ်းခံရ

ဟွန်ဆင်နဲ့ ဖုန်းပြောဆိုထားတဲ့ အသံဖိုင်ပေါက်ကြားမှုကြောင့် တရားရင်ဆိုင်နေရတဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာကို အပြစ်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဩဂုတ်လ ၂၉ ရက်မှာ အမိန့်ချလိုက်ပါတယ်။ 
Read More

ထိုင်းမှာ မွေးတဲ့ကလေးတွေနဲ့ ရွှေ့ပြောင်းလုပ်သား ၅ သိန်းနီးပါးကို ထိုင်းအစိုးရက နိုင်ငံသားဖြစ်ခွင့်ပေး

ထိုင်းနိုင်ငံမှာ ၁၉၈၄ ခုနှစ်ကတည်းက နေထိုင်လာခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ထိုင်းမှာ မွေးတဲ့ ကလေးငယ်တွေ ၄၈၃,၀၀၀ ခန့်ကို နိုင်ငံသားဖြစ်ခွင့်ပေးဖို ထိုင်းအစိုးရက အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
Read More

NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနှင့် အမှုဆောင်များကို တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့ဟာ ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနဲ့ အမှုဆောင်တွေကို တွေ့ဆုံခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။
Read More

အကူအညီ ဖြတ်တောက်မှုတွေက ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရေး စုံစမ်းစစ်ဆေးမှုတွေကို အဟန့်အတားဖြစ်စေတယ်လို့ IIMM ပြော

အလှူရှင်တွေထံက ရန်ပုံငွေ ဒေါ်လာသန်းပေါင်းများစွာ ဖြတ်တောက်ခြင်းနဲ့ ကုလသမဂ္ဂရဲ့ ကုန်ကျစရိတ် ဖြတ်တောက်ခြင်းတွေက မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရှာဖွေရေး ကြိုးပမ်းမှုတွေကို အဟန့်အတားဖြစ်စေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအကြီးအကဲက ပြောလိုက်ပါတယ်။