တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်အသုံးပြုခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေကို ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ T5 Wings အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်က သရက်ချောင်းမြို့နယ်အတွင်း ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်နေ့ကနေ သြဂုတ် ၂၅ ရက်နေ့အထိ ၁၄ ရက်ကြာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး သူတို့ အသုံးပြုခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ဒရုန်းဗုံးသီးတွေကို T5 Wings ရဲဘော်တွေက တူးဖော်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

Video – T5 Wings

0 Shares:
You May Also Like
Read More

ဧရာဝတီမြစ်ကြောင်းအတွင်း စစ်သင်္ဘော၊ ရိက္ခာတင်သင်္ဘောများကို KIA ပူးပေါင်းတပ်တပ်ဖွဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ သင်္ဘော ၂ စီး ထိမှန်ပျက်စီး (ရုပ်/သံ)

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို KIA နဲ့ ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂ စီး ထိမှန်ပျက်စီးခဲ့ပြီး ရွှေကူမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ပွင့်ဖြူ၊ ဆင်လူးကျေးရွာက စစ်ကောင်စီတပ် အထိုင်နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် အထိုင်နေရာတွေကို ဇန်နဝါရီ ၁၅ ရက်က ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

အမ်းမြို့နယ်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ကို CDF-Asho ဖမ်းဆီးရမိ (ရုပ်/သံ)

ရခိုင်ပြည်နယ် အမ်းမြို့နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ကို မကွေးတိုင်း ငဖဲမြို့နယ်မှာ ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်အတွင်း ဖမ်းဆီးမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် (အရှို) CDF-Asho ထံက သိရပါတယ်။
Read More

အနန်းကွင်းဗျူဟာကုန်းစခန်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် Lion Battalion Commando ထုတ်ပြန်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာကုန်းစခန်းကို စစ်ကူလာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် Lion Battalion Commando စစ် ကြောင်းက ဇန်နဝါရီ ၁၀ ရက် က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ အထမ္မကောက်ကျေးရွာနဲ့ တပေါင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း၊ လက်ဆည်ကျေးရွာရဲစခန်းတွေကို ဒီဇင်ဘာ ၂၇ ရက်က ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး ရော့ကတ်တွေ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရေစကြိုမြို့မှလာသည့် စစ်တပ်သံပြားကာယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ယောက်သေ၊ ၆ ယောက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့ကလာတဲ့ အကြမ်းဖက်စစ်တပ် သံပြားကာယာဉ် ၁ စီးကို မတ်လ ၃ ရက် ည ၁၂ နာရီဝန်းကျင်ခန့်မှာ တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ထံက သိရပါတယ်။