အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ ထုတ်ပယ်ခံထားရတဲ့ ဒေါ်စန္ဒာမင်း ဝင်ရောက်ယှဥ်ပြိုင်မယ့် NDF ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄ ခုကို သတ်မှတ်ပါတီဝင်ဦးရေ မပြည့်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲဝင်ခွင့် ဖျက်သိမ်းလိုက်ပါတယ်။

စက်တင်ဘာလ ၉ ရက် မနေ့က ထုတ်ပြန်ခဲ့တဲ့ UEC ရဲ့ ထုတ်ပြန်စာအရ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်မယ့် NDF ပါတီအပါအဝင် ပါတီ ၄ ခုဟာ သတ်မှတ်ထားတဲ့ စက်တင်ဘာလ ၇ ရက်အထိ ပါတီဝင် ဦးရေ မပြည့်မှီတာတွေနဲ့ ပါတီရုံးခန်း သတ်မှတ်အရေအတွက် လိုအပ်ချက်တွေရှိနေတာကြောင့် ဖျက်သိမ်းခဲ့တာလို့ ဆိုထားပါတယ်။

ဒေါ်စန္ဒာမင်း ဒုဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုးသမီးပါတီ(မွန်)နဲ့ ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီ တို့ကို UEC က ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

ဖျက်သိမ်းခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)နဲ့ အမျိုးသမီးပါတီ(မွန်)တို့ဟာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဥ်ပြိုင်သွားဖို့ရှိနေပြီး ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီကတော့ တိုင်းဒေသကြီး/ပြည်နယ်မှာ ယှဥ်ပြိုင်သွားမှာလို့ သိရပါတယ်။

ဒေါ်စန္ဒာမင်းကတော့ ပါတီဖျက်သိမ်းမခံရသေးခင်အထိ သူဒုဥက္ကဌတာဝန်ယူထားတဲ့ NDF ပါတီကို ဝင်ရောက်လာသူတွေနဲ့ ကိုယ်စားလှယ်လောင်းလျှောက်ထားသူတွေ များပြားနေကြောင်း ကြားဝါပြောဆိုထားတာ ဖြစ်ပါတယ်။

“NDF ပါတီကို တခဲနက် လာရောက် ပါတီဝင်ကြသူများ လွှတ်တော်ကိုယ်စားလှယ်လောင်းလျှောက်လွှာ လာရောက်တင်ကြသူများ များပြားလွန်းပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ကိုကိုးကျွန်းမှလွဲ၍ ကိုယ်စားလှယ်များ အပြည့်ဖြစ်နေပါပြီ/ ဝိုင်းဝန်းကြိုးပမ်းပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ စက်တင်ဘာလ ၈ရက် ညပိုင်းကပဲ ရေးသားခဲ့ပါသေးတယ်။

သူ အခုလို ရေးသားပြီး နောက်တစ်ရက်မှာပဲ ပါတီဖျက်သိမ်းခံလိုက်ရတာပါ။ NDF ပါတီဟာ NLD ပါတီကနေ စစ်တပ်ဘက်ယိမ်းခဲ့သူတွေ တည်ထောင်ခဲ့ကြတဲ့ ပါတီတစ်ခုဖြစ်ပြီး NLD အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ချိန်မှာ နေရာမရတော့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်ကတော့ လာမယ့် ဒီဇင်ဘာလ ၂၈ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်း (၁) ကို ပြုလုပ်သွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

ဒီပဲယင်းက စစ်ရှောင်တွေ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ

“ကျနော်တို့လည်း ဆန်၊ ဆီ၊ ဟင်းချက်စရာပေါ့နော် စသဖြင့် ကူညီနိုင်သလောက် ကူညီထားပေမယ့် ရက်ရှည်ဖြစ်နေတော့ ကူညီစရာက မလောင်ငှတော့ဘူး။ သူတို့ဟာ သူတို့ တတ်နိုင်သလောက် ရုန်းကန် ချက်ပြုတ်စားသောက်နေကြရတယ်။ စစ်ရှောင်နေရတာက ရက်ပေါင်း ၄၀ ရှိနေပြီလေ။” လို့ People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။
Read More

ပြည်သူကို လက်နက်ကိုင်အနိုင်ကျင့်မှုတွေ မရှိစေဖို့ အရေးကြီးတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မှာကြား

မိမိတာဝန်ထမ်းဆောင်နေတဲ့ တပ်နယ်အလိုက် ပြည်သူလူထုကို လက်နက်ကိုင် အနိုင်ကျင့်မှုတွေ မရှိစေဖို့ အရေးကြီးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

အိမ်​ခြေ ၁၇၀ နီးပါးရှိတဲ့ မင်းပလောင်ရွာကို စစ်တပ် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့၊ ဒေသခံတွေ အရေးပေါ် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက အိမ်ခြေ ၁၇၀ ကျော်ရှိတဲ့ မင်းပလောင်ကျေးရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရပြီး စားဝတ်နေရေး ဒုက္ခရောက်နေကြရတယ်လို့ ရွာငံဒေသခံတွေဆီက သိရပါတယ်။
Read More

နမ့်ခမ်းတွင် အမျိုးသမီး (၁) ဦး ခြံရှင်းရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီး (၁) ယောက် ခြံရှင်းရာမှာ မိုင်းတစ်လုံးကို ပေါက်မိပြီး ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အောင်လံနှင့် ဆင်ပေါင်ဝဲတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ စစ်ရေးတင်းမာနေ၊ စစ်အုပ်စုဘက်မှ အယောက် ၇၀ ဝန်းကျင် ထိခိုက် သေဆုံးထား

မကွေးတိုင်း၊ အောင်လံခရိုင်အတွင်းက အောင်လံနဲ့ ဆင်ပေါင်ဝဲမြို့နယ်တွေမှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်ကော်မရှင်ဘက်က အယောက် ၇၀ နီးပါး ထိခိုက်သေဆုံးထားကြောင်း အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံ ပ.က.ဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူတောင်ဘက်ခြမ်းရှိ ရွာ ၅ ရွာအား ဝါသဝနှင့် ပူးပေါင်းစစ်ကြောင်း စီးနင်းမီးရှို့၊ စစ်အုပ်စုက လေဖြတ်နေသည့် အသက် ၈၀ ကျော် အဘွားအိုကို မုဒိန်းကျင့် သတ်ဖြတ်ကာ အမျိုးသား ၄ ဦးကိုလည်း မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ သင်္ကန်းဝတ် ဝါသဝရဲ့ အကြမ်းဖက်စစ်ကြောင်းက မြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၅ ရွာကို စီးနင်းမီးရှို့ရင်း အရပ်သား ၅ ယောက်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။