အင်တာနက်သုံးစွဲသူ တဦးတယောက်ချင်းစီကို ခြေရာခံနိုင်ပြီး သက်ဆိုင်ရာ တာဝါတိုင်အလိုက် ချိတ်ဆက်အသုံးပြုမှုတွေကို အခြေခံကာ မိုဘိုင်းသုံးစွဲသူတွေရဲ့ တည်နေရာကို အချိန်နဲ့တပြေးညီ ဖော်ထုတ်နိုင်တဲ့ နည်းပညာကို တရုတ်ကုမ္ပဏီက စစ်တပ်ထံကို ရောင်းချထားတယ်လို့ Justice for Myanmar က ဖော်ပြလာပါတယ်။

အဆိုပါ ဖော်ပြချက်ကို “ထောက်လှမ်းရေး ပိုးလမ်းမ – စစ်အုပ်စု၏ ဒီဂျစ်တယ်အကြမ်းဖက်စစ်ဆင်ရေးတွင် တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာ့ဆက်သွယ်ရေး နည်းပညာလုပ်ငန်းများ၏ အခန်းကဏ္ဍ” ဆိုတဲ့ Justice for Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Geedge Networks လို့ခေါ်တဲ့ တရုတ်ကုမ္ပဏီဟာ စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပြီး စစ်အုပ်စုကနေ အရပ်သားပြည်သူတွေကို ခြေရာခံ၊ ဖမ်းဆီး၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ်တာတွေကို လုပ်ဆောင်ဖို့ အထောက်အပံ့ပေးနေတယ်လို့ သိရပါတယ်။

Justice for Myanmar ကတော့ “Geedge Networks သည် တရုတ်အစိုးရနှင့် ချိတ်ဆက်ထားသည့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည်” လို့ အတိအလင်း ဖော်ပြထားတာ ဖြစ်ပါတယ်။


Geedge Networks ကုမ္ပဏီရဲ့ ခေတ်မီဆန်းပြားတဲ့ စောင့်ကြည့်ထောက်လှမ်းနဲ့ ဆင်ဆာဖြတ်တောက်ရေး နည်းပညာကို ဆက်လက်လည်ပတ်နေမှုမှာ တရားမဝင် စစ်အုပ်စုကိုယ်စား အခရာကျတဲ့ အခန်းကဏ္ဍကနေ ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ ၁၃ ခုပါဝင်နေကြောင်း သိရပါတယ်။

အဲဒီ ကုမ္ပဏီတွေကတော့ ATOM (ယခင်နာမည် Telenor- တယ်လီနောမြန်မာ)၊ မိုင်တဲလ် (Mytel)၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အော်ရီဒူးမြန်မာ (Ooredoo)၊ Frontiir၊ StreamNet၊ Golden TMH Telecom၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana၊ Global Technology Group နဲ့ China Unicom တို့ ဖြစ်တယ်လို့ သိရပါတယ်။

Geedge Networks ကုမ္ပဏီဟာ တရားမဝင် မြန်မာစစ်အုပ်စုထံကို ဟာ့ဝဲလ်နဲ့ ဆော့ဝဲလ်တွေ ရောင်းချပေးအပ်ခဲ့တာဟာ စစ်တပ်ကနေ အရပ်သားပြည်သူတွေအပေါ် စနစ်တကျ ဦးတည်တိုက်ခိုက်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ သတ်ဖြတ်မှုတွေကို အားပေး ကူညီနေတာဖြစ်တယ်လို့ Justice For Myanmar က ဆိုပါတယ်။

ဒါကြောင့် Geedge Networks ကုမ္ပဏီနဲ့ ကုမ္ပဏီရဲ့ ခေါင်းဆောင်မှု တာဝန်ရှိသူတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့၊ နိုင်ငံတကာရာဇဝတ်တွေကို အားပေးကူညီမှုအတွက် Geedge ရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ခေါင်းဆောင်မှုတွေမှာ ပါဝင်သူလူပုဂ္ဂိုလ်တွေကို နိုင်ငံတကာ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ဖို့ကိုလည်း Justice For Myanmar ကနေ တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဘန်ကောက်မှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ BIMSTEC အစည်းဝေး ကျင်းပမယ့် ရှန်ဂီလာဟိုတယ်အနီးမှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲပြီး ဆန္ဒပြထားကြောင်း သိရပါတယ်။
Read More

ငလျင်ဒဏ်သင့် ဘေးဒုက္ခရောက်နေသည့် မြန်မာပြည်သူလူထုကို အကြမ်းဖက်စစ်တပ် ဆက်လက်ဗုံးကြဲနေဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြ

အကြမ်းဖက် စစ်ကောင်စီဟာ လူပေါင်း‌ထောင်ချီ သေဆုံးခဲ့ရတဲ့ ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခရောက်နေရတဲ့ နေရာတွေအပါအဝင် မြန်မာပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း Reuters သတင်းက မတ်လ ၃၀ ရက်မှာ ဖော်ပြပါတယ်။ 
Read More

မြန်မာပြည်သူတွေဟာ ကုလအပေါ် မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ လျော့ပါးသွားပြီဟု ဦးကျော်မိုးထွန်း ပြော

မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂအပေါ် မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ လျော့ပါးလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Tom Andrews က NUG ဒုဝန်ကြီးနဲ့ သြစတေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်တို့နဲ့ တွေ့ဆုံခဲ့

သြစတေးလျနိုင်ငံ ကင်ဘရာမြို့မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Tom Andrews က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်၊ သြစတေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH /NUG Support Group Ausrialia National Team တို့နဲ့ အောက်တိုဘာလ ၁၀ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

စီပါရွာမှာ စစ်ကောင်စီ ကျူးလွန်တဲ့ ယုတ်မာရက်စက် သတ်ဖြတ်မှုတွေကို မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ကုလစင်မြင့်မှာ တင်ပြ

စစ်ကောင်စီ ရက်စက်ယုတ်မာခဲ့တဲ့ ဘုတလင် စီပါရွာ လူသတ်မှုဖြစ်စဉ်ကို ကုလသမဂ္ဂညီလာခံမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာကာသိအောင် တင်ပြခဲ့ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံပြည်သူများကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy က တောင်းဆိုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက အသိပေးထုတ်ပြန်ပါတယ်။