မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းထိုးဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်အုပ်စုရွာကို ၂ ရက်ဆက် ရှော့တိုက်ဒုံးပစ်ခတ်ရာ စစ်သားနဲ့ ပျူစောထီး ၇ ယောက် သေကာ ထိခိုက်ဒဏ်ရာရသူ ၈ ယောက် ရှိခဲ့တယ်လို့ Cobra One တပ်ဖွဲ့ တာဝန်ခံ မြွေဟောက်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာ ပခုက္ကူတပ်မ ၁၀၁ ကနေ အင်အားအလုံးအရင်းနဲ့ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ အနောက်ဘုန်းကန်ပျူစောထီးရွာကို စစ်အင်အားဖြည့်တင်းပေးခဲ့တယ်လို့ သိရပါတယ်။

အနောက်ဘုန်းကန်ရွာဟာ ပြည်သူ့စစ်ခေါင်းဆောင် မင်းဇော်ဦးဆိုသူ ဦးဆောင်နေတာဖြစ်ပြီး လက်နက်ကိုင်ပျူစောထီးအနည်းငယ်နဲ့ စစ်တပ်အင်အား ၈၀ ဖြည့်တင်းထားတယ်လို့လည်း ဗိုလ်မြွေဟောက်က ပြောပါတယ်။

အထက်ပါ ပျူစောထီးရွာထဲ ရောက်ရှိနေတဲ့စစ်ကြောင်းကို Cobra One နဲ့ မဟာမိတ်အဖွဲ့တွေက စက်တင်ဘာလ ၆ ရက်နဲ့ ၇ ရက်နေ့ မနက်ပိုင်းမှာ တာဝေးပစ် ရော့ကတ် ၅ လုံးစီနဲ့ နှစ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“၆ ရက်နေ့က ၇ ကောင် သေတယ်။ ၇ ရက်နေ့ကကျ ၈ ကောင် ဒဏ်ရာရတယ်လို့ပြောတယ်။ စစ်တပ်နဲ့ နီးစပ်သူတွေဆီက ပြန်ကြားရတာပါ။ အခုတော့ အဲ့စစ်ကြောင်းက တပ်မ ၁၀၁ ထဲ ပြန်ဝင်သွားပါပြီ” လို့ Cobra One တပ်ဖွဲ့ တာဝန်ခံ မြွေဟောက်က မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ပခုက္ကူမြို့နယ် ပကဖ-တပ်ရင်း (၁) နဲ့အတူ ပခုက္ကူမြို့နယ် ပကဖ-လက်နက်ကြီးတပ်ဖွဲ့ COBRA ONE ၊ Burma Revolution Rangers တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အနောက်ဘုန်းကန်ရွာနဲ့ ၅မိုင်ခွဲအကွာမှာရှိတဲ့ အရှေ့ချောက်ကန်ရွာက စစ်အုပ်စုတွေဟာလည်း စက်တင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းမှာ ရွာက ထွက်ပြီး အနောက်ဘက်ကို ကင်းပတ်တာမျိုးတွေရှိတယ်လို့ သိရပါတယ်။

ပခုက္ကူမြို့နယ်ဟာ တော်လှန်ရေးအားကောင်းသလို တစ်ဖက်မှာလည်း စစ်အုပ်စု အခိုင်အမာအခြေချထားရာ မြို့နယ်တစ်ခုဖြစ်တာကြောင့် အတုအယောင်ရွေးကောက်ပွဲအတွက် စစ်တပ် အာဏာသက်ရောက်ရာ ကျေးရွာတွေမှာ ဖိအားပေးလုပ်ဆောင်တာမျိုးတွေ ရှိလာနေပါတယ်။

“ကျနော်တို့သိရသလောက်ဆို မဲကိစ္စတွေအပြင် အကြီးပိုင်းတွေပါရောက်ဖို့ရှိတယ်ပေါ့။ အတွင်းသတင်းတွေကကြားရတာပါ။ ဒီအတွက် မြို့ကိုကာချင်လို့ စစ်ကြောင်းတွေထိုးနေတာပဲလားပေါ့။ သူတို့အောက်ကရွာတွေကတော့ ရွေးကောက်ပွဲ မဖြစ်မနေလုပ်မယ့်သဘောပါ။ ဒါပေမယ့် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရွာတွေကတော့ ပြည်သူတွေကအစ လက်မခံပါဘူး” လို့ Cobra One တပ်ဖွဲ့ တာဝန်ခံမြွေဟောက်က မောင်းကိုပြောပါတယ်။

ပခုက္ကူတပ်မ ၁၀၁ ဌာနချုပ်အပါအဝင် ပခုက္ကူမြို့နယ်အနောက်ခြမ်း ကမ္မမြို့အထိ ပျူစောထီးရွာတွေနဲ့ ကြားနေရွာတော်တော်များများကို စစ်အုပ်စုက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၁ ယောက် အပါအဝင် ဒေသခံ (၆) ယောက် ထိမှန်ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့က စျေးရပ်ကွက်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၆) ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

အမေရိကန်ရောက် ကိုထိန်လင်း နယူးယောက်မြို့ရှိ ကုလဆိုင်ရာ မြန်မာသံရုံးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံ…

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံရုံးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ် အဲရစ် (ခ) ကိုထိန်လင်း သွားရောက်ခဲ့ပြီး ကုလဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာနဲ့တရုတ်ဟာ အင်တာနက်လွတ်လပ်ခွင့် အနိမ့်ဆုံးနိုင်ငံတွေလို့ အစီရင်ခံစာမှာပြော

မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံး နိုင်ငံတွေဖြစ်ကြောင်း လေ့လာမှုတစ်ခုက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
Read More

PDF ZOLAND ရဲ့ တန်းမြှင့်သင်တန်း အပတ်စဉ်(၂) သင်တန်းဆင်းပွဲ …(ဓာတ်ပုံသတင်း)

Zomi Federal Union /PDF ZOLAND တန်းမြှင့်သင်တန်း အပတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ငါန်းဇွန်တွင် အကြမ်းဖက်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ စစ်အုပ်စု ဝရုန်းသုန်းကား ထွက်ပြေး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို လိုက်လံတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရပြီး ဝရုန်းသုန်းကား ဆုတ်ပြေးသွားကြောင်း TGYR Youth Guerrilla Counter Revolution-NZ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်မြို့တွင် ပေါ်တာဆွဲခံခဲ့ရသည့် အဝေးသင်ကျောင်းသား ရွှေတောင်ပကဖထံ ထွက်ပြေးခိုလှုံ၊ ပကဖနှင့်အတူ အကြမ်းဖက်စစ်တပ်ကို ပြန်တိုက်မည်ဟု ဆို

ပဲခူးတိုင်း၊ ပြည်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ အဝေးသင်တက္ကသိုလ်ကျောင်းသား ၁ယောက် အကြမ်းဖက်စစ်တပ်လက်ကနေ ထွက်ပြေးလွတ်မြောက်လာပြီး ပကဖထံ အလင်းဝင်ခိုလှုံလာကြောင်း ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မောင်းကိုပြောပါတယ်။