စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဝက်တိုး (တောင်)ရွာရှိ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စိန်ဗေဒါတပ်ဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၈ ရက် ဒီမနက် ၇ နာရီခွဲကျော်လောက်မှာ ဝက်တိုးရွာကနေ ကာဘိုးကျေးရွာဆီ ဆက်ကြေးကောက်ဖို့ အင်အား ၁၂ ယောက်နဲ့ ထွက်လာတဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ ပစ်ခတ်မှုအတွင်း ပျူစောထီးတပ်ဖွဲ့ဝင် ၈ ယောက် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတချို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကြိုတင်သတင်းရလို့ သွားစောင့်ခဲ့တာပါ။ အပြန်အလှန် ပစ်ခတ်နေချိန်မှာ ဒရုန်းနဲ့ လာရောက်ပစ်ကူတာမျိုးတော့ မရှိဘူး။ ကာဘိုးနဲ့ ဝက်တိုးကနေတော့ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတယ်” လို့ စိန်ဗေဒါတပ်ဖွဲ့ခေါင်းဆောင်က မောင်းကို ပြောပါတယ်။

ပစ်ခတ်မှုအတွင်း တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပျူစောထီးတွေထံက G (3) ၁ လက်၊ MA (1) ၁ လက်၊ ကာဘိုင် ၂ လက်နဲ့ ပြောင်းချောအမျိုးအစား ဂျောက် ၁လက်၊ စုစုပေါင်း သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့သလို ကျည်နဲ့ ကျည်ဘောက်တွေ၊ ဆက်သွယ်ရေးစက် ၁ လုံး၊ ဖုန်း ၁ လုံး၊ ဘေးလွယ်အိတ် ၂ လုံး သိမ်းဆည်းရရှိခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို စိန်ဗေဒါဦးဆောင်တဲ့ ကန့်ဘလူခရိုင်လှုပ်ရှားပကဖမှ တပ်ခွဲ (၄)၊ တန့်ဆည်မြို့နယ် ပကဖ၊ ရေဦးမြို့နယ် လက်ရုံးတပ်၊ TTC ရင်း (၂၅) တန့်ဆည်နဲ့ ကာဘိုးတိုက်နယ်ပကဖတို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သံတွဲမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ ကလေးငယ်တွေအပါ ၁၃ ယောက်ထက်မနည်းသေဆုံးပြီး ၂၃ ယောက်ထက်မနည်း ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးတွေ ကြဲချခဲ့ရာ ကလေးငယ်တွေအပါ ပြည်သူ ၁၃ ယောက်သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မတရားဖမ်းဆီးခံထားရသည့် အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အကျဉ်းထောင်အတွင်း လုံလောက်သည့် ဆေးဝါးကုသမှု မရ 

အင်းစိန်ထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ အလုပ်သမားအရေးလှုပ်ရှားသူ STUM ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးဟာ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရဘူးလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

မိုင်းယု (၁၀၅)မိုင်တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ သက်တမ်းကုန်နေသည့် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကို စစ်ဆေးမှု ပြုလုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းခရိုင်၊ မိုင်းယု(၁၀၅) မိုင်မှာ တအာင်းတပ်မတော်(TNLA) ၊ ကိုးကန့်တပ်မတော် (MNDAA)နဲ့ အာရက္ခတပ်တော် (AA) တို့ပါဝင်တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့က သက်တမ်းကုန်နေတဲ့ စားသောက်ကုန်နဲ့ ဆေးဝါးပစ္စည်းတွေကို စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲမှာ ထောက်ပံ့ကူညီမှုများ မလုပ်ဆောင်ကြဖို့ ချင်းပြည်သူများကို ICNCC သတိပေး

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ မပါဝင်ဘဲ ထောက်ပံ့ကူညီခြင်းတွေလည်း မလုပ်ဆောင်ဖို့ ချင်းပြည်သူတွေကို ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က သတိပေး ပြောဆိုလိုက်ပါတယ်။
Read More

စစ်ကိုင်းမြို့အရှေ့ခြမ်းတွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်က ကျောင်းထိုင်ဆရာတော်အပါ လူ ၄ ဦးကို ပစ်သတ်ခဲ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ  စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က ကျောင်းထိုင်ဆရာတော်တစ်ပါး အပါအဝင် လူ ၄ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း Wetlet Informational Network က ထုတ်ပြန်ပါတယ်။
Read More

ကိုးလအတွင်း တရုတ်နိုင်ငံကို မြန်မာ့မြေရှား ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး တင်ပို့ခဲ့

လက်ရှိ ၂၀၂၅ ခုနှစ် ကိုးလတာကာလအတွင်း မြန်မာနိုင်ငံဟာ တရုတ်ကို မြေရှားသတ္တုတင်ပို့ရာမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး တင်ပို့ခဲ့ပြီး ကမ္ဘာ့မြေရှားထုတ်လုပ်ရေးမှာ ဒုတိယအဆင့် ရပ်တည်နေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP-Myanmar က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။