ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၂ယောက်ကို ၃လတာ တိုင်ပိတ်ထားပြီးနောက် သူတို့ထဲ နိုင်ငံရေးအကျဉ်းသား ၁ယောက်ဟာ ထောင်ပိုင်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် အသက်သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့မှာ ဘားအံထောင် ကြိုးကြာဆောင်က နိုင်ငံရေးအကျဉ်းသား (၁၂) ယောက်ကို ထောင်အာဏာပိုင်တွေက ခေါ်ယူရိုက်နှက်ပြီး ခြေကျင်းခတ်ကာ ၃လ တိုက်ပိတ်ပြစ်ဒဏ်ချခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပိတ်တဲ့နေရာကို ခေါ်ဆောင်သွားစဉ်မှာလည်း ထောင်အာဏာပိုင်တွေက ရိုက်နှက်တာတွေ လုပ်ခဲ့တဲ့အပြင် တိုက်ပိတ်ခံရတဲ့ နေရာထဲကိုပါ ဝင်ရောက် ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။ 

အခုလို ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်မှုဒဏ်တွေကြောင့် ဇူလိုင်လ (၁၃) ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုဉာဏ်မင်းထွန်း အသက်သေဆုံးခဲ့ရပြီး အခြားတိုက်ပိတ်ခံထားရတဲ့  နိုင်ငံရေးအကျဉ်းသားတွေလည်း ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့တယ်လို့ PPNM က ဖော်ပြထားပါတယ်။ 

“သေဆုံးမှုကိုတော့ ကျနော်တို့ ယုံကြည်စိတ်ချရတဲ့ မျက်မြင်သက်သေ သတင်းရင်းမြစ် အပါအဝင် တခြားသတင်းရင်းမြစ်တွေက‌နေ ရရှိထားပြီး ဖြစ်ပါတယ်။ ထောင်ဘက်က မိသားစုဝင်တွေဆီကို တရားဝင် အကြောင်းကြားခဲ့တာ ရှိ၊ မရှိကတော့ မသိရှိရဘူး။ ဒါပေမယ့် သေဆုံးမှုကိုတော့ အတည်ပြုချက် ရရှိထားပြီးပါပြီ” လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။ 

(ဓာတ်ပုံ AFP)

ထောင်အာဏာပိုင်တွေဟာ တိုက်ပိတ်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ကိုဇော်ဝင်းအောင် (ခ) ကိုဂျက် ကိုလည်း ဦးဆောင်သူအဖြစ် သတ်မှတ်ကာ (၁) လကျော် နေ့စဉ် အပြင်ခေါ်ထုတ် ရိုက်နှက်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ကိုဇော်ဝင်းအောင် (ခ) ကိုဂျက်လည်း အခုချိန်မှာ ရုပ်ပိုင်းဆိုင်ရာအပြင် မိမိကိုယ်ကို အဆုံးစီရင်ဖို့အထိ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်မှုတွေ ကြုံတွေ့နေရတယ်လို့ PPNM က ဆိုထားပါတယ်။ 

“နိုင်ငံရေးအကျဉ်းသားတွေဟာ ညှင်းပန်းနှိပ်စက်မှုဒဏ်ကို ခံနေရတယ်။ ပြီးတော့ သေဆုံးအောင် သတ်ဖြတ်လာမှုတွေကိုပါ ကျူးလွန်လာတာ တွေ့ရပါတယ်။ ဒါဟာ စနစ်တကျ လုပ်ဆောင်နေပြီး ပြင်ပကို သတင်းမရောက်အောင် ဖုံးကွယ်ထားတာကိုလည်း တွေ့ရပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေဟာ အသက်ရှင်သန်ပိုင်ခွင့် အခွင့်အရေးကို ဆိုးဆိုးဝါးဝါးချိုးဖောက်ခံနေရပါတယ်” လို့ ကိုသိုက်ထွန်းဦးက ဆက်ပြောပါတယ်။ 

PPNM အနေနဲ့ မတရားတိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား (၁၂) ယောက်ကို ခြေကျင်းခတ်၊ တိုက်ပိတ်တာကနေ ချက်ချင်းလွှတ်ပေးဖို့၊ နိုင်ငံရေးအကျဉ်းသား ကိုဇော်ဝင်းအောင်အပါအဝင် ရိုက်နှက်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းဆေးဝါးကုသမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီမှုပေးဖို့၊  ထောင်အာဏာပိုင်တွေကနေ နိုင်ငံရေးအကျဉ်းသားတွေအပေါ် မည်သည့်နည်းလမ်းနဲ့မဆို အသက်အန္တရာယ် ခြိမ်းခြောက်မှု လုံးဝမရှိဖို့ကိုလည်း တောင်းဆိုထားပါတယ်။

 

0 Shares:
You May Also Like
Read More

နေပြည်တော်ဗျူဟာ အမှတ် ၁၈ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာအမှတ် ၁၈ တပ်ရင်းအမှတ် ၈၀၃ ရဲ့ အမှတ်စဉ် ၃ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ တိုက်ပွဲအတွင်း ခရီးသည်များ ပိတ်မိနေခဲ့၊ ၃ နှစ်သား က​လေးငယ်နှင့် မိခင်ဖြစ်သူအပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲအတွင်း ပိတ်မိတဲ့ ခရီးသည်​တွေထဲက ၃ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ချောက်မြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၆ ဦး သေ၊ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ Chauk Revolution Army (CRA) က ထုတ်ပြန်ထားပါတယ်။
Read More

ဗုံးကြဲခံရလို့ ပိတ်မိနေတဲ့ နောင်ပိန်ရွာထဲ စစ်အုပ်စု သတ်ဖြတ်မှုများ ပြုလုပ်ခဲ့

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို အကြမ်းဖက်စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ကျေးရွာအတွင်းမှာ ကျန်နေခဲ့တဲ့ ဒေသခံတွေကို ပစ်ခတ်ရာ သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မိုးကုတ် ပကဖ ဒေသတွင်းပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က ဒေသတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

CDM များကို အလုပ်မခန့်ရန် လှုံ့ဆော်ခဲ့သည့် ဒေါက်တာနန္ဒဝင်းအား သခင်အားရ ကျွန်ပါးဝအဖြစ် သတ်မှတ်ကာ ပြည်သူ့ဂုဏ်ရည်ဆုရှင်စာရင်းမှ ဖယ်ရှား

ရန်ကုန်တိုင်း၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းကို ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဆုရှင်အဖြစ်ကနေ ဖယ်ရှားလိုက်ကြောင်းကို ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။