စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံလူထုအတွက် အရေးတကြီး လိုအပ်နေတဲ့ စားနပ်ရိက္ခာအကူအညီတွေကို ပြီးခဲ့တဲ့ဩဂုတ်လထဲမှာ ထောက်ပံ့ကူညီခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါထောက်ပံ့ကူညီမှုတွေဟာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ရေးရာတာဝန်ခံတွေနဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက တာဝန်ခံတို့ ပူးပေါင်းထောက်ပံ့ကူညီခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဝန်းသိုမြို့နယ်အတွင်း စစ်ဘေးရှောင် အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ၆၇ ယောက်က်ု ထောက်ပံ့ကူညီမှုတွေလုပ်ခဲ့တဲ့အပြင် လူ့အခွင့်အရေးဆိုင်ရာ အခြေခံအသိပညာတွေနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးမှုနဲ့ ဆွေးနွေးမှုတွေကိုလည်း မျှဝေပေးခဲ့တယ်လို့ သိရပါတယ်။

NUG အစိုးရအနေနဲ့ စစ်ဘေးရှောင်တွေကို ပစ်ပယ်မထားဘဲ ထောက်ပံ့ပေးကူညီတဲ့အပြင် လူ့အခွင့်အရေးနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာရပ်တွေ ပို့ချပေးမေတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ဦး လက်နက်နှင့်တကွ တောင်သူကြီးများအဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်ထဲ မဝင်လျှင် ထောင်ချခံရမည်ဟု ခြိမ်းခြောက်ခံရတာကြောင့် စစ်မှုထမ်းဆင်း စစ်သားဖြစ်လာသူ လက်နက်မဲ့ အလင်းဝင်လာ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီရဲ့ အပတ်စဉ် ၆ စစ်မှုထမ်းဆင်း စစ်သား လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ထုတ်ပြန်ထားပါတယ်။
Read More

AA အပစ်ရပ်ထားစဉ် ရခိုင်၊ ပဲခူးနှင့် ဧရာ၀တီတိုင်းက AA တပ်ဖွဲ့ဝင်များရှိရာကို စစ်ကောင်စီ နေ့စဉ်တိုက်ခိုက်နေ၊ အပစ်ရပ်မတိုင်မီ ညောင်ကျိုးဗျူဟာစခန်းကို AA သိမ်းပိုက်နိုင်ခဲ့

အာရက္ခတပ်တော် AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က တစ်လတာ အပစ်အခတ်ရပ်နားထားစဉ် အာဏာသိမ်းစစ်ကောင်စီက တစ်ဖက်သတ်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတဝန်း ၃ လ အတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် ၁၈ နှစ်အောက် ကလေးငယ် ၇၉ ဦး အပါအဝင် ပြည်သူ ၄၀၀ နီးပါး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင်လကနေ စက်တင်ဘာလအထိ ၃ လတာအတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၇၉ ယောက်အပါအဝင် အရပ်သားပြည်သူ ၄၀၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
Read More

ရှေ့နေ ဒေါ်ရွက်နုအောင် ရရှိခဲ့တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆုကို NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စားရယူပေးခဲ့

စစ်ကောင်စီရဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရတဲ့ ရှေ့နေဒေါ်ရွက်နုအောင် ရရှိခဲ့တဲ့ နိုင်ငံတကာလူ့အခွင့်အရေးဆု “Ludovic Trarieux” ကို NUG ရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လက်ခံ ရယူပေးခဲ့ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှာ စစ်တပ် ဗုံးကြဲလို့ အရပ်သား ၂ ဦး‌ သေဆုံး

သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီတပ်က သင်္ကြန်အကြိုနေ့ ညပိုင်း လေကြောင်း‌ ဗုံးကြဲတိုက်ခိုက်ခဲ့ဝာာကြောင့် အရပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။