ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ်က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီလို့ အကြမ်းဖက်စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

သင်္ယန်းညီနောင်က စစ်တပ်စခန်းတွေနဲ့ ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးတလျှောက်ကို အကြမ်းဖက်စစ်တပ်က ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်ကစလို့ ထိုးစစ်ဆင်ခဲ့ပြီးနောက် ၁၀ ရက် အကြာမှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကော်မရှင်က ဆိုပါတယ်။

အာရှလမ်းမကြီးနဲ့ သင်္ယန်ညီနောင်မြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်တပ်ဘက်က တစ်နှစ်ကျော်ကြာ ထိုးစစ်ဆင်ခဲ့ရပြီး တိုက်ပွဲပေါင်း ၃၈၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ရာအတွက် အကြမ်းဖက်စစ်ကော်မရှင်က အောင်ဇေယျ စစ်ကြောင်း ၂ ကြောင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်အနေနဲ့ အခုလို အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်တာဟာ KNUရဲ့ ကော်သူးလေအစိုးရ ထူထောင်ရေး အိပ်မက်ကို အပြီးတိုင် ရိုက်ချိုးဖျက်ဆီးနိုင်ခဲ့တာဖြစ်တယ်လို့လည်း စစ်ကော်မရှင်က ဝါဒဖြန့်ထားပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအပိုင်း-၁ မှာ ကရင်ပြည်နယ်အတွင်းက ဘားအံ၊ သံတောင်ကြီးနဲ့ မြဝတီမြို့နယ်တို့ ပါဝင်နေပြီး စောချစ်သူ ဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ်နဲ့ လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNA)တို့ကလည်း မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အကူအညီပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်တပ်ကတော့ သူတို့ ပြန်ထိန်းချုပ်လိုက်တဲ့ ကော့ကရိတ် – သင်္ဃန်းညီနောင် – မြဝတီအာရှလမ်းမကြီးကို အမြန်ဆုံး ပြန်ဖွင့်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူရွာကို စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံးပြီး ကလေး ၅ ဦးအပါ ၇ ဦး ဒဏ်ရာရ

မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် ၁ ယောက် သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG စစ်ဥပဒေချုပ်က မန္တလေးခရိုင် တပ်ရင်း‌ ၆ နောက်တန်းက ရဲဘော်တွေကို လာရောက်တွေ့ဆုံ အားပေးး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊  စစ်ဥပဒေချုပ်၊ ဦးကျော်စိုးလင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးခရိုင် အမှတ် ၆ တပ်ရင်း‌ နောက်တန်းက ရဲဘော်တွေကို လာရောက်တွေ့ဆုံ အားပေးစကားပြောခဲ့တယ်လို့ သိရပါတယ်။
Read More

ကျိုက်ထိုရှိ စစ်ကောင်စီ၏ ခမရ ၂၀၇ တပ်ရင်း ကာကင်းစခန်းများကို ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က စစ်ကောင်စီရဲ့ ခမရ ၂၀၇ တပ်ရင်းမှာရှိတဲ့ ကာကင်းစခန်းတွေကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အင်းတကော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။
Read More

အသက် ၁၈ နှစ်အရွယ် ကလေးအမေကို အကြမ်းဖက်စစ်သား ၃ ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ ဓားဖြင့် ၆ ချက် ထိုးသတ်ခဲ့

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေက အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ် ၁ ယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ဓားနဲ့ ၆ ချက် မသေမချင်း ထိုးသတ်ထားခဲ့တယ်လို့ Thawthikho တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းတလျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

ရေဖြူမှာ စစ်ကောင်စီက နုဘုလယ် ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်အကောင်အထည်ဖော်နိုင်ဖို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာ၊ လက်နက်နဲ့ ဒရုန်းတွေကို သယ်ဖို့ကြိုးစားနေတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲခံရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ရေကြောင်းကနေ ဒရုန်းနဲ့ လက်နက်ခဲယမ်းသယ်ယူရင်း အခြေစိုက်စခန်းဆီပို့ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။