ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်အတွင်း စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက်မှာ အကြမ်းဖက်စစ်ကောင်စီ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း ၁၂၈ လုံးကို AA က ရှင်းလင်းနိုင်ခဲ့တယ်လို့ အာရက္ခမင်းသမီး မီဒီယာ သတင်းဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။

မောင်တောမြို့နယ်အတွင်း နေရပ်ပြန် အရပ်သားပြည်သူတွေ နေထိုင်သွားလာရေး အဆင်ပြေစေဖို့အတွက် တိုက်ပွဲဖြစ်ပွားရာနေရာတွေဖြစ်တဲ့ တပ်စခန်း၊ တောတောင်၊ ကားလမ်းမနဲ့ လူနေခြံဝင်းတွေကို AA က မိုင်းရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်က မောင်တောမြို့နယ်၊ သစ် တောရွာဝင်ဝ ကားလမ်းဘေးမှာ အကြမ်းဖက် စစ်တပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း ၈၅ လုံးကို ရှင်းလင်းနိုင်ခဲ့ပြီး စက်တင်ဘာ ၆ ရက်မှာတော့ မောင်တောမြို့နယ်၊ လေးမိုင်စခန်းရှိ၊ ကားလမ်းမဘေးက အကြမ်းဖက်စစ်တပ် ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း ၄၃ လုံးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ Arakan Princess Media က သတင်းဖော်ပြထားပါတယ်။

မောင်တောမြို့သိမ်း တိုက်ပွဲကာလအတွင်း အကြမ်းဖက် စစ်တပ်က သူတို့ တပ်စွဲခဲ့တဲ့ နေရာတွေ၊ တပ်ဆုတ်ခဲ့ရတဲ့ လမ်းတလျှောက် တောတောင်တွေနဲ့ အရပ်သားတွေ နေထိုင်ရာနဲ့ နီးစပ်တဲ့ လယ်ယာတွေမှာ မြေမြှုပ်မိုင်းတွေကို ရည်ရွယ်ချက်ရှိရှိ ထောင်ထားခဲ့သလို စစ်ကျန်လက်နက်တွေကိုလည်း မဆင်မခြင် စွန့်ပစ်ထားခဲ့ပါတယ်။

(ဓာတ်ပုံ Arakan Princess Media)

0 Shares:
You May Also Like
Read More

TNLA စိုးမိုးနယ်မြေများအတွင်း ငလျင်ဘေးသင့် ပြည်သူများအတွက် ကျပ်သိန်းပေါင်း (၄၀၀၀)ကျော် အလှူငွေကောက်ခံရရှိခဲ့…

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုးကုတ်၊ ကျောက်မဲမြို့နယ်တို့မှာ အင်အားပြင်း ငလျင်ဒဏ်သင့် ပြည်သူတွေ အတွက် ကော်မတီဖွဲ့စည်းပြီး အလှူခံဌာနဖွင့်လှစ်ရာ ကျပ်သိန်းပေါင်း (၄၀၀၀)ကျော် ကောက်ခံရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံး အပါအဝင် နေရာ ၄ ခုကို တစ်ချိန်ထဲမှာ ဝင်ရောက်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံး အပါအဝင် နေရာ ၄ ခုကို တစ်ချိန်ထဲမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီအထူး ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

ကန်နီပျူစောထီးရွာ စစ်ဆင်ရေးအတွင်း ခမရ ၂၅၂ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်

မကွေးတိုင်း ၊ မြိုင်မြို့နယ် ၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကန်နီ ပျူစောထီးကျေးရွာ စစ်ဆင်ရေးအတွင်း ခမရ ၂၅၂ က စစ်ကောင်စီတပ်သား ၁ ယောက် ‌ လက်နက်နဲ့ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်မှုထမ်းဖို့ လူလိုက်စုပေးနေသူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းကိုင်းအုပ်စု၊ ကံကလေးကျေးရွာမှာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူလိုက်စုပေးနေသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။
Read More

KNU ဥက္ကဋ္ဌ အဖွဲ့ဝင်များ၊ Chinland အစိုးရအဖွဲ့ဝင်များအပါအဝင် AA နှင့် PDF တို့ကို ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် စစ်ကော်မရှင် အမှုဖွင့်ထား

ကရင်အမျိုးသားအစည်အရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် အဖွဲ့ဝင် ၁၃ ယောက်၊ အာရက္ခတပ်တော် AA နဲ့ ချင်းပြည် Chinland အစိုးရအဖွဲ့ဝင် ၁၇ ယောက်တို့ကို အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှု ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။