တရုတ်နိုင်ငံဟာ မြန်မာ့ပြည်တွင်းရေးနဲ့ တော်လှန်ရေးအပေါ် များစွာ ဝင်ရောက်စွက်ဖက်နေတယ်လို့ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေဘက်က ပြောဆိုနေကြချိန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လက်ရှိမှာ တရုတ်-မြန်မာ ဆက်ဆံရေးဟာ အကောင်းဆုံးအခြေအနေကို ရောက်ရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့မှာ တရုတ်သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“တရုတ်-မြန်မာဆက်ဆံရေးဟာ အခုချိန်မှာ အကောင်းဆုံးအခြေအနေ အမြင့်ဆုံးအခြေအနေကို ရောက်နေတယ်လို့ ဆိုရပေမယ့် ဒီ့ထက်ပိုပြီးကောင်းတဲ့ ဒီ့ထက်ပိုပြီး မြင့်မားတဲ့ ဒီ့ထက်ပိုပြီး ပူးပေါင်းဆောင်ရွက်မှု အားကောင်းတဲ့ အခြေအနေမျိုးကို ကျနော်တို့ ဆက်ပြီး အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်” အာဏာသိမ်း စစ်ခေါင်းဆောင်က ဆိုပါတယ်။

မင်းအောင်လှိုင်က ပေါက်ဖော်ချစ်ကြည်ရေး အင်မတန်ကောင်းမွန်နေတယ်ဆိုတဲ့ တရုတ်နိုင်ငံဟာ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေအပေါ် အတင်းအကြပ် ဖိအားပေးမှုတွေ လုပ်ဆောင်ကာ ပြည်သူကို သတ်ဖြတ်နေတဲ့ စစ်တပ်ဘက်ကို ယိမ်းနေတာကြောင့် မြန်မာပြည်သူတွေရဲ့ အမြင်မကြည်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။


မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားမှုနဲ့အတူ တရုတ်နိုင်ငံကို ရောက်ရှိချိန် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် စစ်ရေးပြအခမ်းအနားကိုလည်း တက်ရောက်ခဲ့ပြီး တခြားနိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန် တရုတ်သမ္မတ ပြောဆိုဆွေးနွေးခဲ့တဲ့ အချက်တွေ အားလုံးကိုလည်း သဘောတူ ထောက်ခံကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“အင်မတန် ကြီးကျယ်တဲ့ စစ်ရေးပြအခမ်းအနားကြီး ဖြစ်ပါတယ်။ တရုတ်တပ်မတော်ရဲ့ စနစ်တကျ လေ့ကျင့်ထားမှုကိုလည်း အကောင်းဆုံးဖြစ်တာ တွေ့ရပါတယ်။ တရုတ်ပြည်သူများရဲ့ စည်းကမ်းအပြည့်အဝ ရှိမှုကိုလည်း ကျနော် တွေ့ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းပကား ဘယ်လောက်မြင့်မားတယ်ဆိုတာကို ကျနော်တို့ တွေ့ပါတယ်။ ကမ္ဘာကြီးကို တရုတ်နိုင်ငံအနေနဲ့ အကာအကွယ် ပေးနိုင်မယ်ဆိုတာကိုလည်း တွေ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အဆင့်မြင့်ကာကွယ်ရေးပစ္စည်းတွေကို တွေ့ပါတယ်။ ဒီကာကွယ်ရေးပစ္စည်းတွေက ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အန္တရာယ်ကို ကာကွယ်ပေးနိုင်မယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်” လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ တရုတ်နိုင်ငံအနေနဲ့ အကြမ်းဖက် စစ်အုပ်စုအပေါ် အသိအမှတ်ပြုခြင်းကို ဆိုင်းငံ့ထားဖို့၊ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ငြင်းပယ်ဖို့နဲ့ အကြမ်းဖက် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ယာယီသမ္မတလို့ ရည်ညွှန်းသုံးစွဲမှုကို ရပ်စဲဖို့ တရုတ်အစိုးရကို တိုက်တွန်းထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဥရောပအခြေစိုက် Airbus ကုမ္ပဏီအနေနဲ့ စစ်ကောင်စီကို လေယာဉ်တွေရောင်းပေးနေတဲ့ AVIC ကနေ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆို

ကမ္ဘာကျော် လေကြောင်းကုမ္ပဏီကြီးဖြစ်တဲ့ Airbus အနေနဲ့ စစ်ကောင်စီကို လေယာဉ်တွေရောင်းချနေတဲ့ တရုတ်အစိုးရပိုင် AVIC နဲ့ ပူးပေါင်းနေမှုကို ရပ်တန်းက အမြန်ဆုံးရပ်ဖို့ မြန်မာပြည်သူတွေတောင်းဆိုသင့်ပြီလို့ သွေးစွန်းငွေ ဖြတ်တောက်ရေး (Blood Money Campaign ) အဖွဲ့က တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတကို လွှတ်တော်က တာဝန်ဆိုင်းငံ့…

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုအောင်မြင်ခဲ့ပြီးနောက် ယွန်းဆွတ်ခ်ယိုးလ်ရဲ့ သမ္မတာဝန်တွေကို ဆိုင်းငံ့လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ICC တရားသူကြီး ၂ ဦးနှင့် အမှုစစ် ၂ ဦးကို ထရမ့်အစိုးရ အရေးယူပိတ်ဆို့မှု ပြုလုပ်

အစ္စရေးခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး စစ်ဘက်ခုံရုံးပေါ်မှာ အရှိန်မြှင့်ဖိအားပေးတဲ့အပြင် အမေရိကန်အရာရှိတွေကိုပါ စုံစမ်းစစ်ဆေးဖို့ အရင်က ဆုံးဖြတ်ခဲ့ဖူးတဲ့ ICC ရဲ့ တရားသူကြီး ၂ ယောက်နဲ့ အမှုစစ် ၂ ယောက်အပေါ် ထရမ့်အစိုးရက အရေးယူပိတ်ဆို့မှုတွေကို ချမှတ်လိုက်ပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသား ၄၀၀၀ လောက်ကို သက်ဆိုင်ရာနိုင်ငံများထံ ဆက်လက်လွှဲပြောင်းပေးဖို့ လုပ်ဆောင်နေဟု BGF ပြော

ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား ၃၀၀၀ လောက်ကို သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးထံ ပြန်လည် လွှဲပြောင်းပို့ဆောင်ပြီးပြီဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် BGF က ပြောပါတယ်။
Read More

လေကြောင်းပြပွဲအတွင်း လေ့ကျင့်နေတဲ့ F-16 တိုက်လေယာဉ်ပျက်ကျ (ရုပ်/သံ)

ပိုလန်နိုင်ငံအလယ်ပိုင်းမှာ ပြုလုပ်မယ့် လေကြောင်းပြပွဲတစ်ခုမှာ အစမ်းလေ့ကျင့်ပျံသန်းနေတဲ့ F-16 တိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူး သေဆုံးခဲ့ပါတယ်။ 31st Tactical လေတပ်စခန်းမှာ ပြုလုပ်တဲ့ ဩဂုတ် ၂၈ ရက်နေ့က လေကြောင်းပြပွဲအတွင်း ပိုလန်စစ်တပ်က ဝယ်ယူထား တဲ့ အမေရိကန်နိုင်ငံလုပ် F-16 တိုက်လေယာဉ်ကို လေ့ကျင့်ပျံသန်းရင်း လေယာဉ်ပြေးလမ်းပေါ် ထိုးကျကာ မီးလောင်ပေါက်ကွဲခဲ့ပါတယ်။
Read More

NUG အစိုးရပါဝင်သည့် ၃ ပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ 113th International Labour Conference ကို တက်ရောက်ခဲ့

၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားရေးရာညီလာခံ (113th ILC) ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ပါဝင်တဲ့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ NUG အစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။