မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ (၂၄) ကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်ကားတန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးခဲ့ကြောင်း တောင်ညိုနဂါး – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့က ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံဆီ ရိက္ခာနဲ့ လူအင်အား ပို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တယ်ပင်ကန်တောက်ဘက်၊ ပေါက် – ဆိပ်ဖြူလမ်းပိုင်းအနီးမှာ ပခုက္ကူခရိုင်တပ်ရင်းတွေနဲ့ ပကဖပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းမှာ ရိက္ခာကားတွေအပြင် တပ်မ (၁၀၁) လက်အောက်ခံ ခလရ (၂၅၄) တပ်က အင်အား ၈၀နီးပါး ပါဝင်လာတာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့ ၁နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က မျက်မြင် ၁၀ ယောက် သေဆုံးပြီး ၁၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ညိုနဂါး-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အဆိုပါ အကြမ်းဖက်စစ်ကြောင်းကို ပခုက္ကူခရိုင် ပကဖ လှုပ်ရှားတပ် တပ်ခွဲ (၃)၊ ပခုက္ကူခရိုင် စစ်ဌာန စစ်ကြောင်း (၄)၊ ပခုက္ကူခရိုင် အမှတ်(၅ )တပ်ရင်း၊ ပခက္ကူခရိုင် အမှတ်(၁၂) တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် (၁၄) တပ်ရင်း၊ ပေါက် နဲ့ မြိုင်မြို့နယ် ပကဖ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း ပခုက္ကူခရိုင် အမှတ်(၄) တပ်ရင်းနဲ့ ပခုက္ကူခရိုင် အမှတ် (၁၄) တပ်ရင်းက ရဲဘော် ၂ယောက် ကျဆုံးခဲ့ပြီး ပခုက္ကူခရိုင် အမှတ် (၁၂) တပ်ရင်းက ရဲဘော် (၁)ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

“ပေါက်ကပစကို ပစ္စည်းနဲ့ ရိက္ခာနဲ့လူ ပို့တဲ့စစ်ကြောင်းကို ကပစ က အပြန်မှာ ဖြတ်တိုက်ခဲ့တာပါ။ လက်ရှိအချိန်အထိ စစ်ကြောင်းက အဲ့နယ် (ပေါက်နဲ့ ဆိပ်ဖြူ) ထဲရှိနေပါသေးတယ်။” လို့ တောင်ညိုနဂါး-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အထက်ပါစစ်ကြောင်းဟာ ပခုက္ကူမြို့ကနေ ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ စတင်ထွက်ခွာလာခဲ့တာဖြစ်ပြီး ၃လနီးပါးကြာချိန်မှာ ပေါက်မြို့နယ်ကို ရောက်ရှိလာခဲ့ကြာ ၃ရက်ကြာနေပြီး ပခုက္ကူနဲ့ ဆိပ်ဖြူဘက်ကို ပြန်လည်ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါစစ်ကြောင်းကြောင့် လမ်းပိုင်းတလျှောက် ကျေးရွာတွေ မီးရှို့ခံရတာ၊ စစ်ရှောင်ရတာနဲ့ အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေနဲ့ လေကြောင်းအန္တရယ်တွေပါ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဘောလုံးကန်ဖို့ထွက်လာသည့် ၁၇ နှစ်အရွယ် လူငယ်ကို စစ်ကောင်စီတပ်သားများ သေနတ်ဖြင့်ပစ်သတ် စွန့်ပစ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်သားတွေက ဘောလုံးကန်ဖို့ထွက်လာတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ် ၁ ယောက်ကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ ထံက သိရပါတယ်။
Read More

စစ်ကောင်စီ ကြဲချတဲ့ ဗုံးသီးတွေ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အိပ်ပျော်နေတဲ့ မိသားစုဝင် ၃ယောက် သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီက ၄ရက်မြောက်အဖြစ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား မိသားစုဝင် ၃ယောက် ထပ်မံသေဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပကဖတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အရာတော်တွင် ရိက္ခာသယ်လာသည့် ပျူစောထီးများအား တော်လှန်ရေးတပ်များ ပစ်ခတ်ဖမ်းဆီး၊ ဆန်ဆီ ရိက္ခာများနှင့်အတူ ပျူ ၈ ဦးအား အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ရိက္ခာသယ်ထွက်လာတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ရာ ၈ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ရိက္ခာပစ္စည်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ Ngwe Dwin Revolution Force တပ်ခွဲမှူး ကိုစစ်နိုင်က မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ ၉ရက် ဒီမနက်မှာ အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးရွာကနေ ညောင်ဒူးလေးရွာဘက် ထွက်လာတဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်မျက်နှာ များပြားလွန်းတာကြောင့် အာဏာသိမ်းစစ်တပ် စစ်လက်နက်များကို အလျဉ်မီအောင် ထုတ်လုပ်နေရ

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်ဝန်း ဖြန့်ကျက်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေရတာကြောင့် လက်နက်ခဲယမ်းတွေကို အလျဉ်မီအောင် ထုတ်လုပ်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။
Read More

ဟားခါးမြို့မရဲစခန်းအတွင်း ဝင်ရောက်ခဲ့သည့် CDF-Hakha နှင့် CNA အကျဥ်းသားများ ကယ်ထုတ်ရေးမစ်ရှင် 

ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှာ အကြမ်းဖက် စစ်ကော်မရှင် မတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ တော်လှန်ရေးရဲဘော်တွေကို သွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း Chinland Defense Force – Hakha က ဒီည ထုတ်ပြန်ပါတယ်။
Read More

လွိုင်ကော်အနီး အောင်သပြေဂူကုန်းတိုက်ပွဲ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်အပါ ၁၀ ဦး သေဆုံး၊ လက်နက်ခဲယမ်းများပါ ရရှိ

လွိုင်ကော်အနီးက စစ်ကောင်စီစခန်းကို KNDF နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ဦးနဲ့ ၉ ဦးသေဆုံးပြီး သေနတ် ၁၂ လက် ရရှိခဲ့တယ်လို့ KNDF က အသိပေး ထုတ်ပြန်ပါတယ်။