မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ကို ထိုင်းကုန်စည်တွေ တင်သွင်းမှု တင်းကျပ်ထားတဲ့ အာဏာသိမ်းစစ်တပ်က ထိုင်းပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ၎င်းတို့ကုန်စည်တွေကို ရနောင်းနဲ့ မယ်ဆိုင်နယ်စပ်ဂိတ်တွေကနေ တင်သွင်းဖို့ ပြောဆိုလိုက်ပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့ကစပြီး မြဝတီ-မဲဆောက်နယ်စပ်ဂိတ်နဲ့ ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတား တို့ကနေ ကုန်စည်တင်ပို့ခွင့်ကို စစ်အုပ်စုက ပိတ်ပင်လိုက်တာပါ။

ထိုင်းရဲ့ကုန်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားလှယ်တွေဟာ ကုန်ပစ္စည်းတင်သွင်းမှုလိုင်စင် အဆင်ပြေစေဖို့ စစ်ကောင်စီခန့် မြန်မာသံအမတ် ဇော်ဇော်စိုးနဲ့ ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Arada Fuangtong က တနင်္လာနေ့မှာ ပြောပါတယ်။

မြဝတီ-မဲဆောက် အမှတ် (၂) တံတားကို အသုံးပြုဖို့ စီစဉ်ထားတဲ့ ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ ၎င်းတို့ကုန်ပစ္စည်းတွေကို ရဆောင်းဆိပ်ကမ်းကနေ ကော့သောင်းဆိပ်ကမ်းဆီပို့တာ၊ ဒါမှမဟုတ် တာချီလိတ်-မဲဆိုင်နယ်စပ်ဂိတ်ကနေ ပို့တာတွေ လုပ်ဖို့ စစ်အုပ်စုဘက် ပြောဆိုကြောင်း ၎င်းက ပြောပါတယ်။

ထိုင်းရဲ့ ပို့ကုန်ဆိုင်ရာ စည်းမျဉ်းတွေကို ပြန်လည်သုံးသပ်ဖို့ အဆိုပြုချက်ကို စစ်အုပ်စုကိုယ်စားလှယ်က လက်ခံခဲ့ပြီး အဲဒီကိစ္စရပ်ကို စစ်အုပ်စုနဲ့ ထပ်ဆွေးနွေးမယ်လို့ ဆိုပါတယ်။

ကုန်သွယ်ရေးမူဝါဒတွေကို ဆွေးနွေးညှိနှိုင်းဖို့နဲ့ နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းအနေနဲ့ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးကို ထိုင်းနိုင်ငံဆီ ဖိတ်ကြားခဲ့ကြောင်း Arada Fuangtong က ပြောပါတယ်။

၂၀၂၅ ခုနှစ်ရဲ့ ပထမခြောက်လအတွင်း နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးဟာ ဘတ်ငွေ ၁၀၅.၁ ဘီလီယံရှိခဲ့ပြီး ယမန်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် ၂၄.၉% ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်က နယ်စပ်ဂိတ်တွေအားလုံးထဲမှာ မြဝတီ-မဲဆောက်နယ်စပ်ဂိတ်ဟာ ဘတ်ငွေ ၄၅.၅ ဘီလီယံနဲ့ အမြင့်ဆုံးကုန်သွယ်မှုတန်ဖိုးရှိခဲ့ပေမဲ့ ယမန်နှစ်ကနဲ့နှိုင်းယှဉ်ရင် ၉.၇၁% ကျဆင်းခဲ့ကြောင်း သိရပါတယ်။
News-Bangkok Post

0 Shares:
You May Also Like
Read More

အတုအယောင်ရွေးကောက်ပွဲ ရလဒ်များကို ဇန်နဝါရီလကုန် ကြေညာမည်ဟု ရွေးကောက်ပွဲကော်မရှင် ပြော

စစ်အုပ်စုက ပြုလုပ်ဖို့ရှိတဲ့ အတုအယောင်ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်တွေကို လာမယ့်နှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ကြေညာမယ်လို့ စစ်တပ်ရဲံ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တာဝန်ရှိသူတယောက်က စက်တင်ဘာ ၁၁ ရက် ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

မြန်မာကနေ နျူကလီးယားကုန်ကြမ်းပစ္စည်း မှောင်ခိုရောင်းဝယ်ခဲ့ကြောင်း ဂျပန်ယာကူဇာခေါင်းဆောင် ဝန်ခံ

မြန်မာကနေ နျူကလီးယားကုန်ကြမ်းပစ္စည်းတွေ မှောင်ခိုရောင်းဝယ်မှုနဲ့ အမေရိကန်အာဏာပိုင်တွေက စွဲချက်တင်ထားတဲ့ ဂျပန်ယာကူဇာဂိုဏ်း ခေါင်းဆောင်က သူ့မှာ အပြစ်ရှိကြောင်း ဇန်နဝါရီလ ၈ရက် ဗုဒ္ဓဟူးနေ့က ဝန်ခံခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက ထုတ်ပြန်ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။ 
Read More

ငွေလိမ်ဂိုဏ်းပြဿနာများအတွက် တရုတ်သမ္မတနှင့် ထိုင်းဝန်ကြးချုပ် တွေ့ဆုံ

ထိုင်းနိုင်ငံရဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနယ်စပ်တလျှောက် ကြီးထွားလာနေတဲ့ ငွေလိမ်ဂိုဏ်းပြဿနာတွေအတွက် ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်ထရာက ဖေဖော်ဝါရီလ ၆ ရက်မှာ တရုတ်သမ္မတရှီကျင့်ပင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
Read More

ရောင်နီ Live in  Francisco ဂီတဖျော်ဖြေပွဲမှ  ရန်ပုံငွေ ဒေါ်လာ ၁၄၅,၀၀၀ ရရှိ၊ အကျိုးအမြတ်အားလုံး ပြန်လည် လှူဒါန်းမည်

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စ္စကိုမြို့မှာ ပြုလုပ်တဲ့ ရောင်နီ Live in Francisco ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးအတွက် ရံပုံငွေ ကန်ဒေါ်လာ ၁၄၅,၀၀၀ ရရှိခဲ့ရာ အကျိုးအမြတ်အားလုံးကို ပြန်လည်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
Read More

ထိုင်းမှာ တရားမဝင်နေထိုင်တဲ့ မြန်မာ ၉ ယောက် ကျည်တောင့် ၃၀၀၀ ခန့်နဲ့အတူ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ မြန်မာ ၉ ယောက်ကို ဖမ်းဆီးခဲ့ပြီး သူတို့ရဲ့ နေအိမ်ကနေ ကျည်ဆန် ၃၀၀၀ နီးပါး ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းရဲတွေက ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။
Read More

UWSA ဝတပ်နဲ့ ဖြစ်ပွားနေတဲ့ နယ်စပ်ပြဿနာ‌ ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေးကော်မတီက ကိုင်တွယ်ဆွေးနွေးမည်ဟုဆို

ထိုင်း-မြန်မာနယ်စပ်မှာ ဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) နဲ့ ဖြစ်ပွားနေတဲ့ တင်းမာမှုနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားအဆင့်မဟာဗျူဟာနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မတီအနေနဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကိုင်တွယ်ဆွေးနွေးဖို့ စီစဉ်နေကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။