အကြမ်းဖက်စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆန့်ကျင်စာတွေ၊ ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်စာတွေကို အွန်လိုင်းပေါ်မှာ ရေးသားဖြန့်ဝေသူတွေကို အရေးယူနေတယ်လို့ စစ်အုပ်စုရဲ့ ပြည်ထဲရေးဝန်ကြီးဆိုသူ ထွန်းထွန်နောင်က ပြောပါတယ်။

စက်တင်ဘာလ ၆ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ထွန်းထွန်းနောင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်တပ်ဟာ သူတို့ အာဏာတည်မြဲရေးအတွက် အတုအယောင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်အောင် “ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ဆိုပြီး ဇူလိုင်လ ၂၉ ရက်မှာ ထုတ်ပြန်ထားပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းနဲ့ သေဒဏ်အထိပါ ချမှတ်နိုင်ကြောင်း ပါရှိပါတယ်။

အဆိုပါ ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေကို စတင်ကြေညာပြီးချိန်ကစပြီး စက်တင်ဘာ ၂ ရက်အထိ အရေးယူဆောင်ရွက်မှု ၃ ခု ရှိပြီး Online Media ကို အသုံးပြု ကျူးလွန်နေသူတွေကို ဆက်လက်ဖော်ထုတ် သွားရမယ်လို့ ထွန်းထွန်းနောင်က ပြောဆိုထားကြောင်း သိရပါတယ်။

လက်ရှိအချိန်ထိကို နိုင်ငံတဝန်းမှာ တည်ငြိမ်မှု မရှိသေးပေမယ့် စစ်ခေါင်ဆောင် မင်းအောင်လှိုင်ကတော့ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်နေပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစွာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးက ဆန့်ကျင်ကြောင်း သဘောထားထုတ်ပြန်ထားသလို ထောက်ခံတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တချို့လည်း ရှိနေပါတယ်။
0 Shares:
You May Also Like
Read More

ညစ်ညမ်းစာပေ ထုတ်ဝေတယ် ဟုဆိုကာ စစ်ကောင်စီက စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို လိုင်စင်ပိတ်သိမ်း

ညစ်ညမ်း စာပေထုတ်ဝေတယ်ဟုဆိုကာ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို စစ်ကောင်စီက လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြပါတယ်။ 
Read More

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) က ဦးစီးကျင်းပသည့် (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) က မတ်လ ၁၃ ရက်မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ဦးစီးကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့

စစ်တပ်အာဏာသိမ်းပြီးနောက် KNLA နဲ့ မဟာမိတ်တပ်တွေက စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN)က အသိပေးထုတ်ပြန်ပါတယ်။
Read More

Unity GenerationZ PDF က အခြေခံ စစ်ပညာ ရက်တိုသင်တန်းပေး

ကရင်နီပြည်အခြေစိုက် Unity GenerationZ PDF က စစ်စည်းကမ်းသေဝပ်မှုနဲ့ Chain of Command - COC တည်ဆောက်မှု မြင့်မားလာစေဖို့အတွက် အခြေခံစစ်ပညာ ရက်တိုသင်တန်းပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲပြည်သူ့ဆေးရုံပေါ် စစ်ကောင်စီ ဗုံးကြဲချ၊ CDM ဆရာမ (၁) ယောက်နဲ့ လူနာ (၁) ယောက် သေဆုံးပြီး အရပ်သား(၂၀)ကျော် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်က ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ CDM ဆရာမ (၁) ယောက်နဲ့ လူနာ (၁) ယောက် သေဆုံးပြီး ကျန်မားရေးဝန်ထမ်းတွေနဲ့ CDM ဝန်ထမ်းတွေအပါ အရပ်သား(၂၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

PDF များအကြောင်း လိုက်လံစုံစမ်းပြီး စစ်မှုထမ်းကြေး ပိုက်ဆံကောက်သည့် ပျူစောထီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ PDF တပ်ဖွဲ့တွေအကြောင်း၊ ထောက်ပို့တွေအကြောင်း လိုက်လံစုံစမ်းနေတြ့ ပျူစောထီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၅) ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။