မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက ပျူစောထီးရွာကိုလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်ကြောင်း Cobra One တပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်မြွေဟောက် က မောင်းကိုပြောပါတယ်။

စက်တင်ဘာ၆ရက်၊ ဒီနေ့မနက်ပိုင်းက ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ဖက်ကနေ အနောက်ဘုန်းကန်ပျူစောထီးရွာဖက်ကို ထွက်လာတဲ့အင်အားပါ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ရော့ကတ်၅လုံးနဲ့ ပစ်ခတ်ခဲ့တာလို့သိရတာပါ။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိခဲ့ပြီး တော်လှန်ရေးတပ်များရှိရာနေရာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဗိုလ်မြွေဟောက်ကပြောပါတယ်။
“အနောက်ဘုန်းကန်က ပျူရွာဆိုတော့ အဲ့ကနေ စစ်ကြောင်းထိုးဖို့ လာတာဗျ။ မနက် ၉နာရီလောက် သူတို့ရောက်တော့ ၉နာရီ ၄၅လောက်မှာ ရော့ကတ်တွေအတွဲလိုက် ၅လုံးပစ်ခတ်ခဲ့တယ်။ အထိခိုက်ကတော့ အတိကျမသိရသေးဘူး၊ စုံစမ်းဆဲပါ” လို့ Cobra One တပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်မြွေဟောက် က မောင်းကိုပြောပါတယ်။

အနောက်ဘုန်းကန်ပျူစောထီးကျေးရွာကို ပျူစောထီးခေါင်းဆောင် မင်းဇော်ဦးဆိုသူက ဦးဆောင်နေတာဖြစ်ကြီး ပျူနဲ့စစ်သား အင်အား ၈၀နီးပါးအထိရှိတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ-တပ်ရင်း(၁)နဲ့အတူ ပခုက္ကူမြို့နယ် ပကဖ-လက်နက်ကြီးတပ်ဖွဲ့ COBRA ONE ၊ Burma Revolution Rangersတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပုံစာ- Cobra One တပ်ဖွဲ့အသုံးပြုသည့် ရော့ကတ်များနှင့် ပစ်ခတ်တိုက်ခိုက်နေသည့် ပုံရိပ်များ(ပုံဟောင်း)
0 Shares:
You May Also Like
Read More

စစ်ရှောင်များအတွက် လှူဒါန်းမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သည့် ကလလတ ရဲဘော်ရဲမေများ (ဓာတ်ပုံသတင်း)

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဗျူဟာ၂ ၊ တပ်ရင်းအမှတ် ၉၄၂၁ တပ်ရင်းက ဆေးမှူးနဲ့အတူ ရဲဘော်ရဲမေတွေ၊ တပ်ရင်းအမှတ် ၉၄၂၅ က ရဲဘော်ရဲမေတွေဟာ ကရင်နီပြည်ရှိ စစ်ရှောင်စခန်း တစ်ခုဆီ အဝတ်အထည်တွေ လှူဒါန်းပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကို အလှူရှင်နဲ့အတူ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီဟာ ကျားဖြန့်နဲ့ ငွေလိမ်ဂိုဏ်းတွေကို အဓိက ကူညီအားပေးနေလို့ နိုင်ငံတကာက တိုက်ရိုက်အရေးယူပေးဖို့ Justice For Myanmar က တောင်းဆို

စစ်ကောင်စီဟာ ဒေသတွင်းမှာ အားကောင်းလာတဲ့ ဆိုင်ဘာငွေလိမ်ကျားဖြန့်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုများကို အဓိက အားပေးကူညီနေတဲ့သူတွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်မဲမြို့နယ် စစ်ဘေးရှောင် ပြည်သူများအတွက် SSPP/SSA စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရောင်နီ LA ပွဲ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းခန့် ရရှိ

အမေရိကန်နိုင်ငံ၊ Los Angeles မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရောင်နီ ဖျော်ဖြေပွဲကနေ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းကျော် ရရှိခဲ့တယ်လို့ ရောင်နီ Tour က ကြေညာပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်းလာသည့် စစ်သင်္ဘော ၃စီးအား ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်၊ သင်္ဘောတစ်စီး မီးလောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး ချင်းတွင်းမြစ်ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘော ၃စီးကို ရှေ့ထွက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် သင်္ဘောတစ်စီး မီးလောင်သွားတယ်လို့ မုံရွာခရိုင် တပ်ရင်း (၁၅) တပ်ခွဲ (၄) Black Leopard Force (BLF) ထံက သိရပါတယ်။
Read More

စေတုတ္တရာတွင် စစ်အုပ်စုကို ၂ ရက်တာ ဒရုန်းဗုံးကြဲ၊ မိုင်းဆွဲတိုက်ခိုက်၊ စစ်အုပ်စုအဖွဲ့ဝင် ၂၀ ခန့် သေဆုံးကာ ဗိုလ်ကြီးအပါ အများအပြား ဒဏ်ရာရ

ကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ၂ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စေတုတ္တရာမြို့နယ် NUG ထံက သိရပါတယ်။