အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန ၊ ဒုဝန်ကြီး ဒေါက်တာခင်မောင်လွင် ဦးဆောင်တဲ့ CDM ဆရာဝန်တွေက Hydrocephalus ရောဂါရှင်ကလေးငယ်ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့တယ်လို့ ဒုဝန်ကြီးက လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။

ဒုဝန်ကြီးဒေါက်တာခင်မောင်လွင် ဦးဆောင်တဲ့ CDM ဆရာဝန်တွေက လွတ်မြောက်နယ်မြေတစ်ခုမှာ မွေးရာပါဦးနှောက်အတွင်း အရည်တွေစုပြုံပြီး ဦးခေါင်းကြီးတဲ့ ရောဂါခံစားနေရတဲ့ ကလေးငယ် တစ်ယောက်ကို အခမဲ့ အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“တော်လှန်ရေးထဲမှာ နိုင်ရာဝင်ကူကြရင်း ဒါလေးတွေနဲ့ပဲ Moti ယူ။ All FOC ပါ။ Congenital Hydrocephalus ပါ။ Ventriculoperitoneal Shunt ထည့်ထားတာပါ”လို့ ဒေါက်တာခင်မောင်လွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေထားပါတယ်။

ဒါအပြင် အခြား ကလေးငယ်တစ်ယောက်ရဲ့ Sacral Meningocele ဖြစ်မှုကိုလည်း ခွဲစိတ်ကုသပေးဖို့ ရှိနေသေးတယ်လို့ ဒေါက်တာခင်မောင်လွင်က ပြောပါတယ်။
“နေရာလွဲနေသလားဆိုတော့လဲမဟုတ်ဘူး။ တလုံးအပိုပါသလားဆိုတော့လဲမဟုတ်ဘူး။ Sacral Meningocele ပါ ။ အခုမှမွေးကာစ ၃ ရက်ပဲရှိသေးတာ ။ကလေး အသက် ၃ လပြည့်ရင်ခွဲပေး မှာပါ”လို့ ပြောပါတယ်။

NUG ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာခင်မောင်လွင်ဟာ မန္တလေး ဆေးတက္ကသိုလ်ပါမောက္ခချုပ်ဟောင်းဖြစ်ပြီး စစ်အုပ်စုရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ မန္တလေး ဆေးတက္ကသိုလ်ကို CDM တက္ကသိုလ်အဖြစ် ကျောင်းရှေ့ဝင်းတံခါးမှာ ဗီနိုင်းချိတ်ဆွဲထားခဲ့တာကြောင့် စစ်အုပ်စု ဖမ်းဆီးဖို့ အမိန့်ထုတ်ခံခဲ့ရတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ခရစ်ယာန်ဘုန်းတော်ကြီးကို အုပ်စုဖွဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့သူတွေကို NUG က စစ်ခုံရုံးဖွဲ့ စစ်ဆေးမည်

ခရစ်ယာန်ဘုန်းတော်ကြီးကို အုပ်စုဖွဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့အပေါ် စစ်ခုံရုံးဖွဲ့ကာ တရားဥပဒေနဲ့အညီ စစ်ဆေးအရေးယူသွားမယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

လူမဆန်စွာ ညှင်းပန်းနှိပ်စက် အသတ်ခံရမှုတွေနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စီပါရွာ ဒေသခံတွေကို စားနပ်ရိက္ခာလှူဒါန်း

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံတွေကို ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်သတ်ဖြတ်ခဲ့တာကို ပြည်သူတွေ စိတ်မချမ်းမြေ့ဖွယ်ရာ မြင်တွေ့ကြားသိခဲ့ရပါတယ်။
Read More

မင်္ဂလာဒုံဆေးရုံ တစ်ခေါက်လိုက်ပို့ရင် ဓာတ်ဆီ ၁၅ ဂါလံ ပေးမယ်လို့ ပရဟိတအသင်းတွေကို စစ်ကောင်စီ ကမ်းလှမ်း

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်း ပရဟိတအဖွဲ့အစည်းတွေကို စစ်ကောင်စီက သူတို့ရဲ့ ဒဏ်ရာရစစ်သားတွေကို  ရန်ကုန် မင်္ဂလာဒုံဆေးရုံ တစ်ခေါက်ပို့ပေးရင် ဆီ ၁၅ ဂါလံ ပေးမယ်လို့ ကမ်းလှမ်းပြောဆိုမှုတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ကျိုက်ဒုံမြို့ မီးသတ်ရုံကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ အမျိုးသမီးတစ်ဦး ဗုံးစထိမှန် သေဆုံး

ကရင်ပြည်နယ် ကျိုက်ဒုံမြို့ကို အကြမ်းဖက်စစ်တပ်က ဒီနေ့ ဇန်နဝါရီ ၂၂ ရက် မနက်အစောပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေကျင် ခမရ ၅၉၈ တပ်ရင်းနှင့် ဝေါမြို့နယ် သူရဲသူမိန်ရွာက စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်၊ စစ်သား ၄ ဦး သေဆုံး

“၅၉၈ မှာ ပြန်တပ်စွဲဖို့ ပြင်နေ၊ ဘန်ကာဆောက်နေတဲ့ စစ်‌ေ-ွးတွေကို လက်နက်ကြီး၊ စနိုက်ပါနဲ့ သွားချတာပါ။ သေဆုံးတွေက ဒေသခံတွေ ပြန်ပြောတာပါ။ အရင် ၅၉၈ ကို တိုက်ပြီးကတည်းက အဲဒီ ဝန်းကျင်ရွာတွေက ပြန်နေလို့မရတော့ပါဘူး။ ပြန်နေလည်း စကစက ပြန်မောင်းထုတ်တဲ့ အခြေအနေတွေပါ” လို့ ပဲခူးခရိုင် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လွတ်လပ်မျှတပါတယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ ယှဥ်ပြိုင်မယ့် ပါတီများ စစ်တပ်ဂုဏ်သိက္ခာ ထိခိုက်အောင် မပြောဖို့ ကန့်သတ်ခံရ

အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောတဲ့နေရာမှာ စစ်တပ် ပြိုကွဲအောင် ဒါမှမဟုတ် စစ်တပ်ရဲ့ ဂုဏ်သိက္ခာထိခိုက်အောင် ပြောဆိုခြင်း မလုပ်ရဘူးလို့ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကန့်သတ်တားမြစ်လိုက်ပါတယ်။