96 Soldiers PDF (ရန်ကုန်တပ်ရင်း ၅၁၀၁)၊ တပ်ခွဲ ၂ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ရှိုင်းလင်း (ခ) ဖီးနစ်ဟာ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ရင်း ဇူလိုင်လ ၂၀ ရက်က ရောဂါနဲ့ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျဆုံးရဲဘော် ရှိုင်းလင်း (ခ) ဖီးနစ်ရဲ့ စျာပနနဲ့ ပတ်သက်လို့ အင်တာနက်လိုင်းနဲ့ စစ်ရေးအခြေအနေအချို့ကြောင့် ဒီနေ့မှသာ မှတ်တမ်းတင်ထုတ်ပြန်နိုင်တာဖြစ်တယ်လို့ 96 Soldiers PDF က ဆိုပါတယ်။

အာဇာနည်ရဲဘော် ရှိုင်းလင်း (ခ) ဖီးနစ်ကို ဇူလိုင်လ ၂၄ ရက်မှာ မြေမြှုပ်သင်္ဂြုလ်ခဲ့ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ရက်မှာ ကျဆုံးတာ တစ်လပြည့်ခဲ့ပြီဖြစ်ပါတယ်။

ကျဆုံးရဲဘော်ဟာ ရန်ကုန်တိုင်းစစ်ဌာနရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်း ရဲဘော်တစ်ယောက် ဖြစ်ပြီး သင်တန်းကာလမှာ တပ်စုမှူးအဖြစ်တာဝန်ပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။

သင်တန်းဆင်းပြီးနောက်မှာလည်း ရဲဘော် ရှိုင်းလင်းဟာ တော်လှန်ရေး ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်ချိန်တစ်လျှောက်မှာလည်း တာဝန်ကျေပွန်တဲ့ ရဲဘော်ဖြစ်တယ်လို့ 96 Soldiers PDF က ထုတ်ပြန်ပါတယ်။

“အာဇာနည်ရဲဘော် ဖီးနစ် ကောင်းရာသုဂတိ လားပါစေ။အောင်မြင်သော တော်လှန်ရေးပန်းအား ကျန်ရစ်ခဲ့သော မင်းမိသားစုဆီသို့ ငါတို့ ဆက်ဆက် ဆက်သပေးမည်ဖြစ်ကြောင်း ကတိသစ္စာ ပြုအပ်သည်” လို့ 96 Soldiers PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ်အနောက်ပိုင်းနှင့် တောင်ပိုင်းကို အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းနဲ့ တောင်ပိုင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ We Love Myaing က အောက်တိုဘာ ၇ ရက် မနေ့ကညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းက စစ်ကောင်စီအထိုင်ချတပ်စွဲထားတဲ့နေရာတွေကို တပြိုင်နက်တည်းတိုက်ခိုက်

မကွေးတိုင်း၊ စလင်းမြို့က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ သုံးခုကို တော်လှန်ရေးအင်အားစုတွေက တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် (၁)တပ်ရင်းက မောင်းကို အတည်ပြုပြောဆိုပါတယ်။
Read More

ဇီးကုန်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို စောင့်ကြိုတိုက်ခိုက်၊ ၄ ယောက်ထက်မနည်း သေ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်က သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ရွှေဂဠုန်စစ်ကြောင်းက ထုတ်ပြန်လာပါတယ်။ 
Read More

အုတ်ဖိုတွင် ​​စစ်​ကောင်စီ စစ်ကြောင်းထိုးကာ စီမံချက်ဖြင့် ပေါ်တာဆွဲနေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ဖို့ ပြင်ဆင်နေပြီး ကျေးရွာတွေမှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ အုတ်ဖိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

ဂန့်ဂေါတွင် ရပ်ကျေးပအဖ တာဝန်ခံ ၁ ဦး စစ်ကောင်စီနှင့် ပူးပေါင်းသွားပြီး အရပ်သားနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေးရန်ပုံငွေတွေကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့ ရပ်ကျေးပအဖ တာဝန်ခံကြောင့် အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံထားရကြောင်း ယောအလင်းတန်းအဖွဲ့ဝင် နွေဦးအလင်းရောင်က မောင်းကို ပြောပါတယ်။
Read More

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်၏ ထောက်ပို့ငွေနှင့် ကျည်ကာအင်္ကျီ၊ ကျည်ကာပလိတ်ပြားနှင့် ကျည်ကာဦးထုပ်များ တပ်ဆင်ခဲ့သည့် ရန်ကုန်တိုင်းစစ်ဌာန

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့ တော်လှန်ရေးရဲဘော်တွေကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်ရဲ့ ထောက်ပို့ငွေနဲ့ ကျည်ကာအင်္ကျီ၊ ကျည်ကာပလိတ်ပြား၊ ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။