မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ လမ်းသွားလမ်းလာ ပြည်သူတွေထံက ဆက်ကြေးကောက်နေတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၇  ယောက် သေဆုံးခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီခဲ့တဲ့ စက်တင်လာ ၂ ရက်၊ မနက် ၉ နာရီဝန်းကျင်အချိန်မှာ မြင်းခြံမြို့၊ ကုက္ကဲအထက်တန်းကျောင်းခွဲမှာ စစ်သားတွေ အထိုင်ချတပ်စွဲပြီး ပြည်သူတွေကို ဆက်ကြေးကောက်နေတယ်လို့ သတင်းရတာကြောင့် ရှေ့ထွက် ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ကာ ပစ်ခတ်ရှင်းလင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုမှာ စစ်သား ၇ ယောက် သေဆုံးခဲ့ပြီး MA3 ၆ လက်၊ ကျည်ဘောက် ၂၀၊ MA5 ၁လက်၊ ၆၀ မမ ၁ လက်၊ 5.56 ကျည် ၉၀၄ တောင့်၊ 9 မမကျည် ၅ တောင့်၊ 60 မမ ၃ ဖူး၊ အိနာဂါ ၂ ဖူး၊ ဓား ၅ ချောင်း၊ လက်ပစ်ဗုံး ၂ လုံး၊ လေးခွ ၂ လက်၊ ဝက်အူလှည့် ၁ ချောင်း၊ ငွေသား ၁၄၉၂၀၀၀ ကျပ်၊ ဖုန်း ၇ လုံး၊ လက်ပတ်နာရီ ၂ လုံးနဲ့ စစ်အသုံးအဆောင် အများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ တိုက်နယ် (၁) အနေနဲ့ ပြည်သူတွေကို အနိုင်ကျင့် လုယက် နှိပ်စက်နေတဲ့ စစ်တပ်ကို ဆက်လက်တိုက်ခိုက် သုတ်သင်ရှင်းလင်းသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

သာယာဝတီခရိုင်၊ တပ်ရင်းအမှတ်(၃၈၀၃) ရဲ့ အပတ်စဉ် (၂/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ သာယာဝတီခရိုင်၊ တပ်ရင်းအမှတ်(၃၈၀၃)၊ အပတ်စဉ် (၂/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၇) ၏ အပတ်စဉ် (၁) သတင်းတန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်အရုံး (KNU) ၊ မြိတ်−ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်အတွင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၇) ရဲ့ အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို မေလ (၂၅) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ်မှ ကုန်ပစ္စည်းများ သယ်ဆောင်ခွင့် ကန့်သတ်လိုက်တာကြောင့် ပြည်သူများ အခက်တွေ့နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ကနေ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို အရေအတွက် ကန့်သတ်လိုက်တာကြောင့် ပခုက္ကူမြို့နယ်က ကုန်စည်စီးဆင်းမှုကို မှီခိုနေရတဲ့ ခရိုင်အတွင်းက ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ညောင်ဦးတွင် စစ်ကြောင်းဆုတ်လာသည့် အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်၊ ၁၅ ဦးသေပြီး အများအပြား ဒဏ်ရာရ…

" ၁၁ရက်နေ့က ကျနော်တို့နဲ့ ထိတွေ့မှု့ဖြစ်ပြီး သူတို့ ပြင်းဒိုင်းမှာ ညအိပ်တယ်။ နောက်နေ့ကျ ပြန်ဆုတ်ပြီး ၁၃ရက်နေ့ကျ တောင်ဇင်းရဲစခန်းကနေပြန်ဝင်လာတယ်။ ၁၄ရက်နေ့ကျ တောင်ဇင်းကိုပြန်ဆုတ်တယ်ပေါ့။ အဲ့မှာ ကျနော်တို့က လမ်းကနေဖြတ်တိုက်ခဲ့တာပါ။" လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူကမောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရေဦးမြို့က စစ်ကောင်စီတပ်ရဲ့ ဂါဝီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဂါဝီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် – DKBA ရဲ့ နှစ် ၃၀ ပြည့် တပ်မတော်နေ့အခမ်းအနား…

ကရင်ပြည်နယ်၊ ဆုံဆည်းမြိုင်ကျေးရွာရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် - DKBA ရဲ့ ဌာနချုပ်မှာ နှစ် ၃၀ ပြည့်တပ်မတော်နေ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ဆီက သိရပါတယ်။